ပုဂံပျက်ပြီးနောက် ပုဂံမှ အသိပညာရှင်၊အတတ်ပညာရှင်များသည်
ပင်းယ၊စစ်ကိုင်း၊အင်းဝတွင် စုရုံး မိကြသည်။
မူလကိုးကွယ်ရင်းဖြစ်သည့် ဗုဒ္ဓဘာသာကိုကား ဆက်လက်ကိုးကွယ်ခဲ့ကြသည်။ သို့သော် မဟာ
ယာန၊ထေရ၀ါဒ၊ သီဟိုဠ်ထေရ၀ါဒဂိုဏ်းသစ်၊ တောကျောင်းဂိုဏ်း၊ပွဲကျောင်းဂိုဏ်းတို့ ဂိုဏ်းကွဲအသီးသီး
ပေါ် ထွက်ခဲ့သည်။ ထိုဂိုဏ်းတို့ကို ဂါမ၀ါသီဂိုဏ်းနှင့်အရည၀ါသီဂိုဏ်းဟူ၍
နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။ ပင်းယ၊ စစ်ကိုင်းခေတ် ပညာသင်ကြားရေးကို ဂါမ၀ါသီဂိုဏ်းတို့က
တာဝန်ယူခဲ့ကြပြီး လောကုတ္တရာပိုင်းအပြင် အသက် မွေးမှု အတတ်ပညာဖြစ်သည့် လက်မှုပညာ၊ ဗေဒင်၊
ဓာတ်ကျမ်း၊ ဆေးကျမ်း၊ ယတြာကျမ်း၊ အနှိပ် ကျမ်း၊ သေနင်္ဂ ဗျူဟာကျမ်း၊ ခဲလုံးပစ်နည်း၊ ပန်း၁၀-မျိုး၊
လက်ဝှေ့သတ်နည်း၊ တီးမှုတ်ကခုန်နည်းစသော - လောကီပညာရပ်များ ကိုလည်း သင်ကြားပေးသည်။
ပင်းယခေတ်တွင် ဥဇနာခင်ကြီး(သက္ကရာဇ် ၇၀၂)သည်
အရှင်သုဓမ္မမဟာသာမိထေရ်ကို စကား ရံ ကျောင်းများအနက်
စကားကျောင်းမကြီးဖြစ်သည့် ဇမ္ဗုကကျောင်းကို လှူဒါန်းခဲ့သည်။ ထိုမထေရ်သည် တပည့် ငါးရာကျော်ကို စာပေပို့ချခဲ့ပြီး ထင်ရှားသောဆရာတော်တစ်ပါးဖြစ်သည်။ အခြားထင်ရှားသော ဆရာတော်တစ်ပါးဖြစ်သည့် ဆူးတွင်းပစ်ဆရာတော် (သက္ကရာဇ် ၆၇၅-၇၃၅)သည်လည်း သဒ္ဒသာရတ္ထဇာ လိနီကျမ်းကို
ရေးသားခဲ့သည်။ ဤပင်းယခေတ်၌ ရှမ်းမင်းများကြီးစိုးသောခေတ် ဖြစ်ခဲ့ပြီး ၆၆-နှစ်ကာလမျှ
ကြာခဲ့သည်။ ပင်းယ၊စစ်ကိုင်း၊ထီးပြိုင်နန်းပြိုင်မှု နီးပါးကာလတိုင်အောင် ထူးခြားမှုမရှိခဲ့ပေ၊
သက္ကရာဇ် ၇၀၄-တွင်-နန်း တက်သော မြင်စိုင်းငါးစီးရှင်၏ `တာဝတိံသာ နတ်ရွာလော နတ်ရွာလော´အစချီသော ကာချင်းနှင့် သက္ကရာဇ်-၇၀၀-ကျော်တွင်
ပေါ်ထွန်းသော စတုရင်္ဂဗလအမတ်ကြီး၏ `ခြေဖ၀ါးတော် -အောက်
ကျွန်၏လျှောက်ဖြင့်´ အစချီသော ရတုတို့နှင့်အတူ ကျောက်စာအနည်းငယ်ကိုကား တွေ့ရ သည်။
အင်းဝခေတ်သည် မြန်မာစာပေလောက၏ တစ်ခေတ်ဆန်းသောကာလ
ဖြစ်ခဲ့ပြီး စာပေအဟုန် မြင့် မား လာသည်နှင့်အတူ ပုံသဏ္ဍာန်အဆန်းအသစ်များတီထွင်လာကြသည်။
ပျို့များ အထူးထွန်းကား ခဲ့ပြီး မြတ်စွာ ဘုရား၏ ဖြစ်တော်စဉ်၊ ဘုရားလောင်းအတ္ထုပ္ပတ္တိစသော
ဗုဒ္ဓဘာသာ အကြောင်းအရာ များကို ရေးဖွဲ့ကြသည်။ ထိုခေတ်တွင် ထင်ရှားခဲ့သော အရှင်မဟာသီလ၀ံသ၏
တိလောကဟု ဆုံးမစာကို ကြည့်လျင် ဆရာတော်၏ ပညာရေးသဘောထားအမြင်များကို တွေ့နိုင်သည်။ အရှင်မဟာရဋ္ဌသာရ၏
လက်သစ်တောင်တာဆုံးမစာ၊ သုစိပုဘာဆုံးမစာ၊ ဂမ္ဘီရသာရဆုံးမစာ၊ ကိုးခန်းပျို့တို့ကိုကြည့်ပြန်ပါကလည်း
အရှင်၏ ပညာရေးအတွေးအခေါ် ပညာရှင်တစ်ဦးအဖြစ်ကို သိနိုင်သည်။ အင်းဝခေတ်တွင် ထင်ရှားသော
ရှင်မဟာသီလ၀ံသနှင့်ရှင်ဥတ္တမကျော် တို့သည် နတ်မီးလင်းဆရာတော်ထံ ငယ်စဉ်က အတူပညာသင်ကြား ခဲ့ကြသူများဖြစ်သည်။
တောင်ငူခေတ်သည် ဧချင်းနှင့်ရတုများ
ပေါ်ထွက်ခဲ့ပြီး ရတုခေတ်ဟု ပို၍တင်စားခေါ်ဝေါ်ကြသည်။ ရှင်ထွေးနာဂသိန်နှင့်ရှင်သံခို ဆရာတော်နှစ်ပါးပေါ်ထွက်ခဲ့ပြီး
လူပုဂ္ဂိုလ်ပညာရှင်များဖြစ်သည့် လှော်ကား ၃၀၀၀ မှုး၊ မင်းဇေယျနန္တမိတ်၊ ပြည်န၀ဒေးကြီးတို့အပြင်
အမျိုးသမီးစာဆိုဖြစ်သူ ရဝေသျှင်ထွေးကလည်း ထင်ရှား ပေါ်ထွန်းခဲ့သည်။ နတ်သျှင်နောင်သည်
တောင်ငူခေတ် ရတုဘုရင်တစ်ဆူဖြစ်ခဲ့သည်။
ညောင်ရမ်းခေတ်၏ မှတ်တမ်းတင်လောက်သော
ရဟန်းပုဂ္ဂိုလ်များမှ မဏိကုဏ္ဍလ၀တ္ထုကိုရေး -သော ၀ရာဘိသင်္ဃနာထဆရာတော်သည် အထူးထင်ရှားခဲ့သည်။
အခြားသော ပုဗ္ဗာရုံဆရာတော် ၊ တောင်ဖီလာဆရာ တော်၊ ကျော်အောင်စံထားဆရာတော်စသော ဆရာတော်(၁၁)များလည်း
ထင်ရှား ကြသည်။ လူပုဂ္ဂိုလ်များဖြစ် သည့် ဦးကုလား၊၀န်ကြီးပဒေသရာဇာ၊ဦးအောင်ကြီးတို့လည်း
ထင်ရှားကြရာ ဦးကုလားသည် မဟာရာဇ၀င်ကြီး၊ ရာဇ၀င်လတ်နှင့်ရာဇ၀င်ချုပ်တို့ကို ရေးသားခဲ့သည်။
အဖွဲ့အနွဲ့ပိုင်းတွင် ထင်ရှားသော ၀န်ကြီးပဒေသရာဇာသည် သူဇာပျို့၊မဏိကတ်ပျို့၊ကျေးဇူးတော်ပျို့၊
ကုမ္မာဘယပျို့၊စန္ဒပျံ ပျို့၊ယိုးဒယားသံရောက်ပျို့၊မနော်ပျို့တို့မှာ အထူး ထင်ရှားခဲ့သည်။
ဝန်ကြီးသည် ဧချင်းများအပြင် တျာချင်းများလည်းရေးဖွဲ့ခဲ့သည်။ သူ၏ လယ်သမားဘွဲ့၊ ထန်းသမားဘွဲ့၊
လှေသမားဘွဲ့တို့မှာ မြန်မာစာပေ၏ စာပေသစ်တစ်ခုဖြစ်ကြောင်း သုတေသီတို့က ချီးကျူးခဲ့ကြ
သည်။
အချုပ်အားဖြင့်ဆိုရသော် ပင်းယခေတ်မှညောင်ရမ်းထိ ဘုန်းတော်ကြီးကျောင်းပညာရေး ရည်မှန်း ချက်မှာ =
၁။အနန္တငါးပါးကို ဦးထိပ်ထားရန်
၂။ကိုယ်နှုတ်နှလုံးစောင့်စည်းရန်
၃။ကိုယ်ကျင့်စာရိတ္တကောင်း၍ လိမ္မာရေးခြားရှိစေရန်
၎။ခေတ်ပေါ်လောကီပညာတတ်များဖြစ်စေရန် စသည်တို့ဖြစ်သည်။ ထိုမှတစ်ဖန် လက်ဦးဆရာ သည် မိဘဖြစ်၏ဟူသော အယူအဆ၊ လေ့လာသင်ယူနည်း၊ ဆရာဂုဏ်ပုဒ်နှင့်အင်္ဂါတို့ကို ဖေါ်ထုတ်ခဲ့သည့် အပြင် သင်ကြားမှုနှင့်သုတေသနမိတ်ဖက်မှုကိုလည်း ပြုခဲ့သည်။ တရားစာပေဘာသာရပ်များမှ သင်္ချာ၊ ဓမ္မသတ်၊ ရာဇ၀င်ဘာသာရပ်အထိ ထည့်သွင်းသင်ကြားကြသည်ကိုလည်း တွေ့ရသည်။
မှတ်ချက် = ဆရာဦးစိုးကျော်သူ၏ပို့ချချက်ကို အဆင်ပြေသလိုပြန်လည်ရေးသားထားပါသည်။ တစ်စုံတစ်ရာ အမှားပါခဲ့ပါလျင် မိမိ၏ပေါ့လျော့မှုကြောင့်သာဖြစ်သည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment