ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, January 27, 2013

အမေနေ့ကို ကြိုဆိုခြင်း

Unknown | 1:41 AM |


ပြာသိုလပြည့် အမေနေ့ကို ဂုဏ်ပြုတဲ့ စာပေဟောပြောပွဲတွေကျင်းပကြ၊ တရားပွဲတွေကျင်းပကြ၊ ကဗျာစာအုပ်၊ဆောင်းပါး၊၀တ္ထုတွေထုတ်ကြဆိုတော့ အမေနဲ့ပတ်သက်တဲ့ အကြောင်း အရာလေးတွေကို ရေးချင်စိတ်ပေါ်လာမိတယ်။ အဖေများကတော့ သားတစ်ယောက်လိုခံစားပြီး ဖတ်ပေးပါ၊ အမေများကတော့ ကိုယ့်ကိုယ်ကို ပြန်လည်မြင်ယောင် ခံစားကြည့်ပါ။

အမေနေ့ကို ဘာဖြစ်လို့ ဒီလောက်ထိ အလေးထားနေကြလဲ? ဒီမေးခွန်းကို မဖြေတတ်ပေမယ့် စဉ်းစားမိတာလေးတစ်ခုကတော့ တိရစ္ဆာန်စတဲ့ သတ္တ၀ါတွေ (အများစု)ထဲက အမသတ္တ၀ါများက ကိုယ့်သားသမီးကို ပြန်လည်စောင့်ရှောက်ကြတယ်။ ခွေးတွေကြည့်ပေါ့။ တော်သလင်းလပြီးရင် ခွေးထီးတွေက သူ့ကိစ္စပြီးရင် သူသွားတာပဲ၊ ကျန်တဲ့ကိစ္စကို ခွေးမပဲ တာဝန်ယူရတာ၊ ကလေးမွေး တာ၊ ကျွေးမွေးတာတွေရောပေါ့။ သိပ္ပံသမားတွေကတော့ ဒါဟာ သူတို့ရဲ့ဗီဇလို့ သုံးသပ်ကြ တယ်။ နောက်တစ်ခုရှိတာက အဖေဆိုတာ မသေချာချင်နေမယ် အမေကတော့ သေချာတဲ့ အနေထားဖြစ်လို့ပါ။ ဒါကြောင့်ပဲ စာမေးပွဲအောင်လက်မှတ်စတာတွေမှာ အဖေနာမည်ပဲရေးပြီး အမေနာမည်မပါတာဟာဖြင့် အဖေအစစ်ကို လိုချင်တာကြောင့်နေမှာပါ။ (ဒီကနေ့ခေတ်မှာတော့ အဖေစစ်မစစ် စမ်းသပ်လို့ရနေပါပြီပေါ့)။

တစ်ခါတုန်းက ဆရာဝန်တစ်ယောက်ဆီကို အရပ်လက်သည်နဲ့ မွေးလို့အဆင်မပြေတဲ့ အတွက်ကြောင့် ရောက်လာတဲ့ ဗိုက်ကြီးသည်တစ်ယောက်ကို ထုံးစံအတိုင်း ကလေးနဲ့ ကလေးအမေ တစ်ယောက်ယောက်ရှုံးရမယ်ဆိုရင် ဘယ်သူ့ကိုအရှုံးခံမလဲလို့မေးတော့ ကလေးကိုပဲအရှုံးခံမယ်တဲ့။ ဆရာဝန်က သိပ်မကျေနပ်ချင်ပါဘူး။ ဒါနဲ့ မွေးလဲပြီးရော ခင်ဗျားက မိခင်စိတ်မရှိဘူးလား ဘာလို့ခင်ဗျားကိုယ်ကို ခင်ဗျားပြန်ရွေးတာလည်းဆိုတော့ သူဟာ အရွယ်မရောက်သေးတဲ့ ကလေးသုံးယောက်မိခင်ပါ။ တကယ်လို့ သူသေသွားခဲ့ရင် ဒီကလေး အပါအ၀င် ကလေးလေးယောက်ကို ဘယ်သူကျွေးမွေးမှာလဲ ဒါကြောင့် ရင်နာနာနဲ့ စွန့်လွှတ် ခဲ့ရတာပါလို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီတော့မှ ဆရာဝန်က သဘောကျသွားပါသတဲ့။

တစ်ခါတုန်းက တောမီးလောင်ပြီးလို့ တစ်နေရာမှာ သေနေတဲ့ ကြက်မတစ်ကောင်ကို တွေ့ ရပါတယ်။ အဲဒီကြက်မရဲ့ပုံစံက ၀ပ်နေတဲ့ပုံစံဖြစ်ပြီး သူ့အောက်မှာ ဥတွေကို တွေ့ရပါသတဲ့။

တစ်ခါတုန်းက ညောင်ဦးမှာ တိုးရစ်လင်မယားနှစ်ယောက်ဟာ ထန်းတက်နေတဲ့ နေရာ တစ်ခုကို ရောက်သွားပါတယ်။ ထန်းတက်နေတဲ့သားကို အောက်ကနေ အမေက သား- ကောင်းကောင်းတက်နော်၊ သတိထား၊ ပြုတ်ကျမယ်-လို့ လှမ်းပြောပါသတဲ့။ တိုးရစ်ကြီးက ဘာပြောတာလဲလို့ ဂိုက်ကိုမေးတဲ့အခါ အော်-သား- ကောင်းကောင်းတက်နော်၊ သတိထား၊ ပြုတ် ကျမယ်-လို့ ပြောတာနေမှာပေါ့-လို့ ချက်ချင်းပြန်ပြောပါသတဲ့။ စကားပြန်က အရမ်းအံ့သြသွားပြီး ခင်ဗျား မြန်မာစကားတတ်သလားလို့ ပြန်မေးတဲ့အခါ မတတ်ပါဘူး။ မိခင်စိတ်နဲ့ သိတာပါ လို့ ပြန်ဖြေပါသတဲ့။

တစ်ခါတစ်ရံ အမေတစ်ချို့ရဲ့အားနည်းချက်ကို မြင်တွေ့ကြုံလိုက်ရတဲ့အခါ ကမ္ဘာမီးလောင် သားတောင်(ကောင်) ချနင်းတဲ့စကား၊ ဘုရင်ကြီးနဲ့ အမတ်ကြီးဦးပေါ်ဦး(မမှတ်မိ)တို့ရဲ့ ရေ ထဲကိုမျောက်သားအမိ ထည့်ပြီး စမ်းသပ်မှုရဲ့အဖြေ၊ မလ္လိကာမိဖုရားကို ကောသလမင်းကြီးက ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးတဲ့အခါ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါလို့ ပြန်ဖြေဖူးတဲ့ သာဓက၊ အဲဒါတွေကို သားသမီးဖက်က သိရှိနားလည်ပေးပြီး မိခင်ဖက်ကလဲ ဘာသာ၊စာပေ၊အသိုင်း အ၀ိုင်းမရှိတဲ့အခါ ဒါမှမဟုတ် ကိလေသာများလွန်း၊ ငွေ၊အပျော်အပါးမက်လွန်းတဲ့အခါ ပျက်စီးတတ် တာကြောင့် ဒါတွေကို သတိထားပြီး မိခင်လောင်းဘ၀ကတည်းက မိခင်ကောင်း တစ်ယောက်ဖြစ်လာနိုင်အောင် ကျိုးစားကာ အမေဖြစ်ပြီးသူများကလဲ အမေနေ့ရဲ့ စင်မြင့်ထက်မှာ သားတို့၊သမီးတို့ရဲ့ ရိုကျိုးတဲ့လက်အုပ်ကို ဆွတ်ယူနိုင်ပါစေလို့ အမေနေ့အတွက် နှုတ်ခွန်းဆက် ပါတယ်။
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget