ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Saturday, February 2, 2013

ခင်မျိုးချစ်

Unknown | 6:43 PM |
၁၉၁၅ = မေလ ၁-ရက်၊စနေနေ့တွင် ဦးတော်(ရာဇ၀တ်ဝန်ထောက်) ဒေါ်သန်းတင်တို့မှ မွေးဖွားသည်။ ငယ်အမည် မခင်မြဖြစ်၍ စတုရင်္ဂဗလဘွဲ့ရ မြန်မာပညာရှိ ကျောက်စာဝန်ဦးဖေသည် မခင်မြ၏ အဘိုးဖြစ် သည်။ ညီမတစ်ယောက်၊မောင်သုံးယောက်ရှိသည်။

၁၉၃၂ = မိတ္ထီလာမြို့၊အမျိုးသားအထက်တန်းကျောင်းမှ ၁၀-တန်းအောင်၍ ဆာဝေါ်လတာစကော့ (Sir Walter Scott)၏ မျိုးချစ်စိတ်ဓာတ်အကြောင်းကဗျာကို တေးထပ်စပ်ဆိုဘာသာပြန်သော ဇာတိမာန် (Patriotism ကဗျာကို တေးထပ်ရေး၍ ၁၉၃၂-၃၃တက္ကသိုလ်မဂ္ဂဇင်း ၀သန္တာစာစောင်သို့ပို့ရာ ကလောင် အမည်မပါသဖြင့် အယ်ဒီတာဒေါ်သန်းရင်က မျိုးချစ်စိတ်ကို ဦးစားပေးရေးသော ကဗျာဖြစ်သောကြောင့် ခင်မျိုးချစ်-ဟု အမည်ပေးလိုက်သဖြင့် ခင်မျိုးချစ်ကလောင်အမည်ရသည်-ဟု ဦးခင်မောင်ဝင်း(သင်္ချာ ပါမောက္ခ(ငြိမ်း)၏ သမီး ဂျူနီယာဝင်းက အတွေးအမြင်မဂ္ဂဇင်း ၁၃၀-တွင် ဆိုသည်) တို့ပြေတို့မြေ တေးထပ် တို့ကြောင့် ခင်မျိုးချစ်ဟူသော ကလောင်အမည်ကိုရသည်။ ၁၀-တန်းပြီး၍ တက္ကသိုလ်ဆက်တက်ရာ တစ်နှစ်သာနေရကာ ကျောင်းထွက် ရသည်။

၁၉၃၇ = တိုးတက်ရေးမဂ္ဂဇင်း၊ဘားမားဂျာနယ်တို့တွင် အယ်ဒီတာ။
၁၉၃၈ = တက္ကသိုလ်ကျောင်းသားမျး တတိယသပိတ်တွင် ပြင်ပမှာ တက်ကြွစွာပါဝင်ခဲ့သည်။

၁၉၃၉ = ဦးခင်မောင်လတ် (အယ်ဒီတာချုပ်။လုပ်သားပြည်သူ့နေ့စဉ်၊ အင်္ဂလိပ်သတင်းစာ၊ အင်္ဂလိပ်စာ ဆရာ၊နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်)နှင့် လက်ထပ်သည်။

၁၉၄၀ = သားတစ်ယောက်ဖွားမြင်သည်။

၁၉၄၁-၄၅ = ဂျပန်ခေတ် ဘီဒီအေ (Burma Defense Army)တွင် အမှုထမ်းသည်။ သုံးနှစ်တာ ဂျပန်လက်အောက်ခံ-စာအုပ်ကို ရေးသည်။

၁၉၄၇ = အိုးဝေသတင်းစာအယ်ဒီတာအဖွဲ့ဝင်၊ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တွင် ကျင်းပသော အာရှတိုက်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံသို့ တက်ရောက်သည်။ (အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်၊ အဖွဲ့ဝင် ဒေါက်တာသာလှ၊ ဦးသိန်းဟန် (ဇော်ဂျီ)။

၁၉၄၉-၅၂ = စာပေဗိမာန်တွင် အမှုထမ်းသည်။
၁၉၅၂ = ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ရသည်။
၁၉၅၂-၅၃ = နည်းပြ၊အင်္ဂလိပ်စာဌာန၊ရန်ကုန်တက္ကသိုလ်။
၁၉၅၅ = Guardian Magazine-တွင် အင်္ဂလိပ်ဘာသာဖြင့် ပင်တိုင်ဆောင်းပါးရေးသည်။
၁၉၅၈-၆၂ = ဂါးဒီးယန်းသတင်းစာတိုက်တွင် လက်ထောက်အယ်ဒီတာ အမှုထမ်းသည်။

၁၉၆၃-၆၈ = လုပ်သားပြည်သူ့သတင်းစာ (The Working Peoples' Daily)တွင် လက်ထောက် အယ်ဒီတာအမှုထမ်းသည်။

၁၉၇၀ = အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာတို့က အင်္ဂလိပ်ဘာသာဖြင့် ၀တ္ထုတိုပြိုင်ပွဲတွင် Her Infinite Variety ၀တ္ထုတိုဖြင့် ပထမဆုရသည်။

၁၉၇၁ = မိသားစုအတွက် ပျော်တော်ဆက်ဟာသစာစောင် အယ်ဒီတာ။
၁၉၈၃ = မတ်လ၊ လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့်ရသည်။
၁၉၈၀-၈၅ = သောင်းပြောင်းထွေလာ ရယ်စရာစာစောင်တွင် ပင်တိုင်ဆောင်းပါးရှင်။

၁၉၉၉ = ဇန်န၀ါရီ ၂-ရက်၊စနေနေ့တွင် ကွယ်လွန်သည်။ သား-ဒေါက်တာခင်မောင်ဝင်း၊ သင်္ချာပါမောက္ခ (အငြိမ်းစား)ကျန်ရစ်သည်။

ထင်ရှားသော အင်္ဂလိပ်စာအုပ်များမှာ =
1.13 Carat Diamond
2.Colourful Burma
3.Flowers and Festivals
4.Anawratha
5.A Wonderland of Pagoda legends
6.Gift of Laughter

ဘာသာပြန်စာအုပ်များ =
၁။မိုက်ကယ်အိန်ဂျယ်လို
၂။စွန့်ခဲ့ရ ကျွန်မဘ၀ပါရှင်
၃။နှစ်လောက တိုက်ပွဲ
၎။ဥရောပစာပေ မိတ်ဆက်

ဒေါ်ခင်မျိုးချစ်၏ ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာဟူသော စာအုပ်မှ ကူးယူရေးသားသည်။
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget