ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

လူဆိုသည်မှာ

Unknown | 6:58 PM |
ကာမသုဂတိခေါ်ပုံ
ငါးဖြာအာရုံကာမဂုဏ်ဟူသော ကာမတဏှာလွှမ်းမိုးရာဖြစ်၍ မရေတွက်နိုင်အောင်များပြားလှသော စည်းစိမ်ချမ်းသာတို့ တည်ရှိရာနေရာကို ကာမသုဂတိဟုခေါ်သည်။ (ဋီကာကျော်၊၁၆၁)

ကာမသုဂတိခုနစ်ဘုံနှင့်အကွာအဝေး

ယင်းကာမသုဂတိသည် - ၁။လူ့ဘုံ ၂။စာတုမဟာရာဇ်ဘုံ ၃။တာဝတိံသာဘုံ ၃။ယာမာဘုံ ၄။တုသိတာဘုံ ၅။နိမ္မာနရတိဘုံ ၆။ပရနိမ္မိတ၀သ၀တ္တိဘုံအားဖြင့် ခုနစ်ဘုံရှိပါသည်။ (ဒီ၊ဋ္ဌ၊၂၊၈၆။ အဘိ၊၂၊၄၃၇)

ကာမသုဂတိခုနစ်ဘုံတို့သည်``လူ+စ+တာ+ယာ+တုသ်+နိမ္မာ+၀သာပြည်ဝတ္တီ၊ လေးသောင်းနှစ်ထောင်အကွာဆောင် လူ့ဘောင်ဆင့်ဆင့်သိ´´ (ပရမတ္ထသံခိပ်၊၁၇) ဟူသော လယ်တီသံခိပ် အရ တစ်ဘုံနှင့်တစ်ဘုံအကွာအဝေးသည် ယူဇနာလေးသောင်းနှစ်ထောင် အကွာအဝေးရှိသည်။

လူခေါ်ပုံ

သတိ၊ရဲရင့်ခြင်း၊ရဟန်းအဖြစ်အားလျော်ခြင်းစသော ဂုဏ်ထူးဝိသေသတို့ဖြင့် မြင့်မြတ်သောစိတ်ရှိသောကြောင့် လူဟုခေါ်ပါသည်။
မကောင်းမှုပြုရာတွင်မိဘသတ်မှုစသော ပဉ္စာနန္တရိယကံတိုင်အောင်ပြုနိုင်၍ ကောင်းမှုပြုရာတွင် ဘုရားဖြစ်သည်အထိပြုနိုင်ကြသဖြင့် ဤဇမ္ဗူဒိပ်ကျွန်းတွင်နေထိုင်ကြသူတို့ကို မုချအားဖြင့်လူဟု ယူရပါသည်။ လူတို့နှင့် ရုပ်အဆင်းစသည်တို့တူသော အခြားကျွန်းငယ်တွင်နေထိုင်ကြသူများ၊ အခြားကျွန်းကြီးတွင်နေထိုင်ကြသူများကို ဥပစာအားဖြင့် လူဟုယူရပါသည်။
လောကီသဒ္ဒါဆရာတို့သည် မနုမည်သော ကမ္ဘာဦးမင်း၏အစဉ်အဆက် ``သား´´ဖြစ်သောကြောင့် လူမည်၏ဟုဆိုကြပါသည်။ (ဋီကာကျော်၊၁၆၂)

 မြန်မာအဘိဓာန်တွင် တွေးခေါ်ဥာဏ်ရှိသော ခြေနှစ်ချောင်း ရှိသောသတ္တ၀ါကို လူဟုဆိုထားသည်။ မြန်မာအဘိဓာန်၊၃၂၆)


အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget