`
ရွှေကျင်ရာပြည့်သာသနာပိုင် ဆရာတော်သုံးပါးရှိခဲ့သည်။
၁။စံကင်းဆရာတော်။ ရွှေကျင်န၀မမြောက်ဆရာတော်ဖြစ်သည်။ ၁၂၃၂-ခု၊နတ်တော်လပြည့်ကျော် ၆ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်း၊လင်းယဉ်ရွာတွင် ဖွားမြင်သည်။ အဘိဓဇဘွဲ့ရသည်။ သက်တော်၁၀၁-၇လ-၄ရက် ရှည်တော်မူ၍ ၁၃၃၄၊ ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်တွင် လွန်တော်မူသည်။
၂။မဟာဝိသုဒ္ဓါရုံ ကြေးမြင်ဆရာတော်။ ဧကာဒသမမြောက်ရွှေကျင်ဆရာတော်ဖြစ်သည်။ ၁၂၄၇၊ ပြာသို လပြည့်၊ အင်္ဂါနေ့တွင် ၀မ်းတွင်းမြို့၊ သာဖန်းရွာတွင် ဖွားမြင်သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရသည်။ သက်တော် ၁၀၃-၁၀လ-၂၀ရက် ရှည်တော်မူသည်။ ၁၃၅၁၊ နတ်တော်လဆန်း ၅ရက်တွင် လွန်တော်မူသည်။
၃။ရွှေဟင်္သာဆရာတော်။ ဒွါဒသမမြောက်ရွှေကျင်ဆရာတော်ဖြစ်သည်။ ၁၂၅၅၊ နတ်တော်လဆန်း ၇ရက်၊ ကြာသာပတေးနေ့တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ဖွားမြင်သည်။ အဘိဓဇဘွဲ့ရသည်။ သက်တော် ၁၀၁-၇လ-၄ရက် ရှည်တော်မူသည်။ ၁၃၅၇၊ သီတင်းကျွတ်လပြည့်ကျော် ၁ရက်တွင် လွန်တော်မူသည်။

No comments:
Post a Comment