ခရီးတစ်ခုအစပြု
ရက်ရှည်အားလပ်ရက်ကို ဘယ်လိုကုန်ုဆုံးရတာ
အကြိုက်ဆုံးလဲဟု သင့်ကိုယ်သင် -မေးခွန်းတစ်ခု မေးကြည့်ပါ၊ သင်တို့မဖြေဆိုမီ စာရေးသူမိမိ
အရင်ဖြေပါမည်။ မိမိသည် ရက်ရှည်အားလပ်ရက်များတွင် လေ့လာရေးခရီးသွားရသည်ကို အနှစ်ခြိုက်ဆုံးဖြစ်သည်။
ခရီးထွက်ခြင်းဖြင့် ရှေ့ဆက်ဖြတ်သန်းရမည့် ခရီးအတွက် အထောက်အကူဖြစ်နိုင်သလို ပေါင်းသင်း ဆက်ဆံရေးတွင်
ပို၍လွယ်ကူစွာ ပြောဆို၊ဆက်ဆံနိုင်မည့် နည်းလမ်းတို့ကို ရရှိစေသည်။ ထို့အပြင် အမြင်များကိုလည်း
ပိုမိုကျယ်ပြန့်စေနိုင်သည်။ ဤသို့အားဖြင့် မြတ်နိုးစရာသော အကျိုးများစွာ ရရှိသည်ဟု
အခိုင်အမာယူဆထားသောကြောင့် လေ့လာရေးခရီးထွက်ခြင်းကို နှစ်ခြိုက်မိခြင်းဖြစ်သည်။ ဥပမာ-ငွေငါးသောင်းရှိသည်ဆိုပါစို့
မုန့်ဝယ်စားလျှင် ဘာဖြစ်မလဲ၊ ရိုးရိုးလေးဖြေရလျင် ကုန်သွားမည် -ဟု ဖြေရပါမည်။ မှန်ပါသည်။
ကုန်တာခြင်းအတူတူ သင်တန်းတစ်ခုခုတက်ခြင်း၊ လေ့လာရေးခရီးတစ်ခုခု သွားခြင်းတို့က မိမိကို
အဖိုးမဖြတ်နိုင်သော အကျိုးကို ရရှိစေပါသည်။ ယင်းတို့က ဘ၀၀မ်းစာကို ပြည့်စေ၊ ကြွယ်စေသည်မဟုတ်လော၊
ဘ၀အမောများကို ပြေစေ၊ အေးစေသည်မဟုတ်လော၊ ကဲ-ပြောရင်ကြာတယ်၊ ခရီးစထွက်တာကို ရေးလိုက်ပါဦးစို့။
မိမိ၏ ခြောက်လပတ်စာမေးပွဲကို 18-3-2013 တွင်ဖြေဆိုကာ
25-3-2013 တွင် ပြီးဆုံးသည်။ စာမေးပွဲနောက်ဆုံးနေ့တွင်ပင် ညနေခြောက်နာရီကားဖြင့် ကရင်ပြည်နယ်၊ဘားအံသို့
စီးနင်းလိုက်ပါရန် မန်းရွှေမြို့တော်ကားလက်မှတ်ကို ၀ယ်ထားပြီးဖြစ်သည်။ စာမေးပွဲကား လေးနာရီပြီးသည်၊
ငါးနာရီတွင် ဆိုင်ကယ်ဖြင့် ကျွဲဆည်ကန်ကားကြီးဝင်းသို့ သွားရန်စီစဉ်ထားပြီးဖြစ်သည်။
သို့သော် ဟိုလုပ်ဒီလုပ်နှင့် ညနေငါးနာရီမထိုခင် ဆယ့်ငါးမိနစ်မှ သတိရသဖြင့် ရေပင်မချိုးနိုင်ပဲ
သင်္ကန်းလဲကာမှတ်ပုံတင်စတာတွေ ရှာဖွေရသည်။ ရှာဖွေပြီးချိန်တွင် အဆောင်ရှေ့ဆိုင်ကယ်ရောက်နေပြီဖြစ်သည်။
ကမန်းကတန်းပင် အခန်းသော့ခတ်ကာ အဆောင်မှူးကိုသော့အပ်ပြီး လက်မှတ်ထိုးရသည် (စာရွက်ပျောက်နေသဖြင့်
လက်မှတ်မထိုးခဲ့ရပါ)။ ထို့နောက် မော်ကွန်းထိန်းရုံးသို့ အပြေးသွားကာ လက်မှတ်ထိုးပြီး
ဆိုင်ကယ်ဖြင့် ကမန်းကတန်း ထွက်ခွာခဲ့တော့သည်။ မိမိ၏ မပြင်ဖြစ်သော အားနည်းချက်မှာ ခရီးမည်မျှသွားခဲ့ ဖူးသော်ငြား
ခရီးမသွားခင် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းဖြစ်သည်။ တကယ်လည်း ခရီးထွက် လာသောအခါ လွယ်အိပ်တစ်လုံး၊ကားလက်မှတ်၊
ဝတ္ထုငွေနှင့် ကင်မရာတစ်လုံး ဒါတွေသာပါခဲ့သည်။
ကားဝင်းသို့ အချိန်မီကား ရောက်ခဲ့ပါသည်။
ခရီးသာထွက်ခဲ့ရသည် မိတ္ထီလာအရေးအခင်းကြောင့် စိတ်ထဲတွင် စနိုးစနောက်တော့ဖြစ်မိသည်။ မိတ္ထီလာအရေးခင်းကြောင့်
အစိုးရစာမေးပွဲများပင် နောက် ဆုတ်ခဲ့ရသည်မဟုတ်လော၊ ဘာမဆိုင်ညာမဆိုင် စာမေးပွဲနောက်ဆုတ်ခဲ့ရသော
ညီတော်နောင်တော် များအတွက် ၀မ်းနည်းမိသည်ကားအမှန်ပင်၊ သို့သော် ဘယ်တတ်နိုင်မည်နည်း အခြေနေကား
စိုးရိမ်စရာ အခြေနေ ဖြစ်ခဲ့သည်ကိုး၊ လူနည်းစု ရခိုင်သွေးချင်းများ၏ အနိုင်ကျင့်ခံရတုန်းကပင်
ဒီအတိုင်း ကြည့်ခဲ့ဖူးသည်ပဲ မိတ္ထီလာ၏ ပြဿနာကို ဒီအတိုင်းဘာလို့မကြည့်နိုင်ရမှာလဲ (ဒါတောင်
တောက မတက်လာရင် ကုလားသတ်လို့ မိတ္ထီလာက သွေးချင်းတို့ အစပင်ကျန်ပါ့မလားမသိ၊ တမင်အသတ် ခံရသည့်
နောင်တော်တစ်ပါးအတွက်တော့ ယနေ့တိုင် ရင်နာမိဆဲပင်)။ မိမိလည်း ပုထုဇဉ်ပင်ဖြစ်၍ ခံစားချက်တော့
ရှိပါသည်။ တုန့်ပြန်ဖို့တော့ စိတ်ကူးမရှိပါ၊ ရန်ကိုရန်ခြင်း မတုန့်လျင်းလိုပါ၊ သို့သော်
ယနေ့တိုင် ၉၆၉-မှလွဲ၍ အခြားဆိုင်ကိုတော့ မ၀ယ်မိအောင် စောင့်ထိန်းခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော်
ပြောင်ပြောင်တင်းတင်း တံဆိပ်နှိပ်ပြီး ရောင်းချသူတို့၏ လုပ်ရပ်ကို ရင်နာလွန်း၍ဖြစ်သည် ။
ဖျော်ရည်အမျိုးမျိုး၊ ကော်ဖီမစ်အမျိုး၊သကြားလုံး၊ ပြုတ်သောက်လို့ရသည့် ခေါက်ဆွဲအမျိုးမျိုးစသည်တို့တွင်
သူတို့၏တံဆိပ်ကို ပြောင်ပြောင်တင်းတင်း ကပ်ထားသောကြောင့်ဖြစ်သည်။ သူတို့၏ဆိုင်တွင်လည်း
အရှေ့တွင် တိုင်းရင်းသူတို့ကို ဗန်းပြပြီး အနောက်တွင် လက်ညှိုးညွှန် ရောင်းချနေသည်တို့ကို
တွေ့နေ ရသောကြောင့်ဖြစ်သည်။ ဒီလောက်ရှောင်ကြဉ်သည့်ကြားကပင် ဆိုင်ထဲရောက်မှ သူတို့မှန်းသိကာ
အားနာနာနှင့်တစ်ခုစနှစ်ခုစ ၀ယ်ခဲ့ရဖူးသည်ပင်။ စာဖတ်သူတို့ကော ၀ယ်ခဲ့ဖူးမည်ဟု ထင်ပါသည်။
ဤသို့ရှောင်ကြဉ်သောကြောင့် လူသားချင်းစာနာမှုမရှိဟု သင်တို့ဆိုမည်လား၊ ထိုသို့ဆိုလျှင်
မိမိ၏အတွေ့အကြုံ(လုံးဝလုပ်ကြံမှုမရှိ) ကိုယ်တွေ့အဖြစ်အပျက်တို့အား စာဖတ်သူတို့ကို ပြောပြချင်ပါသည်။
စာဖတ်သူတို့က မိမိစာရေးသူကို မည်သို့ ပြောချင်ပြောပါစေ ဒီကျင့်ဝတ်တစ်ခုကိုကား အမျိုးသားရေးအသိစိတ်ဟူသော
တစ်ခုတည်းသောအကြောင်းကြောင့် စောင့်ထိန်းသွားပါမည်။ ဒါက ကျွန်ုပ်၏လုပ်ပိုင်ခွင့်မဟုတ်လော။
မိမိဆိုင်ရှေ့တွင် ၉၆၉-စတေကာတပ်ထားခြင်းသည် ဖျော်ရည်စသည့် ပစ္စည်းတွင် ပြောင်ပြောင်တင်းတင်း
တံဆိပ်ရိုက်နှိပ်ခြင်းလောက် မဆိုးနိုင်ဟု ယူဆပါသည်။
အော်-စကားကြောရှည်မိသဖြင့် လိုရင်းပင် ပျောက်မလိုဖြစ်နေပါပကော။
ကဲ-ရှေ့ဆက် ခရီးစဉ်ကိုသာ ရေးသားပါတော့မည်။ ကားပေါ်တွင် မိတ္ထီလာအရေးခင်းအကြောင်းစဉ်းစားနေမိသည်။
စဉ်းစား၍မဆုံးခင်ပင် မိတ္ထီလာသို့ဆိုက်ရောက်တော့သည်။ မိမိတို့မန်းရွှေမြို့တော်ကားသည်
Famous စားသောက်ဆိုင်နားက Royal Star စားသောက်ဆိုင်ရှေ့တွင် မိမိတို့၏ မန်းရွှေမြို့တော်ကားကြီး
ရပ်နားလိုက်သည်။ တိုင်ဆိုင်လှပါ၏။ အပေါ့သွားရာ နေရာသို့ အသွားအပြန်တွင် အပြာရောင်အ၀တ်နဲ့
ဘာလိုလိုညာလိုလိုတို့ အနည်းငယ်တွေ့ရပါသည်။ စိတ်ထဲတွင် ငါတို့ကို စောင့်ရှောက်ပေးနေခြင်းပဲဟု
မှတ်ယူမိသည်။ ယင်းဆိုင်တွင် ဘာမှမသောက်ခဲ့ပါ၊ တံဆိပ်ရှင်တို့ ဖြစ်နေမည်စိုးသောကြောင့်ဖြစ်သည်။
သို့သော် ဗိုက်ထဲမှ အလွန်ပူနေပါပြီ၊ သို့နှင့် ပလက်ဖေါင်းဘေးရှိ ဖျော်ရည်ရောင်းသည့်ဆိုင်လေးသို့သွားကာ
မန်ကျဉ်းဖျော်ရည်တစ်ဗူးမှာသောက်လိုက်သည်။ သောက်ပြီး ဗူးကိုကြည့်တော့မှ မိတ်ဆွေကြီးတို့၏
အမှတ်တံဆိပ်ကို ဘွားကနဲတွေ့ရတော့သည်။ အော်-ခက်နေပြီကော။ ကားပေါ်တွင် ကျိုက်ထီးရိုးသို့
ဘုရားဖူးသွားကြမည့်ခရီးသည်လေးယောက်ခန့်ကို တွေ့ရသည်မှာ ၀မ်းသာမိသည်။ အကြောင်းမှာ ကျိုက်ထီးရိုးကို
ဟိုးအရင် အငယ်တန်းတုန်းက တစ်ခေါက်ရောက်ဖူးခဲ့သဖြင့် မိမိနောက်ထပ် သွားချင်မိသောနေရာသို့
သွားကြမည့်ခရီးသည်တို့ကို တွေ့ရပြန်သောကြောင့် ၀မ်းသာမိခြင်းဖြစ်သည်။
ဤခရီးတွင် သုံးပါးကြွလာခဲ့ခြင်းဖြစ်ကာ ဘားအံရောက်သောအခါ နာရီစင်တွင်ဆင်းပြီး ကမ်းနားလမ်းရှိ
မိတ်ဆွေဖြစ်သူ အရှင်တေဇိန္ဒ၏ ဒကာမအိမ်သို့ခေတ္တ၀င်ကာ မျက်နှာသစ်၊သွားတိုက်ပြီး မစားရတာကြာပြီဖြစ်သည့်
အောက်ပြည်အောက်ရွာ (ဘားအံ)မုန်းဟင်းခါးဘုန်းပေးလိုက်သည် (မုန့်ဟင်းခါး အရမ်းကောင်းပါသည်။
မမ၊ဒေါ်ပုတ်၊အေးချမ်းတို့က ကပ်လှူခြင်းဖြစ်သည်) ။ ဤကား မိမိကို ကရင်ပြည်နယ်၊ဘားအံမြို့က
အဆင်ပြေစွာ၊ နွေးထွေးစွာသော အေးချိုမြမြ နံနက်ခင်းအလှတစ် ခုဖြင့်
နှုတ်ဆက်မှုပင်တည်း။
အမှားများကို ခွင့်လွှတ်ဖတ်ပေးပါ။ ဆက်ရေးပါဦးမည်။ အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment