၁။သင်္ကန်းတော်သည်
နွမ်းရိခြင်း ဖွပ်ဆိုးရခြင်းမရှိခြင်း။
၂။တောထွက်စဉ်က
ဖြတ်ခဲ့သည့်အတိုင်း ဆံတော်သည် မတိုမရှည် လက်နှစ်သစ်အတိုင်းရှိခြင်း။
၃။ကိုယ်ဝတ်၊
ဒုကုဋ်၊ သင်းပိုင်၊ ခါးပန်းကြိုး၊ အပ်၊ သပိတ်၊ ရေစစ်၊ ပဲခွပ်(ဓား) ဟူသော ပရိက္ခရာရှစ်ပါး ကို
ဆောင်ယူရာတွင် ကိုယ်တော်နှင့်မထိ၊ လက်လေးသစ်ကွာနေခြင်း။
၎။သပိတ်ဆေးလျှင်
လက်ပါစင်ကြယ်၍ လက်ဆေးလျှင် လက်ပါစင်ကြယ်ခြင်း။
၅။မုန်ညှင်းသီးအခွံတွင်း
ပရိက္ခရာရှစ်ပါးလွယ်လျက် စင်္ကြံကြွနိုင်ခြင်း။
၆။ရောင်ခြည်တော်ခြောက်သွယ်လွှတ်လျင်
အရပ်ဆယ်မျက်နှာတိုင် ပို့လွှတ်နိုင်ခြင်း။
၇။ချေချွတ်ရာတွင်
ဝေနေယျတို့အဖို့ လိုအပ်လျင် ကိုယ်တော်ကို အသိန်းအသန်းမက ဖန်ဆင်းနိုင်ခြင်း။
၈။ဇာတိခေတ်၊
အာဏာခေတ်၊ ၀ိသယခေတ်ဟူသော ခေတ်သုံးပါးကို လင်းအောင် သို့မဟုတ် မှောင်အောင် လုပ်နိုင်ခြင်း။
၉။ခန္ဓာကိုယ်ကို
အထက်ကောင်းကင်ရောက်အောင် လကဲ့သို့ မြှင့်ထားနိုင်ခြင်း။
၁၀။အင်္ဂါရှစ်ပါးရှိသောအသံတော်ဖြင့်
တရားဟောသောအခါ တရားနာပရိသတ်အားလုံး ကြားနိုင်ခြင်း။
၁၁။နတ်လူတို့စိတ်ကိုသိသော
အာသာနုသယဥာဏ်ရှိခြင်း။
၁၂။ကျွတ်ထိုက်သည့်သတ္တ၀ါကိုသိသော
မဟာကရုဏာသမာပတ္တိဥာဏ် ရှိခြင်း။
၁၃။ဤသူသည်
မည်သည့်အချိန်တွင် ကျွတ်မည်-ဟု အတတ်သိသော ဣန္ဒြိယပရောပရိယတ္တိဥာဏ်ရှိခြင်း။
၁၄။သင်္ခါရကို
သိခြင်း။
၁၅။ဝိကာရကို
သိခြင်း။
၁၆။လက္ခဏကို
သိခြင်း။
၁၇။နိဗ္ဗာန်ကို
သိခြင်း။
၁၈။ပညတ်ကို
သိခြင်း။ (သမန္တစက္ခုဒီပနီ၊၂၁၄-၅။)
No comments:
Post a Comment