ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း။
အိမ်ရှေ့ပန်းခင်း ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော ဆိုဖာချောနှင့်
အံ့သြရင်မ ဗန်းပြလှသည်
စိတ်ကမောဟ လက်ကလောဘ
နှုတ်ကမာန ထားတတ်ကြမူ
အတ္တကိုယ်ကျိုး ထိုအိမ်မျိုး။
အိမ်နောက်စိုက်ခင်း စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင် လေနေ၀င်နှင့်
အားအင်မျှတ ဗန်းမလှလည်း
စိတ်ကမေတ္တာ လက်မှာစာဂ
နှုတ်ကဖြောင့်ရိုး အနေရိုးမူ
သူ့ကျိုးကိုယ့်ကျိုး ထိုအိမ်မျိုး။ (ဆရာဇော်ဂျီ)
No comments:
Post a Comment