ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 17, 2013

သာသနာ့အလံနှင့်ရည်ရွယ်ချက်

Unknown | 12:57 AM |

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးနှင့် အဖွဲ့အစည်းအသီးသီးတို့သည် မိမိတို့၏ ရည်ရွယ်ချက်နှင့် ခံယူချက် အားလျှော်စွာ logo အမျိုးမျိုးနှင့် အလံအမျိုးမျိုးစသည်တို့၌ သင်္ကေတတို့ကို - ရေးဆွဲ၍ အထိမ်းအမှတ် တံဆိပ်များကို ပြုလုပ်တတ်ကြသည်။ ထို တွင် အဖွဲ့အစည်း အမျိုးမျိုး၏ logo များကိုလေ့လာကြည့်လျှင် ယင်းတို့၏ ရည်ရွယ် ချက်များကိုတွေ့ရှိရ မည်ဖြစ်သည်။
        မြတ်စွာဘုရားရှင်၏ သာသနာတော်အထိန်းအမှတ်အဖြစ်ဖြင့် အသုံးပြုထားသော သာသနာ့ အလံတော်သည်လည်း သာသနာတော်၏ logo မဟုတ်သည့်တိုင်အောင် အထိန်းအမှတ် အလံအဖြစဖင့် -ပြုလုပ်ထားသည်မှာ ရည်ရွယ်ချက်ကား ကောင်းမွန်လှပေ သည်။
        သာသနာ့အလံဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုသိသူများမှာကား နည်းပါးလှလိမ့် မည်ထင်သည်။ သာသနာ့အလံကို မြတ်စွာဘုရားရှင်၏ ထူးခြားဆန်းပြားလှသည့် - ရောင်ခြည်တော်ခြောက်သွယ်တို့ကို ရည်ရွယ်၍ အရောင်ခြောက်မျိုးဖြင့် တန်ဆာဆင် ထားခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်၏ ထူးခြားဆန်းပြား လှသည့်ရောင်ခြည်တော် -ခြောက်သွယ်ကို ပူဇော်သည့်သဘောဖြင့် တီထွင်ထားခြင်းမှာ အလွန်တရာလေး စား အတုယူလောက်သည့် စိတ်ကူးမျိုးဖြစ်သည်။
        ယင်းသာသနာ့အလံတော်ကို တည်ထွင်ခဲ့သည်မှာ သီရိလင်္ကာနိုင်ငံမှ မစ္စတာ ဂျေ အာရ်.ဒီဆစ်လ်ဗာ (Mr.JR de Silva) နှင့် အမေရိကန်နိုင်ငံသား စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်သူ မစ္စတာ ဟင်နရီစတီးလ် - အောလ်ကော့တ်(Mr.Henry Steel Olcott) တို့ဖြစ် သည်။ ၁၈၈၀ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲခဲ့ပြီး သီရိလင်္ကာနိုင် ငံ ကိုလံဘိုမြို့ ဗုဒ္ဓသာသနာ -တော်ကော်မတီမှ အတည်ပြုလက်ခံကာ ၁၈၈၅ ခု၊ ဧပြီလ (၁၇ )ရက်နေ့တွင် သီရိ လင်္ကာနိုင်ငံသတင်းစာ၌ စတင် ပုံနှိပ်ဖော်ပြခဲ့သည်။ ယင်းနှစ် မေလ ၂၈ ရက်နေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်ပွဲတော်တွင် ယခုခေတ်အလံများကို လွှင့်ထူသကဲ့သို့ ပရိသတ် ရှ့ -မှောက်သို့ လွှင့်ထူပြသကြေငြာခဲ့သည်။
        ထိုအလံတော်ကို ၁၉၅၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ဗုဒ္ဓဘာသာ ကွန်ဂရက်အစည်း အဝေးက အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအလံတော်အဖြစ် လက်ခံခဲ့ သည်။ ထိုအခါမှစ၍ တစ်ကမ္ဘာလုံး တွင် ဗုဒ္ဓဘာသာ၏ အလံတော်ကို တူညီစွာလက်ခံ အသုံးပြုလာခဲ့ကြသည်။
       
(အရှင်ကေလာသ(မစိုးရိမ်) ၏ အောင်မြင်ကြောင်းတရားစာအုပ်မှကိုးကား - ဖော်ပြပါသည်။)
                        ဘိက္ခုအဂ္ဂသာရ။
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget