ကရင်လူမျိုးတို့သည် အခြားသောလူမျိုးစုများကဲ့သို့
လူမျိုးစု၊စကားစု၊စာပေစုရှိသည်။ ကရင်လူမျိုးတို့၏ စာပေကို ခေတ်အားဖြင့်
သုံးပိုင်းခွဲခြားနိုင်သည်။
ပထမခေတ်
ရှေးပဝေသဏီမှစ၍ ၁၈၃၇-ခုနစ်ကာလထိကို ပထမခေတ်ဟု သတ်မှတ်ပါသည်။ စာပေကို စက်တင်ပုံနှိပ်မှု မပြုမီခေတ်၊လင်္ကာခေတ်ဟုလည်း ဆိုနိုင်ပါသည်။ ပထမခေတ်တွင် စကောကရင်တို့၏ ခလိဘိုးစာရေးနည်း စနစ်၊ ပိုးကရင်တို့၏ လိပ်ဆန်ဝှေ့စာရေးနည်းစနစ် ရှိခဲ့သည်ဟုလည်း ယုံကြည့်ပြောဆိုကြသည်။ ၁၉၂၀၊ ဘားအံ၊ကြားတောရကျောင်း၊ဆရာတော်နဲာဒီအွာခေါ် ဦးပရမ၏ သုတလင်္ကာကျမ်းပေမူတွင် ``အင်းဝနေပြည်တော်တွင် ရဟန်းပြု၍ စာပေသင်ကြားခဲ့သော (ထိုဆရာတော်ကို ကရင်လူမျိုးတို့တွင် ပထမဆုံးဗုဒ္ဓဘာသာဖြစ်သူဟု ဆိုသည်) ပိုးကရင်အမျိုးသား ဘုန်းတော်ကြီး ဖူးတာမိတ်ခေါ် ဦးနန္ဒ္ဒမာလာသည် ကော့ကရိတ်၊ကျုံဒိုးအနီး၊ ဂျိုင်းကျောင်းတွင် သီတင်းသုံးစဉ် မြန်-၁၁၁၁၊ခရစ်-၁၇၅၀၊တွင် မွန်အက္ခရာကိုအခြေံသော ဗျဉ်း၊သရသစ်များကို လိုသလို တီထွင်၍ ပိုးကရင်အသံထွက်ဖြင့် ရေးနိုင်သည့် ဗိန္ဓုကော်ကျမ်းကို ပေမူတွင် ရေးခဲ့သည်´´ဟု ဆိုထားသည်။
မှတ်ချက် = ယင်းဦးနန္ဒမာလာတီထွင်ခဲ့သော အက္ခရာဖြင့် ရေးသားထားသောကျမ်းများကို ပေမူဖြင့် ကရင်ပြည်နယ် ဘုန်းတော်ကြီးကျောင်းများတွင် တွေ့နိုင်သည်။ စမိတန်နှင့်မာရှယ်တို့ကမူ ထုံးစံအတိုင်း အနောက်တိုင်းသားတို့နှင့် မတွေ့မီအထိ ကရင်အမျိုးသားတို့ တီထွင်သောစာပေမရှိဟု ဆိုသည်။ ဤစကားကို ကြိုက်သူများ ရှိကောင်းရှိပါလိမ့်မည်။
ပထမခေတ်ဟု သတ်မှတ်လိုက်ရသော ကရင်စာပေကို ရှေးခေတ်ကရင်စာပေဟု ခေါ်ဆိုနိုင်ပါသည်။ အကြောင်းအရာများကို လင်္ကာဖြင့် စီကုံးထားသည်။ ပထမခေတ်အစောပိုင်းတွင် စာဖြင့်ရေးသားထားသော ကရင်စာကိုမတွေ့ရပဲ သဒ္ဒါစည်းကမ်း၊ကဗျာစည်းကမ်းနှင့်အညီ စပ်ဆိုထားသော ထား-ဟု ခေါ်သည့် ပျို့၊ကဗျာ၊လင်္ကာ၊တေးသီချင်းအများအပြားရှိသည်။ စကားပြောဆိုရာတွင် ကတ္တား၊ကြိယာ၊ကံ အစဉ်အတိုင်းဖြစ်၍ ကဗျာစပ်ဆိုရာတွင် များသောအားဖြင့် ခုနစ်လုံးတစ်ပိုဒ်စပ်ဆိုကြသည်။
ကရင်လူမျိုးတို့ စကားပြောဆိုရာတွင် စကားဖို၊စကားမခွဲပြောတတ်ကြသည်။ အပျော်တမ်းသီချင်းများ၊ လွမ်းချင်း၊ တမ်းချင်းများ၊ ပြဿနာအမေးအဖြေသီချင်းများ၊ သီချင်းကြီး၊ ဇာတ်နိပါတ်များ၊ ရာဇ၀င်သမိုင်းများဟူ၍ အမျိုးအစားများစွာရှိသည်။ ထို့အပြင် စကားထာသီချင်းများ၊ ပဟေဠိများ၊ စကားပုံများ၊ ရှေးသူဟောင်းတို့၏စကားများ၊ အိပ်ယာဝင်ပုံပြင်များ၊ သူရဲကောင်းဒဏ္ဍာရီများ၊ စကားပရိယာယ်များ၊ စကားချိတ်၊ စကားချူ၊ စကားလှ၊ စကားတောင်း၊ စကားချေ၊ စကားတင်စသည့် အမွေအနှစ်များကို သက်ကြီးရွယ်အို အဖိုးအဖွားများအထံမှ နှုတ်တက်အာဂုံလက်ဆင့်ကမ်း သယ်ဆောင်လာကြသည်။ ထိုကဗျာ၊လင်္ကာ၊တေးသီချင်းများသည် ကရင်လူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှု၊ ရောက်ရှိနေထိုင်ခဲ့သောအရပ်၊ လူမှုအဖွဲ့အစည်း၊ လူမှုရေးစည်းကမ်း၊ ဓလေံထုံးတမ်း၊ စိတ်နေသဘောထားတို့ကို ဖေါ်ပြသည်။
ပထမခေတ်ကုန်ခါနီး ၁၈၃၂-တွင် ခရစ်ယန်ကျမ်းစာများကို စကောကရင်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုရန် ဒေါက်တာဂျိုနသန်ဝိတ်သည် မြန်မာအက္ခရာကိုမှီး၍ စကောကရင်အသံထွက်စာရေးနည်းစနစ်ကို တီထွင်ခဲ့သည်။ ထို့နောက် နှစ်အနည်းငယ်အတွင်း၌ ဂရိနှင့် ရောမအက္ခရာကိုသုံး၍ ပိုးကရင်အသံထွက်စာရေးနည်းကို ၄င်းပင်တီထွင်ခဲ့ပြန်သည်။ ၁၈၃၅-တွင် မစ္စတာဘင်တင် ဦးစီး၍ ခရစ်ယန်ဘာသာရေးသင်တန်းများကို ကရင်ဘာသာဖြင့် ပို့ချခဲ့သည်။ ပထမခေတ် ကုန်ခါနီးတွင် မိရိုးဖလာတေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဝါဒ အတွေးအခေါ်လွှမ်းမိုးလာသည်ကို တွေ့ရသည်။ ထိုခေတ်ဗုဒ္ဓဘာသာကျမ်းစာပိဋကတ်များကို မွန်အက္ခရာမှတစ်ဆင့် ပိုးကရင်ဘာသာသို့ လင်္ကာစပ်ဆိုနည်းဖြင့် ဘာသာပြန်လာသည်ကို တွေ့ရသည်။
ဒုတိယခေတ် (သို့) စကားပြေခေတ်
ဒုတိယခေတ်တွင် စာပေကိုစက်တင်ပုံနှိပ်ခဲ့ကြသသည်။ ထိုတွင် ပရိသတ်အားကောင်းခြင်း ခိုင်ခံ့သော ဘာသာအယူအဆ၀ါဒရှိခြင်း ဂန္ထ၀င်မြောက်စာပေများ ကျမ်းပြုစုသူများ ပေါ်ထွက်လာခြင်းစသော ဂုဏ်အင်္ဂါတို့နှင့်ညီသော အင်အားကြီးအဖွဲ့ နှစ်ဖွဲ့ရှိသည်။ ယင်းတို့မှာ ပိုးကရင်ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ နှင့် အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့တို့ဖြစ်သည်။
ခရစ်ယန်စာရေးဆရာနှင့်စာအုပ်များ
၁။ဖူးတာမိတ် (ခ) ဦးနန္ဒမာလာ = ရေးသားသောစာများကို ယနေ့ခေတ်တွင် မျက်မြင်မပြနိုင်သေး
၂။ဦးစိန္တာက၀ိ =၁၀ ကျမ်းပြုစုခဲ့သည်။ယင်းတို့မှာ-
နဲာပညာ= ဦးစိန္တာက၀ိ၏ တပည့်ဖြစ်သည်။ ၁၆ကျမ်းပြုစုခဲ့သည်။ ယင်းတို့မှာ -
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့သည် ဗုဒ္ဓဘာသာပိုးကရင်စာပေတို့ကို ပေပေါ်တွင်ရေး၍ ကျောင်းတွင်း၌သာ သုံး၍ လူထုသို့မဖြန့်ခဲ့သဖြင့် လူအများသို့မတွင်ကျယ်ခဲ့ပေ၊ အမေရိကန်နှစ်ခြင်းသာသနာပြု ပုဂ္ဂိုလ်များကမူ စကောကရင်၊ပိုးကရင်နှစ်မျိုးလုံးတို့ဖြင့် ပြုစု၍ ပုံနှိပ်စက်ဖြင့် လိုသလောက် လူထုသို့ဖြန့်ခဲ့သဖြင့် လူသိများတွင် ကျယ်ခဲ့သည်။
တတိယခေတ်
တတိယခေတ်ကို ၁၉၆၂၊မတ်လနောက်ပိုင်းဟု သတ်မှတ်နိုင်ပါသည်။ ထိုကဲ့သို့သောအချိန် တွင် တော်လှန်ရေးကောင်စီသည် တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို ဖေါ်ထုတ်ရန် အထူးဦးစားပေးခဲ့သည်။ ၁၉၆၄-တွင် ကရင်ယဉ်ကျေးမှုပိုင်းမှ ပုဂ္ဂိုလ်များသည် ``ကရင်စာပေဖေါ်ထုတ်ရေးကော်မတီ(ဘားအံ)´´ကို တည်ထောင်ခဲ့သည်။ တတိယခေတ်တွင် ထွန်းကားသောစာပေများမှာ ဒုတိယခေတ်နှင့်မတူပေ။
၁၈-ရာစုတွင် ကရင်လူမျိုးတို့၏ စာရေးနည်းပညာရှိလောက်ပြီဟု ယူဆနိုင်သည်။ ၁၈၃၂-တွင် စကောကရင်တို့သည် မြန်မာအက္ခရာကိုမှီး၍ စာရေးနည်းရရှိနေပြီဟု တိတိကျကျဆိုနိုင်သည်။ ၁၉-ရာစုတွင် မိရိုးဖလာဘာသာစကား၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ခရစ်ယန်ဝါဒလွှမ်းမိုးလာ သည်။ ဗုဒ္ဓဘာသာအယူဝါဒ လွှမ်းမိုးချိန်ကို တိတိကျကျမပြောနိုင်သေးပေ၊ လင်္ကာဖြင့်မှတ်တမ်း တင်သော ထိုခေတ်ကို လင်္ကာခေတ်ဟုဆိုသည်။
၁၈၃၇-၊ဒုတိယခေတ်တွင် ကရင်ဘာသာစာပေကို စက်တင်ပုံနှိပ်သည်။ စကားပြေခေတ်ဟုခေါ် သည်။ တတိယခေတ်တွင် လူတိုင်းစာတတ်မြောက်ရေးအတွက် အားတက်သရော ကျိုးပန်းလာ ကြသည်။ ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ဆိုနိုင်သည်။
ကရင်စာရေးနည်းအတတ်ပညာ
မြန်မာနိုင်ငံဖွား ရှေးခေတ်ပျူ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ပလောင်၊ ပဒေါင်၊ မွန်၊ မြန်မာ၊ လားဟူလူမျိုးတို့သည် တရုတ်၊တိဗက်စကားအုပ်စုတွင် ပါဝင်သည်။ ယင်းတို့အသုံးပြုနေသော အက္ခရာဇာစ်မြစ်သည် ဘီစီ ငါးရာစု၊ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံသော ဗြဟ္မီအက္ခရာနှင့် ရှေးခေတ် လက်တင်လူမျိုးတို့ အသုံးပြုသော ရောမအက္ခရာဟု နှစ်မျိုးတွေ့နိုင်သည်။ ယင်းနှစ်မျိုးလုံးသည် အင်ဒိုအာရိယန်စကားအုပ်စုနွယ်ဝင် လက်တင်လူမျိုးများနှင့် အိန္ဒိယတိုင်းရင်းသားတို့က တီထွင်ခဲ့ သည်။
ပျူ၊မွန်၊မြန်မာ၊ရှမ်း၊ ကရင်၊ပိုး၊စကော၊ပအိုဝ့်စကားများမှာ ဒေသဆိုင်ရာဗြဟ္မီအက္ခရာများဖြစ်သည်။ ကချင်၊တီးလိမ်ချင်း၊ လားဟူနှင့် ဗရင်ဂျီဘာသာဝင် သံတောင်မြောက်ပိုင်းကရင်နှင့် ဗရင်ဂျီဘာသာ ၀င် ဖာပွန်နယ်စကောကရင်အက္ခရာ များမှာ ဒေသဆိုင်ရာရောမအက္ခရာများဖြစ်သည်။
ကရင်လူမျိုးတို့၏ အဆိုများကို ဆန့်ကျင်၍ မာရှယ်၊စမီတန်၊မက္ကမဟွန်တို့က ဒေါက်တာဂျိုနသန် ၀ိတ်မတိုင်မီ ကရင်စာပေမရှိခဲ့ဟု ဆိုကြသော်လည်း မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ ပြန့်နှံ့နေ ထိုင်ရာဒေသ၊ မြန်မာနိုင်ငံသို့ လူမျိုးများရောက်ရှိလာပုံသမိုင်း၊ မွန်+မြန်မာအက္ခရာသမိုင်း၊ စာပေ သမိုင်း၊ ဗုဒ္ဓဘာသာအယူဝါဒများ ရောက်ရှိလာပုံ သမိုင်း၊ ကရင်နှင့်မွန်တို့၏ ဘာသာစကား၊ စာပေ များ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ၊ တေးသီချင်း၊ကဗျာ၊လင်္ကာ၊ ပုံပြင်၊ဒဏ္ဍာရီများကို ထောက်ဆ ၍ ယင်းတို့သည် ရိုးသားစွာပြောဆိုရေးသားခြင်း၊ သေချာစွာလေ့လာပြီးမှ ရေးသားခြင်း မဖြစ်နိုင် ဟုမှတ်ယူရမည်။ စင်စစ် ပေမူများကို ထိန်းသိမ်းသူတို့က ထိန်းသိမ်းမှုအားနည်းသောကြောင့်သာ ယနေ့ခေတ်တွင် မမြင်တွေ့ ရခြင်းဖြစ်မည်ဟု မှတ်ယူမိပါသည်။ ၁၈၃၂-ထက်စော၍ စာရေးနည်း တစ်ခုခု ရှိပါလိမ့်မည်။ လက်တွေ့မပြနိုင်သောအရာတိုင်း မရှိနိုင်ဟု မမှတ်ယူသင့်ပေ။
မွန်တို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ မုတ္တမပင်လယ်ကွေ့သို့ ဘီစီနှစ်ရာစုခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်နေထိုင်ခဲ့သည်။ ခရစ်နှစ် လေးရာစုခန့်တွင် သုဝဏ္ဏဘူမိသို့ ဗုဒ္ဓသာသနာတော် ရောက် ရှိနေပြီဖြစ်သည်။ ခြောက်ရာစုတွင် စာပေရေးသားနည်းကိုရရှိခဲ့ပြီဖြစ်သည်။
ကရင်တို့သည် အေဒီခုနစ်ရာစု-ရှစ်ရာစုတွင် တောင်ငူအရှေ့ဘက်မှ ၀င်ရောက်လာကြသည်။ ထို့ကြောင့် ဗုဒ္ဓစာပေများ ထွန်းကားနေပြီဖြစ်သော မွန်တို့နှင့် ထိုအချိန်တွင် တွေ့ထိဆက်ဆံ ရမည်မှာ ဧကန်ဖြစ်သည်။
ကရင်စာရေးနည်းစနစ်ကိုးမျိုး

- ၁။၁၈၃၇ - တောင်ထိပ်ပေါ်မှဓမ္မဒေသနာကျမ်း - စကောကရင်ဘာသာဖြင့်
- ၂။၁၈၄၂ - အရုဏ်ကြယ်မဂ္ဂဇင်း - စကောကရင်ဘာသာဖြင့်
- ၃။၁၈၄၆ - ကရင်အင်္ဂလိပ်ဝေါဟာရကျောင်းသုံးစာအုပ် - စကောကရင်ဘာသာဖြင့်
- ၄။၁၈၄၉ - စကောကရင်+အင်္ဂလိပ်အဘိဓာန် - ဘန်းနက်အမှာစာရေး၊ရေးသူ=ဒေါက်တာဂျိုနသန်ဝိတ်
- ၅။၁၈၄၃ - သမ္မာကျမ်းစာ(စကောကရင်ဘာသာဖြင့်) ဒေါက်တာမေဆန်
- ၆။၁၈၅၁ - သမ္မာကျမ်းစာ(ဓမ္မဟောင်း-စကောကရင်ဘာသာဖြင့်) - ဒေါက်တာဂျိုနသန်ဝိတ်
- ၇။၁၈၄၇ - စယောဟန်ကျမ်းနှင့်တမန်တောဝတ္ထု - ဘူးလဒ်
- ၈။၁၈၅၁ - ပိုးကရင်သဒ္ဒါကျမ်း - ဒေါက်တာမေဆန်
- ၉။၁၈၅၁ - သမ္မာကျမ်းစာ(ဓမ္မသစ်-ပိုးကရင်ဘာသာဖြင့်) - ဒေါက်တာဘရေတန်
- ၁၀။၁၈၈၄ - သမ္မာကျမ်းစာတစ်ခုလုံး(ပိုးကရင်ဘာသာဖြင့်) - ဒေါက်တာဘရေတန်
- ၁၁။၁၉၁၅ - အသိပညာကဏ္ဍများ(လေးတွဲ-စကောကရင်ဘာသာဖြင့် - ဒေါက်တာဂျိုနသန်ဝိတ်
- ၁။ကရင်သမိုင်း - ဆရာကြီးဦးအောင်လှ
- ၂။ကရင်ဖားစည် - သရာဘူမူ (ခ) ဖိုးတော်ဦး
- ၃။ကရင်နှစ်သစ်ကူးပွဲ - ဆရာကြီးဦးလွန်းရွှေ
- ၄။ကရင်လူမျိုးတို့၏ ရိုးရာဓလေ့များ - ဒေါက်တာတီသံပြား
- ၅။ကျောင်းသုံးစာအုပ် (အမျိုးမျိုး) - ဆရာကြီးဦးဖိုးလင်းတေး၊ ဆရာကြီးဦးမိုလို၊ စောတောက်၊ ဦးဘထွန်းတင်စသောပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်စသော ပိုးကရင်စာရေးဆရာများ
- ၁။တာကပေါ်-အလင်းရောင် = လာဒါဒွေး
- ၂။လဲဆူးညား-ရှေ့သို့မဂ္ဂဇင်း = ပက်ဒရီဒူ
- ၃။ဆာထူဝေါ-အရုဏ်ကြယ် = ဆရာပန်းဖြေ
- ၄။ဖိုးသာအဘိုး-ကလေးသူငယ်များ၏မိတ်ဆွေ = စောကေပ
- ၅။ပဟိပဟွော-သည်ဟုမ်း(The home) = ဆရာမကြီး အက်ဒစ်ဖြူ
၁။ဖူးတာမိတ် (ခ) ဦးနန္ဒမာလာ = ရေးသားသောစာများကို ယနေ့ခေတ်တွင် မျက်မြင်မပြနိုင်သေး
၂။ဦးစိန္တာက၀ိ =၁၀ ကျမ်းပြုစုခဲ့သည်။ယင်းတို့မှာ-
- ၁၈၇၁ - သိင်ယါန်းလက္ခဏာ-ရာမလက္ခဏာ (ဤကျမ်းကို တပည့်များဖြစ်သော နဲာပညာနှင့်နဲာစန္ဒာဝရတို့နှင့် တွဲဖက်ရေးသည်)
- ၁၈၈၀ - ဒ၀်သင့်ဂဟး-ရဟန်းဆုံးမစာ
- ခါထ၀့်မု့လီ-မူလဆုံးမစာ
- မု့လမု့လီ-မူလဆုံးမစာအဘိဓမ္မာ
- ၁၈၈၃ - နဲာမိက်ကုမ္မာ-နေမိကုမ္မာအကြောင်း
- ၁၈၈၄ - ၀ဏ္ဏကုမ္မာဝတ္ထု၊ ဆာလ်ုဝါန်၊ မိက်ဍုင်ကေ၀်ထ၀်၊က်ုဆာန်အွာ-ဆဒ္ဒန်ဆင်မင်းဝတ္ထု၊ သင့်ဂဓးခုက်သင့်၊
နဲာပညာ= ဦးစိန္တာက၀ိ၏ တပည့်ဖြစ်သည်။ ၁၆ကျမ်းပြုစုခဲ့သည်။ ယင်းတို့မှာ -
- ၁၈၇၁ - ရာမလက္ခဏ
- ၁၈၈၀ - ဇ၀်သင့်ဂဟး-ရဟန်းဆုံးမစာ၊ ခ္ဂါထင့်မု့လာမု့လီ-မူလဆုံးမစာ
- ၁၈၈၂ - မူလဆုံးမစာအဘိဓမ္မာ
- ၁၈၈၃ - နဲာမိက်ကုမ္မာသိနဲာမိက်-နေမိကုမ္မာကျမ်း
- ၁၉၀၁ - သိင်သုက်ကာယာ-ရာမမင်းနှင့်ရုပ်တရား၊ ဘိင်းမာဖိင့်မကိုလိုဝ်ကျာ်-ယသော်ဓယာဘုရားကန်တော့၊ ဏ၀့်သ၀်မူး-ဘိက္ခုနီမ၊ အီတာလီ-သားရှင်ပြုဝတ္ထု၊ ဓ၀်စာသိင်၊ လိက်ဝါကျာ်ကိုဝ်မိင်-ဘုရားရှိခိုးအမျိုးမျိုး၊ ပု၊အှ်ကိုဝ်မိင်- တရားပဒေသာအမျိုးမျိုး၊ ဗျးဝိဗျးတ၊ ကာလုတာ-ကာဠုဒါယီအမတ်
- ၁၉၂၅ - လိက်ပုံဖိနတ္ထ-ဇိနတ္ထပကာသနီကျမ်းမှတ်ချက်
- ၁၉၂၈ - ဘုရားနှင့်တိတ္ထိတန်ခိုးပြိုင်ခန်း
- ၁၉၀၀ - မူရဓး-မဟောသဓ၊
- ၁၉၀၃ - ပူရိတုတ်-ဘူရိဒတ်နဂါးမင်း၊ စန္ဒကုမ္မာ၊ နာရဓး-နာရဒ၊ ၀ိဒူရ-၀ိဒူရအမတ်၊ ၀ိသန္တ၀်-ဝေဿန္တရာဇာတ်၊
- ၁၉၀၄ - လိက်ဍုံဆီဃှူ့-၁၆တိုင်းကျမ်း
- ၁၉၄၃ - ခလောက်မြို့ဘုရားသမိုင်း
- ၁၉၄၉ - ၀ိနည်း၊ ရဟန်းကျင့်ဝတ်၊
- ၁၉၅၀ - ကရင်ရာဇ၀င်၊ ဓမ္မစကြာပါဠိအနက်၊ မင်္ဂလသုတ်ပါဠိအနက်၊ ကောသလမင်းအိမ်မက်အကျယ်နှင့် တရားပေါင်းချုပ်ကျမ်း၊
- ၁၉၅၁ - ဒူဝေသမိုင်း
- ၁၉၅၄ - ရတနာရွှေချိုင့်နှင့်နမက္ကာရပါဠိအနက်၊
- ငါးရာ့ငါးဆယ်နိပါတ်၊ စကားတောင်းစား၊ မယ်ဥသျှစ်၊ လေးပွင့်မယ်၊ ကျန်စစ်သား၊ ကထိန်အမေးအဖြေ၊ ဥပ္ပလ၀ဏ်အတိတ်ဝတ္ထု၊ ဗုဒ္ဓဒေသစာရီကြွခန်း၊ ဒုံရင်းရာဇ၀င်၊ မဟာဒုဂ်ဇာတ်၊ ဥပက-ဆာဝါ၊ ဒေ၀ဒတ်-အဇာတသတ်၊ အင်္ဂုလိမာလ၊ အနာထပိဏ်သူဌေး၊ မစ္ဆရိယသူဌေး၊ ပဋာဒါသ၊ ဥတေန၊ သစ္စာလေးပါး၊ တဘောင်များစသောကျမ်းအမျိုးမျိုး။
- လဲကယ်ဘာသာဝင်ပိုးကရင်စာပေသည် လိုက်ထောထု-ဟုခေါ်သော ကျမ်းစာ၂၆-ကျမ်းဖြစ်သည်။ လိပ်ဆန်ဝှေ့အက္ခရာဖြင့် ပုရပိုက်ပေါ်တွင် ရေးထားသည်။ ကျမ်းပြုဆရာနှင့် ကျမ်းပြီးနှစ်ကို မဖေါ်ပြထားပေ။ လိပ်ဆန်ဝှေ့စာရေးနည်းကို ၁၈၄၆-တွင် ဘားအံ၊ဦးမောယိုင်သည် အထက်ရေတံခွန်ကျောင်းတွင် သွားရောက်တီထွင်ခဲ့သည်ဟု အဆိုရှိသည်။ ထို၂၆-ကျမ်းသည် လဲကယ်ဘာသာဝင်များ ဖါတ်ရှုရန်သာဖြစ်သည်။ ဂိုဏ်ချုပ်တည်ရာမှာ ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊နှစ်ခြားကျေးရွာဖြစ်သည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့သည် ဗုဒ္ဓဘာသာပိုးကရင်စာပေတို့ကို ပေပေါ်တွင်ရေး၍ ကျောင်းတွင်း၌သာ သုံး၍ လူထုသို့မဖြန့်ခဲ့သဖြင့် လူအများသို့မတွင်ကျယ်ခဲ့ပေ၊ အမေရိကန်နှစ်ခြင်းသာသနာပြု ပုဂ္ဂိုလ်များကမူ စကောကရင်၊ပိုးကရင်နှစ်မျိုးလုံးတို့ဖြင့် ပြုစု၍ ပုံနှိပ်စက်ဖြင့် လိုသလောက် လူထုသို့ဖြန့်ခဲ့သဖြင့် လူသိများတွင် ကျယ်ခဲ့သည်။
တတိယခေတ်
တတိယခေတ်ကို ၁၉၆၂၊မတ်လနောက်ပိုင်းဟု သတ်မှတ်နိုင်ပါသည်။ ထိုကဲ့သို့သောအချိန် တွင် တော်လှန်ရေးကောင်စီသည် တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို ဖေါ်ထုတ်ရန် အထူးဦးစားပေးခဲ့သည်။ ၁၉၆၄-တွင် ကရင်ယဉ်ကျေးမှုပိုင်းမှ ပုဂ္ဂိုလ်များသည် ``ကရင်စာပေဖေါ်ထုတ်ရေးကော်မတီ(ဘားအံ)´´ကို တည်ထောင်ခဲ့သည်။ တတိယခေတ်တွင် ထွန်းကားသောစာပေများမှာ ဒုတိယခေတ်နှင့်မတူပေ။
၁၈-ရာစုတွင် ကရင်လူမျိုးတို့၏ စာရေးနည်းပညာရှိလောက်ပြီဟု ယူဆနိုင်သည်။ ၁၈၃၂-တွင် စကောကရင်တို့သည် မြန်မာအက္ခရာကိုမှီး၍ စာရေးနည်းရရှိနေပြီဟု တိတိကျကျဆိုနိုင်သည်။ ၁၉-ရာစုတွင် မိရိုးဖလာဘာသာစကား၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ခရစ်ယန်ဝါဒလွှမ်းမိုးလာ သည်။ ဗုဒ္ဓဘာသာအယူဝါဒ လွှမ်းမိုးချိန်ကို တိတိကျကျမပြောနိုင်သေးပေ၊ လင်္ကာဖြင့်မှတ်တမ်း တင်သော ထိုခေတ်ကို လင်္ကာခေတ်ဟုဆိုသည်။
၁၈၃၇-၊ဒုတိယခေတ်တွင် ကရင်ဘာသာစာပေကို စက်တင်ပုံနှိပ်သည်။ စကားပြေခေတ်ဟုခေါ် သည်။ တတိယခေတ်တွင် လူတိုင်းစာတတ်မြောက်ရေးအတွက် အားတက်သရော ကျိုးပန်းလာ ကြသည်။ ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ဆိုနိုင်သည်။
ကရင်စာရေးနည်းအတတ်ပညာ
မြန်မာနိုင်ငံဖွား ရှေးခေတ်ပျူ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ပလောင်၊ ပဒေါင်၊ မွန်၊ မြန်မာ၊ လားဟူလူမျိုးတို့သည် တရုတ်၊တိဗက်စကားအုပ်စုတွင် ပါဝင်သည်။ ယင်းတို့အသုံးပြုနေသော အက္ခရာဇာစ်မြစ်သည် ဘီစီ ငါးရာစု၊ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံသော ဗြဟ္မီအက္ခရာနှင့် ရှေးခေတ် လက်တင်လူမျိုးတို့ အသုံးပြုသော ရောမအက္ခရာဟု နှစ်မျိုးတွေ့နိုင်သည်။ ယင်းနှစ်မျိုးလုံးသည် အင်ဒိုအာရိယန်စကားအုပ်စုနွယ်ဝင် လက်တင်လူမျိုးများနှင့် အိန္ဒိယတိုင်းရင်းသားတို့က တီထွင်ခဲ့ သည်။
ပျူ၊မွန်၊မြန်မာ၊ရှမ်း၊ ကရင်၊ပိုး၊စကော၊ပအိုဝ့်စကားများမှာ ဒေသဆိုင်ရာဗြဟ္မီအက္ခရာများဖြစ်သည်။ ကချင်၊တီးလိမ်ချင်း၊ လားဟူနှင့် ဗရင်ဂျီဘာသာဝင် သံတောင်မြောက်ပိုင်းကရင်နှင့် ဗရင်ဂျီဘာသာ ၀င် ဖာပွန်နယ်စကောကရင်အက္ခရာ များမှာ ဒေသဆိုင်ရာရောမအက္ခရာများဖြစ်သည်။
ကရင်လူမျိုးတို့၏ အဆိုများကို ဆန့်ကျင်၍ မာရှယ်၊စမီတန်၊မက္ကမဟွန်တို့က ဒေါက်တာဂျိုနသန် ၀ိတ်မတိုင်မီ ကရင်စာပေမရှိခဲ့ဟု ဆိုကြသော်လည်း မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ ပြန့်နှံ့နေ ထိုင်ရာဒေသ၊ မြန်မာနိုင်ငံသို့ လူမျိုးများရောက်ရှိလာပုံသမိုင်း၊ မွန်+မြန်မာအက္ခရာသမိုင်း၊ စာပေ သမိုင်း၊ ဗုဒ္ဓဘာသာအယူဝါဒများ ရောက်ရှိလာပုံ သမိုင်း၊ ကရင်နှင့်မွန်တို့၏ ဘာသာစကား၊ စာပေ များ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ၊ တေးသီချင်း၊ကဗျာ၊လင်္ကာ၊ ပုံပြင်၊ဒဏ္ဍာရီများကို ထောက်ဆ ၍ ယင်းတို့သည် ရိုးသားစွာပြောဆိုရေးသားခြင်း၊ သေချာစွာလေ့လာပြီးမှ ရေးသားခြင်း မဖြစ်နိုင် ဟုမှတ်ယူရမည်။ စင်စစ် ပေမူများကို ထိန်းသိမ်းသူတို့က ထိန်းသိမ်းမှုအားနည်းသောကြောင့်သာ ယနေ့ခေတ်တွင် မမြင်တွေ့ ရခြင်းဖြစ်မည်ဟု မှတ်ယူမိပါသည်။ ၁၈၃၂-ထက်စော၍ စာရေးနည်း တစ်ခုခု ရှိပါလိမ့်မည်။ လက်တွေ့မပြနိုင်သောအရာတိုင်း မရှိနိုင်ဟု မမှတ်ယူသင့်ပေ။
မွန်တို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ မုတ္တမပင်လယ်ကွေ့သို့ ဘီစီနှစ်ရာစုခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်နေထိုင်ခဲ့သည်။ ခရစ်နှစ် လေးရာစုခန့်တွင် သုဝဏ္ဏဘူမိသို့ ဗုဒ္ဓသာသနာတော် ရောက် ရှိနေပြီဖြစ်သည်။ ခြောက်ရာစုတွင် စာပေရေးသားနည်းကိုရရှိခဲ့ပြီဖြစ်သည်။
ကရင်တို့သည် အေဒီခုနစ်ရာစု-ရှစ်ရာစုတွင် တောင်ငူအရှေ့ဘက်မှ ၀င်ရောက်လာကြသည်။ ထို့ကြောင့် ဗုဒ္ဓစာပေများ ထွန်းကားနေပြီဖြစ်သော မွန်တို့နှင့် ထိုအချိန်တွင် တွေ့ထိဆက်ဆံ ရမည်မှာ ဧကန်ဖြစ်သည်။
ကရင်စာရေးနည်းစနစ်ကိုးမျိုး
- ၁။ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ပေစာသင်ပုန်းကြီး
- ၂။နှစ်ခြင်းဘာသာဝင် ပိုးကရင်ပေစာသင်ပုန်းကြီး
- ၃။နှစ်ခြင်းဘာသာဝင် စကောကရင်ပေစာသင်ပုန်းကြီး
- ၄။ဦးနန္ဒမာလာပြုစုသော ကရင်သင်ပုန်းကြီး
- ၅။မြိုင်သာယာဆရာတော်ပြုစုသော ဗုဒ္ဓဘာသာစကောကရင်သင်ပုန်းကြီး
- ၆။ဗရင်ဂျီဘာသာဝင် သံတောင်မြောက်ပိုင်းကရင်သင်ပုန်းကြီး
- ၇။ဗရင်ဂျီဘာသာဝင် ဖာပွန်နယ်စကောကရင်သင်ပုန်းကြီး
- ၈။ဦးဘထွန်းတင်စိစစ်ပြုပြင်ထားသော စကေကရင်သင်ပုန်းကြီး
- ၉။ဒူးဂဏန်းဖြင့် ရေးထားသော လိပ်ဆန်ဝှေ့သင်ပုန်းကြီး
No comments:
Post a Comment