ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Saturday, February 2, 2013

ခင်နှင်းယု

Unknown | 6:41 PM |
၁၉၂၅ = အစိုးရကျောင်းဆရာကြီးဦးဘ+ဒေါ်သိန်းတင်တို့မှ ၀ါးခယ်မမြို့၌ စက်တင်ဘာ၊၇-ရက်၊တနင်္လာ တွင် ဖွားမြင်၍ မွေးချင်း ၇-ယောက်အနက် ၅-ယောက်မြောက်ဖြစ်ကာ အမည်မှာ ဒေါ်ခင်စုဖြစ်သည်။

၁၉၃၀ = ၀ါးခယ်မမြို့၊ဦးဘိုးထင် မြန်မာစာသင်အလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၄၀ = ၀ါးခယ်မမြို့၊ဦးဘိုးထင် မြန်မာစာသင်အလယ်တန်းကျောင်းတွင် ၈-၉-၁၀တန်းထိ သင်ခဲ့သည်။

၁၉၄၃ = ဂျပန်ခေတ်တွင် ၁၀-တန်းအောင်ခဲ့သည်။ ဂျပန်ခေတ် ၀ါးခယ်မမြို့၊အာရှလူငယ်အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သည်။

၁၉၄၆ = ဖ-ဆ-ပ-လ သတင်းနှင့် ၀ါဒဖြန့်ချိရေးဌာနတွင် လက်ထောက်အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သည်။
၁၉၄၇ = ယင်းဌာနတွင် တွဲဖက်အတွင်းရေးမှူးဖြစ်လာပြီး ဖ-ဆ-ပ-လ သတင်းစဉ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ် ထမ်းဆောင်ခဲ့သည်။ ခင်နှင်းယုအမည်ဖြင့် အရိုင်းဝတ္ထုကို စာပေပဒေသာတွင်ဖေါ်ပြခဲ့သည်။

၁၉၄၈ = တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၊ ဦးနု၏ အတွင်းရေး အတွင်းဝန်အဖြစ် စတင်လုပ်ကိုင် (ဦးနု၏ မောင်နှမတစ်ဝမ်းကွဲတော်သည်)ခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေး အထိမ်းအမှတ်စာပေပြိုင်ပွဲတွင် အချို့-ဟူသောကလောင်အမည်ဖြင့်ပြိုင်ရာ တတိယဆုရခဲ့သည်။

၁၉၅၀ = ဗိုလ်ကြီးကျော်သောင်းနှင့် လက်ထပ်ခဲ့သည်။
၁၉၅၂ = နွေနှေင်းရွက်ကျန် ၀တ္ထုရှည်ကို ရှုမ၀မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်ထုတ်ဖေါ်ခဲ့သည်။
၁၉၅၃ = မြ၀တီမဂ္ဂဇင်း ၀တ္ထုဆောင်းပါး စာပေပြိုင်ပွဲတွင် စာဖတ်ပရိသတ်ဆန္ဒအရ ထိုနှစ်ပထမဆုကို သရဖူ-ဟူသောဝတ္ထုရှည်ဖြင့် ရခဲ့သည်။

၁၉၅၆ = သက်ကြီးတက္ကသိုလ်တွင် ပညာဆက်သင်ကာ အိုင်အေဆောင်ခဲ့သည်။
၁၉၅၉ = ဦးနု၏ အတွင်းရေး အတွင်းဝန်ရာထူးမှနှုတ်ထွက်ကာ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်သင်ခဲ့။

၁၉၆၁ = ကြေးမုံရိပ်သွင် ၀တ္ထုတိုပေါင်းချုပ်ဖြင့် စာပေဗိမာန် တစ်ထောင်ဆုရခဲ့။ အင်္ဂလိပ်ဘာသာ စာစီစာကုံး၊ ခေတ်သစ်အနောက်တိုင်းသမိုင်း၊ မြန်မာဝေါဟာရနှင့် အနုစာပေ၊ ကမ္ဘာ့အရှေ့ဖျားသမိုင်းသာသာတွဲဖြင့် ဘီအေဘွဲ့ရခဲ့သည်။
၁၉၆၂ = ကိုင်ရိုမြို့တွင်ကျင်းပသည့် အာရှ၊အာဖရိက စာရေးဆရာများ ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။
၁၉၇၀ = ခင်ပွန်းသည် ဒုတိယဗိုလ်မှူးကြီးကျော်သောင်း ကွယ်လွန်ခဲ့သည်။
၁၉၇၀-၈၅ = ၁၅နှစ်လုံးလုံး ကိုယ်စိတ်ဆင်းရဲခဲ့ပြီး ချစ်ရသူနှင့်ကွေကွင်းရသဖြင့် မဟာစည်သာသနာ့ ရိပ်သာ၌ တရားအားထုတ်ရင်း ပွဲတွေ့အမြတ်တရားစာအုပ်ကို ရေးသားခဲ့သည်။
၁၉၈၅ = ကျန်းမာရေးကြောင့် ဆေးရုံတွင်နေပြီးနောက် ချမ်းမြေ့ရိပ်သာတွင် ဝေယျာဝစ္စပြုလုပ်သည်။ တစ်နှစ်ခန့် အနားယူပြီးနောက် ပေဖူးလွှာမဂ္ဂဇင်းတွင် ၀တ္ထုများပြန်လည်ရေးသားကာ ပထမဆုံးပြန်ရေး ၀တ္ထုမှာ တစ်ထောင့်တစ်ည၏ အိပ်မက်များဖြစ်သည်။ ပေဖူးလွှာ၊ကလျာ၊ ရင်ခုန်ပွင့်၊ စံပယ်ဖြူ၊ လုံမလေး၊ ချယ်ရီ၊ မိုးဝေမဂ္ဂဇင်းများတွင် ၀တ္ထု၊ကဗျာ၊ဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၉၅ = ကလျာမဂ္ဂဇင်းတွင် မြကြာဖြူအခန်းဆက်ဝတ္ထုရှည်ရေးသား၍ ယင်းဝတ္ထုဖြင့် အမျိုးသား စာပေ(၀တ္ထုရှည်)ဆု ရခဲ့သည်။
၂၀၀၃ = ဇန်န၀ါရီ၊ ၂၁-ရက်၊ အင်္ဂါနေ့၊ နံနက် ၈-၃၀ တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန် သည်။
ဆရာမ၏ ရုပ်ရှင်၊ဗွီဒီယိုရိုက်ကူးခံခဲ့ရသော ၀တ္ထုများ
ရုပ်ရှင် = နဂါးငွေ့တန်း(ညပန်းချီဟုအမည်ပြောင်း)။ မွှေး။ ယောက်ျားတို့အကြောင်း။ စိမ်းသင့်မှစိမ်း။ ပန်းပန်လျက်ပါ(၂၅ပတ်ကျော်ပြသရ၍ ရုံတင်စံချိန်ချိုးခဲ့)။ မိုးကျော်သူ။ သခွတ်ပန်း။ ယဉ်မင်းပိုက်။
အောင်မြင်သောနေ့။ သရဖူ။
ဗွီဒီယို = နွားတစ်ထောင်။ တစ်ထာင့်တစ်ည၏ အိပ်မက်များ။ ပန်းများကိုပွင့်စေသူ။ လမင်းကြီး သာစမ်းပါ။
အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ရသော ၀တ္ထုများ
မွှေး(၁၀ကြိမ်)။ ထိပ်စုဖုရား မဗျိုင်း(၅ကြိမ်)။ လမင်းကြီးသာစမ်းပါ(၃ကြိမ်)။ သပြေ(၂ကြိမ်)။ မိုးကျော်သူ(၅ကြိမ်)။ သခွတ်ပန်း(၅ကြိမ်)။ အောင်မြင်သောနေ့(၃ကြိမ်)။ ယဉ်မင်းပိုက်(၂ကြိမ်)။ ရေချိုတွင်း(၂ကြိမ်)။ မယ့်အသည်းအိမ်(၂ကြိမ်)။ ဦးဆောက်ပန်း(၂ကြိမ်)။
ဆရာမကြီး၏ ဇီဝဇိုးစံအိမ်ဟူသော စာအုပ်မှ ကူးယူရေးသားပါသည်။ Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget