ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

သူ့မှာတမ်း

Unknown | 7:27 PM |
သူတို့အလုပ် ထားခဲ့မြှုပ်သည့်
ဗုံးငုံးတိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
အမောင်ပြောက်ကျား ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ် မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား မိဘအားကို
ဘာများမှာခဲ့ လိုသနည်း။
မွေးသည့်မိခင် မွေးဘခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
ခရီးမတ်တတ် လမ်းခုလတ်တွင်
ကိုယ်လွတ်ရုန်းခွာ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။
ယမ်းငွေ့အူအူ တလူလူနှင့်
မေးမြူကြတုန်း အနောက်ကုန်းတွင်
နေလုံးကွယ်လေ ပြီတကား။ (ဆရာမင်းသုဝဏ်)

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget