ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, January 27, 2013

သာသနာ့တက္ကသိုလ်ကြီးနှစ်ခု

Unknown | 6:35 PM |
တည်နေရာ = မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂-လမ်း၊ ရွှေကျောင်းကြီးအရှေ့ဖက်။
အကျယ်အ၀န်း = ၂၂-ဧက
စတည်တည်ထောင်သည့်နေ့ = ၁၇-၃-၁၉၈၆
စတင်ဖွင့်လှစ်သည့်နေ့ = ၂၁-၈-၁၉၈၆
ကနဦးအလှူရှင် = လူတိုင်းကျောင်းဒကာဖြစ်စေရန်၊ မပင်မပန်းသောအလှူဒါနဖြစ်စေရန်၊ သားစဉ်မြေးဆက် သာသနာ့အမွေဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင် ဒေသအသီးသီးသို့ ကြွရောက်အလှူခံတော်မူကာ တစ်ဦးလျင် ငါးဆယ်ပြားစီ လှူဒါန်းကြသူများ
အပ်နှင်းသည့်ဘွဲ့ = သာသနာ့တက္ကသီလ ဓမ္မာစရိယ (B.A., Buddhism)၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ (M.A., Budddhism) သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D.)
ပညာသင်ရာကာလ = သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့အတွက် သင်တန်းလေးနှစ်၊ နယ်စပ်သာသနာပြု နှစ်နှစ်။
သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့အတွက် သင်တန်းနှစ်နှစ်၊ ကျမ်းပြုသုံးနှစ်၊ နယ်စပ်သာသနာပြု နှစ်နှစ်၊
သာသနတက္ကသီလ ဓမ္မပါရဂူဘွဲ့အတွက် သင်တန်းနှစ်နှစ် (One year for Intensive English Course & One year for Preliminary Course) ၊ ကျမ်းပြုလေးနှစ်။
ပို့ချသည့်ဘာသာရပ် = ၀ိနယဘာသာ၊ သုတ္တန္တဘာသာ၊ အဘိဓမ္မဘာသာ၊ ပါဠိဘာသာ၊ ပိဋကတ်ဆိုင်ရာ မြန်မာဘာသာ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်ဘာသာ၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဘာသာ။
အထက်ပါအချက်အလက်တို့သည် မန္တလေးသာသနာ့တက္ကသိုလ်မှ အချက်အလက်တို့ ဖြစ်ပါသည်။

ရန်ကုန်၊မန္တလေး ဘွဲ့ရသံဃာဦးရေ = Ph.D. ၅ပါး၊ M.A. (Buddhism) ၃၁၉ပါး၊ B.A. (Buddhism) ၁၆၂၁။ ၁၀-ရက် ပဋိပတ်လုပ်ပြီး = ၂၆၀၀ပါး။ ၄၅-ရက် ပဋိပတ်လုပ်ပြီး  = ၄၉၄ ပါး။
သာသနာပြုတာဝန်ထမ်းဆောင်ပြီး = ၁၂၁၆ပါး။
အထောက်အကူပြုသင်တန်းများ =၁။အခြေခံကွန်ပျူတာသင်တန်း၊ ၂။အခြေခံတိုင်းရင်းဆေးသင်တန်း၊ ၃။မဟာစည်ဝိပဿနာတရားစခန်း

ပေးဆပ်ခြင်းနှင့်ရယူခြင်း
၁၃၅၅/ ၁၃၅၆-ပညာသင်နှစ်မှစတင်ကာ တောင်တန်းဒေသ သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ B.A.-စတုတ္ထနှစ်တွင် M.A.မပါရှိပါလျင် တောင်တန်းသို့ကြွကြရသည်။ အစပထမတွင် တစ်နှစ်သာ ကြွစေသော် လည်း ၁၃၅၆/၁၃၅၇-မှစကာ နှစ်နှစ်တာဝန်ပေးခဲ့သည်။ နောက်သောအခါ M.A.ပါရှိသော်ငြား တက္ကသိုလ်တွင် ဆရာအဖြစ်ခန့်ထားခြင်း မခံရသူများကို တောင်တန်းသို့ စေလွှတ်ခဲ့သည်။ ထိုသို့ကြွရောက်ကြရမည့် သင်တန်းသားတိုင်း သာသနာပြုနှစ်ပြည့်မှ ဘွဲ့ပေးသည်။ မကြွလျင် ဘွဲ့မပေးပေ၊ သာသနာပြုစဉ်အတွင်း အထက်မှစစ်သဖြင့် မိမိသာသနာပြုကျရာ ကျောင်းတိုက်တွင် မတွေ့ရှိပါက နောက်ထပ်ဆက်နေမှု ဒဏ်ပေးသည်။ ရောဂါကြောင့် ပျံလွန်တော်မူလျင်လည်း ဘွဲ့ပေးခြင်းမရှိပေ၊ ထို့ကြောင့် တောင်တန်းသာသနာပြု သင်တန်းသားတို့သည် အသက်နှင့်ရင်း၍ သာသနာပြုကြရခြင်းဖြစ်သည်။ ၂၀၀၈-ခုနှစ်တွင် မန္တလေးမှသင်တန်းသား အရှင်နန္ဒ၀ံသ(ရေစကြို)သည် မကွေးတိုင်း၊မင်းလှမြို့နယ်တွင်  အရှင်ပိယဥာဏ(ထားဝယ်)သည် ကရင်ပြည်နယ်တွင် သာသနာပြုတာဝန်ထမ်းဆောင်စဉ်အတွင်း ငှက်ဖျားရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။ ၂၀၁၂-ခုနှစ်၊ဧပြီလကုန်ပိုင်းတွင် ချင်းပြည်နယ်(တောင်ပိုင်း)၊ ပလက်ဝမြို့နယ်တွင် အရှင်ပဏ္ဍ၀ံသ(ကန့်ဘလူ)သည် သာသနာပြုတာဝန်ထမ်းဆောင်စဉ်အတွင်း စစ်တွေဆေးရုံတွင် ငှက်ဖျားရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ဖွင့်လှစ်လာခဲ့သည်မှာ ၁၃၇၄တိုင်အောင်ဆိုလျင် ၂၆-နှစ်ကြာ ခဲ့ပြီဖြစ်သည်။ စဖွင့်ချိန်တွင် ဓမ္မာစရိယတန်းကို အောင်မြင်ပြီးမှ လက်ခံသော်လည်း ၁၃၅၁-ခုနှစ်မှ စတင် ကာ ပထမကြီးတန်း အောင်မြင်သူများကိုလည်း ၀င်ခွင့်ဖြေဆိုခွင့်ပေးခဲ့သည်။ ပုံမှန်အားဖြင့် သီတင်း ကျွတ်နှင့် တန်ဆောင်မုန်းအတွင်း တစ်လအချိန်ပေးကာ မော်ကွန်းထိန်း ရုံးခန်းတွင် လျှောက်လွှာထုတ် ယူခွင့်ပေးသည်။ တန်ဆောင်မုန်းလပြည့်ကျော်တွင် ၀င်ခွင့်စာမေးပွဲဖြေဆိုစေသည်။

ဝင်ခွင့်ကို နှစ်ရက်သတ်မှတ်ပြီး ပထမရက်တွင် ၀ိနယ၊အဘိဓမ္မ၊ဗဟုသုတတို့ဖြစ်ပြီး ဒုတိယရက်တွင် ပါဠိနှင့် အင်္ဂလိပ်တို့ဖြစ်သည်။ ရေးဖြေအောင်မြင်သူများသည် နှုတ်ဖြေ(အင်တာဗျူး)ကို ဆက်လက်ဖြေဆိုရ မည်ဖြစ်ပြီး ဆက်လက်အောင်မြင်လျင် အဆောင်နေခွင့်ရရှိမည်ဖြစ်သည်။ ၀င်ခွင့်ဖြေလိုသူသည် အကြီး တန်း သို့မဟုတ် သကျသီဟ၊စေတီယင်္ဂဏစာမေးပွဲ၏ စာသင်တန်းတစ်ခုခု အောင်မြင်ပြီးသူဖြစ်ရမည်။ သက်တော်-၃၀၊ ၀ါတော်-၁၀-၀ါအတွင်းဖြစ်ရမည်။ ဥပဓိသမ္ပတ္တိပြည့်စုံရမည် (ကိုယ်အင်္ဂါမချွတ်ယွင်းရ) ။ အောက်ပါဇယားကို အနည်းငယ်ဖေါ်ပြပါမည်။ မိမိသိသလောက်မျှသာဖြစ်ပါသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)
သာသနတက္ကသီလဓမ္မာစရိယ BA(Buddhism) စတုတ္ထနှစ်အောင်မြင်ပြီး
နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များစာရင်း
စဉ်
ဘဲ့တော်
တိုင်း/ပြည်နယ်
မြို့နယ်
သာသနာပြုဌာန
အရှင်အဂ္ဂဥာဏ
စစ်ကိုင်းတိုင်း
လေရှီး
လှံကိုင်လှ
အရှင်အာစာရ
ချင်းပြည်နယ်
ကန်ပက်လက်
ရဲဘုံ
အရှင်ဣန္ဒက
ရှမ်း
ကွတ်ခိုင်
ကောင်းခါး
အရှင်ဣန္ဒသိရီ
ချင်း
ပလက်ဝ
ဆင်အိုးဝ
အရှင်ဣန္ဒာစရိယ
စစ်ကိုင်း
လဟယ်
မွန်တုံးလောင်ပ
အရှင်ဣဒ္ဓိက
စစ်ကိုင်းတိုင်း
လဟယ်
လောင်ငေါက်
အရှင်ဥပါလိ
ကရင်ပြည်နယ်
ဘားအံ
ဗဟို
အရှင်ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်
ဘူးသီးတောင်
ကုလားဂေါင်း
အရှင်ကေတုမာလာ
စစ်ကိုင်းတိုင်း
လေရှီး
၂၁-မိုင်
၁၀
အရှင်ကေလာသ
ရခိုင်ပြည်နယ်
ဘူးသီးတောင်
ကျွဲရိုင်း
၁၁
အရှင်ကောသလ္လ
ချင်းပြည်နယ်
မင်းတပ်
ပလုံတွီ
၁၂
အရှင်ခေမာစာရ
ရခိုင်
ဘူးသီးတောင်
ပိန္နဲကြီး
၁၃
အရှင်စန္ဒန
ချင်း
မတူပီ
လိုင်လင်ပီ
၁၄
အရှင်စိန္တိတ
ချင်း
ပလက်ဝ
တိန်းလက်
၁၅
အရှင်ဇ၀န
ချင်းပြည်နယ်
တီးတိန်
ဗန်တဲ့
၁၆
အရှင်ဇောတိက(ချောင်းဆုံ)
စစ်ကိုင်း
လဟယ်
ကျားဝမ်နောက်ပေါက်
၁၇
အရှင်ဇောတိက(ညောင်ဦး)
ချင်းပြည်နယ်
ကန်ပက်လက်
စပ်စံကျင်း
၁၈
အရှင်ဇောတိပါလ
ရခိုင်ပြည်နယ်
ကျောက်တော်
ခရုသိုက်
၁၉
အရှင်ဥာဏိဿရ
ချင်းပြည်နယ်
ပလက်ဝ
ပေါင်မိုဝ
၂၀
အရှင်ဓမ္မနန္ဒ
ရခိုင်ပြည်နယ်
ကျောက်တော်
ဇင်းချောင်း
၂၁
အရှင်ဓမ္မာနန္ဒာလင်္ကာရ
စစ်ကိုင်းတိုင်း
နန်းယွန်း
ရောင်ကွန်
၂၂
အရှင်နန္ဒ
စစ်ကိုင်းတိုင်း
လေရှီး
ရော်ပါးမီ
၂၃
အရှင်နန္ဒိယ(စဥ့်ကိုင်)
ရခိုင်ပြည်နယ်
အမ်း
မင်းတည်
၂၄
အရှင်နန္ဒိယ(ပင်းတယ)
ချင်းပြည်နယ်
မင်းတပ်
လှေ့ချမ်း
၂၅
အရှင်နိဝါတ
ချင်းပြည်နယ်
မတူပီ
ဇာကမ်း
၂၆
အရှင်နန္ဒောဘာသ
ချင်း
မင်းတပ်
အွယ်ရေး
၂၇
အရှင်ပညာသာရ
ချင်း
ပလက်ဝ
ဆက်လိုင်ဝ
၂၈
အရှင်ပညာဒီပ
ရခိုင်
ရသေ့တောင်
ဗောဓိကိုင်း
၂၉
အရှင်ပဏ္ဍိတ
ရခိုင်
မြေပုံ
ပဲကောက်ကျောက်တန်း
၃၀
အရှင်ပဏ္ဍိစ္စ(နွားထိုးကြီး)
ချင်း
မင်းတပ်
ဆာဒူး
၃၁
အရှင်ပဏ္ဍိစ္စ(ရမည်းသင်း)
စစ်ကိုင်း
လဟယ်
မွန်နောက်ပြောင်
၃၂
အရှင်ပညောဘာသ
ချင်း
ပလက်ဝ
ငမြင်းသောင်
၃၃
အရှင်ပုညာနန္ဒ
ချင်း
မင်းတပ်
ရောင်လောင်း
၃၄
အရှင်ဗုဒ္ဓသေဋ္ဌ
ရခိုင်
အမ်း
ခွဆုံ
၃၅
အရှင်မဏိသာရ
ချင်း
ပလက်ဝ
မောင်ရွာ
၃၆
အရှင်မနောဓမ္မ
ချင်း
ပလက်ဝ
အထက်ဗလိုင်
၃၇
အရှင်ဝိမလ
ချင်း
တွန်းဇံ
ဗဟို
၃၈
အရှင်သိရိန္ဓရ
စစ်ကိုင်း
လဟယ်
လောင်တန်း
၃၉
အရှင်သီရိန္ဒရ
ချင်း
မင်းတပ်
ကျော့တော်
၄၀
အရှင်သုဇာတ
ချင်း
မင်းတပ်
လွှာ
၄၁
အရှင်သေဋ္ဌိလ
ချင်း
ကန်ပက်လက်
မခုံတွီ
အထက်ပါ သံဃာတော်များသည် မိမိတို့တာဝန်ကျရာ ဌာနအသီးသီးသို့ ၁၃၇၄-ခု၊ နတ်တော်လပြည့်ကျော် ၆- (၃-၁-၂၀၁၃) ရက်အရောက် ကြွကြရမည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ကြောင်း အစီရင်ခံစာကို သက် ဆိုင်ရာ ဗဟိုခေါင်းဆောင်ဆရာတော်၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် သာသနာရေးမှူးတို့၏ ထောက်ခံချက်နှင့်အတူ ထေရ၀ါဒဗုဒ္ဓသာသနာပြုသြ၀ါဒါစရိယအဖွဲ့၊ ကမ္ဘာအေး၊ ရန်ကုန်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

၁၃၇၄တွင် သင်ကြားစီမံဆရာတော်များ၊ သင်တန်းသားများ၊ ပြင်ပပညာရှင်များမှာ ရန်ကုန်တွင် ၄၄၉-ပါး၊ မန္တလေးတွင် ၃၇၄-ပါး ရှိသည်။ အထက်ပါအရေအတွက်စာရင်းတို့သည် ၁၃၇၄-ခုနှစ်အထိသာဖြစ်ပါသည်။

ရးချင်လွန်းသဖြင့်သာ ရေးလိုက်ပါသည်။ အမှားပါလျှင် ပြန်လည်ပြင်ဆင် ထောက်ပြပေးပါ၊ မိမိရေးသားသူ ပြန်လည်ပြင်ဆင်ပါမည်။ Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget