ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။
Showing posts with label အထွေထွေသုတ. Show all posts
Showing posts with label အထွေထွေသုတ. Show all posts

Saturday, May 11, 2013

Alphazawgyiunicode v3

Unknown | 6:37 AM | Be the first to comment!
ဒီဆိုက်ဒ်ထဲက ရေးတဲ့စာအတော်များများကို ဒီFontနဲ့ရေးထားတာပါ။ အဲဒါကြောင့် ဒီFontကို တင်လိုက်တာပါ ။ လိုချင်ရင် ဒီမှာ ယူပါ Print Friendly and PDF

Friday, February 15, 2013

လက်ပံပွင့်အတွေး

Unknown | 8:57 AM | Be the first to comment!
(ဘာရယ်မဟုတ်ဘူး၊ ပျင်းနေတာနဲ့ ဟိုတွေးဒီတွေး၊ အဲဒီထဲက ကိုးယိုးကားယားအတွေးတစ်ချို့ကို စာစီရေးလိုက်ရခြင်းပါ။ စာပေအထောက်ထားနဲ့ဖြေထားတာမဟုတ်လို့ အတည်မယူကျေးနော်။ တော်ကြာ ရေးတဲ့သူပါ စိတ်ဖောက်နေတယ် အထင်ခံနေရဦးမယ်။ လက်ပံတွေ ပွင့်တော့မယ်မဟုတ်လား စိတ်တွေနည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့။)

အမေး...နတ်ပြည်မှာ စာပေရှိရဲ့လား?
အဖြေ...နတ်ပြည်မှာ စာပေရှိပါတယ်။
အကြောင်းကို ရှင်းလင်းခြင်း = အရှင်မဟာဗုဒ္ဓဃောသ ၀ိသုဒ္ဓိမဂ်ကိုရေးတုန်းက သိကြားမင်း ဖွက်ထားခဲ့ဖူးတယ်။ အဲဒါကိုထောက်သောအားဖြင့် နတ်သိကြားတွေဟာ စာပေနဲ့လုံးဝကင်းမနေ တာကို သိလို့ရတယ်။ ပြီးတော့ ရှေးတုန်းက လပေါ်ကို သိကြားမင်း ယုန်ရုပ်ရေးခဲ့ဖူးတယ်။ အဲဒါကိုထောက်ရင်လဲ စာပေနဲ့အဆက်သွယ်ရှိတယ်ဆိုတာကို သိနိုင်တယ်။ ဘာကြောင့်လဲ? ရှေးအလွန်ကျတဲ့ စာတွေကို လေ့လာတဲ့အခါ စာလုံးတွေက အရုပ်ပုံသဏ္ဍာန်တွေဖြစ်တယ်။ ဥပမာ.. ရှေးခေတ်အိန္ဒိယစာတွေ၊ ပုဂံခေတ် လေးဒေါင်းသဏ္ဍာန် စာတွ၊ တခြား ရုပ်ပုံစာတွေက သာဓကဖြစ်တယ်။

တစ်ခုရှိတာက နတ်စာပေတိုးတက်မှုက လူတွေလိုပြောင်းလဲမနေဘူးဆိုရင် နတ်စာပေတွေက Death language ဖြစ်နေလိမ့်မယ်။ အဲဒါကြောင့်လဲ နတ်တွေက လူ့ပြည်ကို အလာနည်းတာဖြစ်နိုင်တယ်။ လာခဲ့မယ်ဆိုရင်လဲ ကမ္ဘာသုံးအင်္ဂလိပ်စာ၊အင်္ဂလိပ်စကားမတတ်နဲ့ ယုတ်စွအဆုံး မြန်မာစကားလဲတတ်မှာမဟုတ်လို့ မြန်မာနိုင်ငံတောင် လာဖို့ခက်ပါတယ်။

နတ်တွေ စာပေအားနည်းပုံနဲ့ပတ်သက်ပြီး တစ်ခါက တက္ကသိုလ်မဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။ လူ့ပြည်မှာရှိတဲ့ သာသနာ့တက္ကသိုလ်ကို သိကြားမင်းက တက်ချင်လွန်းအားကြီးလို့ လာလျှောက်သတဲ့။ အဲဒီတော့ သိကြားမင်းကို `ဒီအတိုင်းတော့ တက်လို့မရဘူး၊ ဒီတက္ကသိုလ်ကို တက်ချင်ရင် အကြီးတန်းအောင်ရမယ်၊ အင်္ဂလိပ်စာ၊ပါဠိ၊မြန်မာ၊သဒ္ဒါတွေ အဘိဓမ္မာတွေ ၀ိနည်းတွေ တတ်ထားရတယ်။ အဲဒီတော့ တက္ကသိုလ်တက်ချင်ရင် ၀င်ခွင့်သင်တန်းအရင်တက်လိုက်ဦး၊ အဲဒါပြီးမှ ၀င်ခွင့်ဖြေပါ၊ အောင်ရင်တော့ တက်ခွင့်ရမယ်-လို့ ၀ိုင်းရှင်းပြရတယ်။ အဲဒီလိုရှင်းပြတော့မှ သိကြားမင်း စိတ်ညစ်ပြီး နတ်ပြည်ပြန်ပြေးသွားသတဲ့။ သူမှ အဲဒါတွေ နားမလည်တာကိုး၊ အဲဒါကြောင့် ပြောပါတယ်။ နတ်ပြည်မှာ စာပေတိုးတက်မှု လူ့ပြည်လောက် မမြင့်ဘူးဆိုတာကိုပေါ့။

နောက်ပိုင်းမှာ လူ့ပြည်ကနေ ခေတ်ပညာတတ် စာပေ၀ါသနာပါတဲ့သူတွေက နတ်ပြည်ကိုရောက်သွားကြလို့ ခေတ်ပညာရေး အားနည်းတဲ့နတ်တွေကို ပြန်သင်ပေးမယ်ဆိုရင် နတ်တွေ စာပေတိုးတက်လာပြီး လူ့ပြည်အလာများနိုင်ပါတယ်။ အဲဒီလိုအလာများရင် လူ့ပြည်အတွက် အားတက်ဖွယ်တစ်ခုဖြစ်လာပါလိမ့်မယ်။ လက်ရှိနတ်ပြည်အခြေနေကတော့ စာပေသိပ်တိုးတက်ပုံမပေါ်သေးပါဘူး။ ခင်ဗျားတို့သေပြီး နတ်ပြည်ရောက်တဲ့အခါ လူ့ပြည်ပြန်လာချင်ရင် အရင်ဆုံး စာပေ၀ါသနာပါဖို့တော့ လိုတယ်။ ပြီးတော့ ရှေးရိုးကြီးတွေ မဖြစ်ဖို့လဲလိုတယ်။ ဘာကြောင့်လဲဆိုရင် စာပေတော့တတ်ပါရဲ့ နတ်ပြည်ရောက်လို့ ပညာရေးအားနည်းတဲ့နတ်တွေကို ပညာပြန်လည်မသင်ပေးပဲ အေးအေးဆေးဆေး နေကြမယ်ဆို ခင်ဗျားတို့နတ်ပြည်သွားတာ နတ်တွေအတွက် ပညာရေးဘက်ကကြည့်ရင် အားရစရာမရှိဘူးဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက စာပေ၀ါသနာပါတဲ့ ခေတ်ပညာတတ်တွေ နတ်ပြည်များများရောက်ဖို့လိုတယ်။ ဒါမှ မြန်မာနိုင်ငံက ကမ္ဘာရော စကြာဝဠာမှာပါ ထင်ရှားလာလိမ့်မယ်။ ကမ္ဘာသုံးမြန်မာစကား၊ မြန်မာစာဖြစ်လာလိမ့်မယ်။

တစ်ဆက်တည်းပြောရရင် ငရဲပြည်မှာလဲ စာပေရှိတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ မရှိခဲ့ဘူးဆိုရင် ငရဲမင်းကြီးရဲ့ ပေ၊ပရပိုဒ်တွေက ဘာစာမှမရေးထားသလိုဖြစ်နေမှာပေါ့။ တစ်ချို့ငရဲသားတွေကတော့ အပြစ်ကြီးလွန်းလို့ ဒါရိုက်ဒယ်အိုးထဲ ကန်ချခံရရင် လူ့ဘ၀ကဘာသာစကားနဲ့ အော်ကြငိုကြရမှာပဲ။ ဘာဖြစ်လို့လဲဆို ငရဲပြည်ကဘာသာစကားကို သူတို့မှမတတ်ထားကြတာပဲကိုး။ ဒါပေမယ့် များသောအားဖြင့်တော့ ငရဲကျမယ့်သူတွေကို ယမမင်းက ခေါ်ယူမေးမြန်းလေ့ရှိပါတယ်။ မေးမြန်းခံရတဲ့ ငရဲခံမယ့်သူတွေကို စကားပြန်နဲ့မေးတာလား ငရဲဘာသာစကားသင်တန်းတက်ပြီးမှ မေးမြန်းတာလားဆိုတာ ကိုယ်တွေလဲ မမှတ်မိတော့လို့ ရေးမပြနိုင်တာ သမိုင်းအတွက် နစ်နာချက်တစ်ခုဖြစ်ပါကြောင်း....။

(ထပ်ပြီးသတိပေးမယ်နော်...အတည်မယူကြေး)


အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

Monday, February 4, 2013

နယ်ချဲ့ပုံပြင်

Unknown | 6:41 PM | Be the first to comment!
တစ်ခါတုန်းက ဂင်္ဂါမြစ်၊ဂိဇ္ဈကုဋ်တောင်မှာ ညောင်ချဉ်ပင်တစ်ပင်ရှိသတဲ့၊အဲဒီညောင်ချဉ်ပင်ရဲ့ သစ်ခေါင်းထဲမှာ ကံမကောင်းအကြောင်းမလှလို့ ခြေသည်းလက်သည်းတွေကကြွေ၊ မျက်စိကလဲ ကန်းနေပြီဖြစ်တဲ့ ဇရဒ္ဂ၀ဆိုတဲ့လင်းတကြီးတစ်ကောင်နေထိုင်ပါတယ်။ အဲဒီညောင်ပင်မှာနေကြတဲ့ ငှက်ကလေးတွေက သူ့ကိုသနားလွန်းလို့ သူတို့ရှာဖွေရလာတဲ့ အစာတွေထဲက အစာတစ်ချို့ကို ခွဲဝေပေးကမ်းကြပါတယ်။

တစ်နေ့မှာတော့ ဒီဃကဏ္ဏလို့ခေါ်တဲ့ ကြောင်တစ်ကောင်က ငှက်တွေကိုစားဖို့အတွက် ညောင်ချဉ်ပင်ကိုရောက်လာခဲ့ပါတော့တယ်။ငှက်လေးတွေကလဲ ကြောင်ကြီးကိုမြင် တဲ့အတွက် ကြောက်လွန်းတာကြောင့် ညံညံစီစီအော်မြည်ကြပါတယ်။ငှက်တွေရဲ့အော်မြည်သံကိုကြားရတဲ့ လင်းတဟာ ခုလာနေတာဘယ်သူလဲလို့မေးလိုက်တဲ့အခါ လင်းတ ကြီးကို မြင်လိုက်ရတဲ့ကြောင်ဟာ - ငါတော့သေတော့မှာပဲ သေဘေးကို ငါကြောက်သော်ငြား ကြုံလာမယ့်ဘေးကိုတော့ သင့်သလိုလုပ်လိုက်တာပေါ့ သူ့လက်ကလွတ်မှာလဲမဟုတ် တာကြောင့် ဖြစ်လိုရာဖြစ်စေ အယုံသွင်းပြီး ရင်းနှီးအောင်လုပ်မယ်ဆိုတဲ့အကြံနဲ့ အနားကိုကပ်ကာ ကျွန်တော်က ကြောင်တစ်ကောင်ဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအခါမှာ လင်းတက သင်ထွက်သွားပါတော့ သင်မထွက်သွားလျင် သင့်ကိုသတ်မိပါလိမ့်မယ်လို့ ပြောဆိုနှင်ထုတ်ပါတယ်။ ကြောင်ကြီးရဲ့ပြန်လည်ပြောဆိုစကားတွေကတော့ - ကျွန်တော့စကားကိုနားထောင်ပါဦး၊ ကျွန်တော့စကားကို နားထောင်ပြီးခါမှ သတ်ထိုက်မသတ်ထိုက်ကိုဆုံးဖြတ်ပါ။ တစ်စုံတစ်ယောက်ကို အမျိုးဇာတ်ကြောင့် သတ်ထိုက်ပါရဲ့လား အကြောင်းခြင်းရာကို သေချာသိပြီးမှသာ သတ်ထိုက်သည် ပူဇော်ထိုက်သည်ကို ပြုသင့်ပါတယ်လို့ ပြောဆိုပါတယ်။

အဲဒီအခါ လင်းတက ပြောစမ်းပါဦးဟု အခွင့်ပေးပါတော့တယ်။ အဲဒီအခါ ကြောင်ကြီးက ငါဟာဂင်္ဂါမြစ်မှာ ရေချိုးလေ့ရှိပါတယ်။ သက်သတ်လွတ်ကိုလဲ စားလေ့ရှိပါတယ်။ မြတ်တဲ့အကျင့်ကို ကျင့်လေ့ရှိပါတယ်။ စန္ဒြာယဏအကျင့်ကို ကျင့်ပါတယ်။ သင်သည် တရားကိုသိပြီးတရားနှင့်အညီကျင့်တယ် သူတို့ရဲ့ယုံကြည်ရာဖြစ်တယ်လို့ ငှက်တွေက ကျွန်တော့ကိုသင့်ကြောင်း ချီးမွမ်းလေ့ရှိပါတယ်။ အတတ်ပညာ၊အသက်အရွယ်အားဖြင့် ကျွန်နုပ်ထက်မြတ်တဲ့အရှင့်ထံမှ တရားနာယူဖို့ရန် လာရောက်ခြင်းဖြစ်ပါတယ်။ ဒီလိုလာခဲ့တဲ့ကျွန်တော့ကို သတ်ချင်တာ သင်တို့လိုတရားသမားတွေရဲ့ ဧည့်ဝတ်ကြိုဆိုမှုပဲလား။ ကျွန်တော်ပြောပါရစေ မိမိအိမ်ကို လာတယ်ဆိုရင် ရန်သူပင်ဖြစ်ပါစေ သင့်လျော်တဲ့ဧည့်ဝတ်ကို ပြုရပါတယ်။ သစ်ပင်ဟာ မိမိကို ခုတ်လှဲမယ့်သူကိုတောင် အရိပ်မပေးပဲမနေပါဘူး၊ ဧည့်ဝတ်ပြုစရာ ဥစ္စာမရှိဘူးဆိုရင်တောင် နှစ်လိုဖွယ်စကားနဲ့ ဧည့်သည်ကိုပူဇော်ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူတော်ကောင်းတွေရဲ့ အိမ်မှန်ပါလျင် ထိုင်စရာမြက်အခင်း အပန်းဖြေစရာအရပ် သောက်ရေသုံးရေ ချိုအေးသောစကား အဲဒီလေးခုရှိရပါတယ်။ သူတော်ကောင်းတွေဟာ ဂုဏ်မဲ့တဲ့သူတွေအပေါ်သော်မှ သနားတတ်ကြပါတယ်။ ဥပမာ လ-ဟာ အလွန်အောက်တန်းကျတဲ့ စဏ္ဍာလရဲ့အိမ်ပင်ဖြစ်ပါစေ အရိပ်ကိုမကျပဲမနေသလိုပါပဲ။ အမျိုးမြင့်သူရဲ့အိမ်ကို အမျိုးနိမ့်တဲ့သူ ရောက်လာပါစေ ထိုက်သင့်သလောက် ပူဇော်သင့်ပါတယ်။ ဧည့်သည်ဆိုတာ နတ်ပါပဲ။

အဲဒီစကားတွေကို ကြောင်ကပြောပြီးတဲ့နောက်မှာ လင်းတက - ကြောင်ဆိုတာအသားစားသတ္တ၀ါပါပဲ၊ ဒီသစ်ပင်မှာလဲ ငှက်ကလေးတွေနေနေကြပါတယ်။ အဲဒါကြောင့်သာ ငါသင့်ကိုနှင်ထုတ်ရခြင်းဖြစ်ပါတယ်လို့ဆိုလိုက်ပါတယ်။ အဲဒီအခါ ကြောင်ဟာလက်နှစ်ဖက်ကို မြေကိုထိလျက် နားနှစ်ဖက်ကိုပိက်ရင်း ပါးစပ်ကလဲပြောဆိုတာက ငါဟာတရားကျမ်းဂန်ကို ကြားနာရတာကြောင့် တပ်မက်မှုကင်းပါတယ်။ ကျင့်နိုင်ခဲတဲ့ စန္ဒြာယဏအကျင့်ကိုလဲ ကျင့်ပါတယ်။ ကျမ်းစာအစောင်စောင်မှာ ငြင်းခုံမညီညွတ်ခြင်း မညှင်းဆဲခြင်းဟာမြတ်တဲ့တရားလို့ ဆိုပါတယ်လို့ ပြန်လည်ပြောဆိုကာ လင်းတကိုအယုံသွင်းပြီး သစ်ခေါင်းမှာနေထိုင်သွားပါတော့တယ်။

ရက်တွေကြာလာတာနဲ့အမျှ ကြောင်ဟာငှက်ကလေးတွေကို သတ်စားပြီး သစ်ခေါင်းထဲယူငင်စားသောက်ပါတယ်။ မိမိတို့ရဲ့သားငယ်တွေစားသောက်တာ ခံရတဲ့ငှက်တွေက အော်မြည်ကြ ပါတော့တယ်။ ကြောင်ကအခြေနေမဟန်မှန်းသိတဲ့အတွက် ချက်ချင်းထွက်ပြေးသွားပါတော့တယ်။ အကြောင်းခြင်းရာကို စုံစမ်းကြတဲ့အခါ သစ်ခေါင်းထဲမှာ ငှက်ရိုးတွေကို တွေ့သွားကြ ပါတယ်။ အဲဒီအခါ ငှက်တွေက ငါတို့ရဲ့သားငယ်တွေကိုသတ်စားတာ ဒီကျေးဇူးမသိတတ်တဲ့ လင်းတဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ပြီး လင်းတကိုသတ်လိုက်ကြပါတော့တယ်။

သင်ခန်းစာကတော့ = မိမိမသိတဲ့အမျိုးအနွယ်အကျင့်ရှိတဲ့သူကို နေရာမပေးသင့်ကြောင်း ကြောင်ရဲ့အပြစ်တွေကြောင့် အယုံလွယ်တဲ့လင်းတအသတ်ခံရကြောင်း သင်ခန်းစာယူရပါတယ်။

မှတ်ချက် = အထက်ပါစာများကို ကာလီဒါသရေးတဲ့ ဟိတောပဒေသမှ မျက်မမြင်လင်းတ၊ကြောင်နှင့်ငှက်များဝတ္ထုကို ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ စာသွားအယူအဆမှားယွင်းပါက မိမိအပြစ်သာဖြစ်ပါသည်။ မိမိနှင့်သင့်လျော်သလိုသာ သင်ခန်းစာယူစေလိုသည်။ဟိတောပဒေသနိဿယကိုကြည့်ပြီးရေးခြင်းဖြစ်ပါသည်။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

အမေဆိုသည်မှာ

Unknown | 7:11 AM | Be the first to comment!
စံပြမေတ္တာကို ဖော်ထုတ်သောအခါ မိခင်က သားသမီးအပေါ် ထားသည့်မေတ္တာကို ဥပမာပေးကြသည်။ ကမ္ဘာလောကကြီးသည် မေတ္တာအစေးဖြင့်ကပ်ထားသည်ဖြစ်သည်။
မိဘက သားသမီးအပေါ် မေတ္တာထားသည်၊ ညီအစ်ကိုမောင်နှမချင်းလည်း
မေတ္တာထားကြသည်၊ ဆွေမျိုးသားချင်းများလည်း တစ်ဦးအပေါ်တစ်ဦးမေတ္တာထားကြသည်၊ လူမျိုးအချင်းချင်းလည်း မေတ္တာထားကြသည်၊ လူလူချင်းထားကြသည့်မေတ္တာများအနက် မိခင်က သားသမီးအပေါ်ထားသည့်မေတ္တာသည် အားအရှိဆုံးဖြစ်သည်။ ဖခင်ကသား
သမီးအပေါ်ထားသည့်မတ္တောနှင့်ပင်မတူပေ။


အမိကျေးဇူးသည် ပြည်သူပြည်သားသတ္တ၀ါအများတို့ မှီခိုအားထားရာ
တိုင်းနိုင်ငံထက်ပင် ပိုမိုမြင့်မြတ်သည်။

အနစ်ခံခြင်း၊ အသက်ကိုပင်ပေးဝေလိုခြင်းစသော ကိုယ်ကျိုးစွန့်လွှတ်သော
အချစ်ကြောင့် မိခင်မေတ္တာသည် ရှေ့ဆုံးမှနေရာယူခဲ့သည်။

မိချစ်သား၊မြားဆိပ်ပြေ၊ ရွှေအိုးထမ်း၊ မျက်ကန်းမြင်၊ ပြည်တော်ဝင်လော့၊
မိခင်သစ္စာမူလေပြီ။


အထက်ပါစာသားတို့ကို တစ်နေရာရာမှ တွေ့ရှိခဲ့ပါသည်။  ရေးသူမမှတ်မိတော့သဖြင့် ဤအတိုင်း ရေးလိုက်ရပါသည်။

ရှင်တေဇိန္ဒ(ဘားအံ) Print Friendly and PDF

Sunday, February 3, 2013

ငှက်နှင့်လူသား

Unknown | 7:21 PM | Be the first to comment!
ခြေထောက်ကိုမထိန်းနိုင်သဖြင့်
ငှက်တို့သည် ပိုက်ကွန်၌မိကြ၏။
လျှာကိုမထိန်းနိုင်သဖြင့်
လူတို့ အန္တရာယ်ကိုငြိကြ၏။ (ဖေမြင့်)

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

သူတော်နှင့်မသူတော်

Unknown | 7:16 PM | Be the first to comment!
သူတော်ကောင်းအကျင့်သည် အများစိတ်ကိုနှစ်သက်စေ၏၊
မသူတော်၏စိတ်ကိုမနှစ်သက်စေနိုင်။
မသူတော်အကျင့်သည် အများစိတ်ကိုပျက်စ၏၊
သူတော်ကောင်း၏စိတ်ကိုမပျက်စေနိုင်။
သူတော်နှင့်မသူတော်သည် ရှေးအကြာင်းကံလည်းဝေးသည်။
ယခုအကျင့်လည်းဝေးသည်။ နောင်လားရာဂတိလည်းဝေးသည်။ (ပထမရွှေကျင်ဆရာတော်)

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

ယောက်ျားအာဇာနည်

Unknown | 7:13 PM | Be the first to comment!
ဒုလ္လဘော ပုရိသာ ဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

ယောကျာ်းအာဇာနည်ကို ရခဲပါတယ်။ နေရာတိုင်းတွင် မပေါ်ပေါက်တတ်။ ပေါ်ပေါက်လာခဲ့ပါကလည်း ထိုအရပ်ဒေသအဖို့ ချမ်းသာရာချမ်းသာကြောင်းဖြစ်၏။ ( ဓမ္မပဒ ဗုဒ္ဓ၀ဂ် )

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

Sunday, January 27, 2013

ရာပြည့်ဆရာတော်များနှင့်ရွှေကျင်

Unknown | 7:22 PM | Be the first to comment!
အင်ကြင်းခက်ကြိုင်း ရွှေကျင်ဂိုဏ်း-လို့ အလွယ်မှတ်ပါ။ ၁၂၂၂-ခု၊ ရတနာပုံမြို့တည် မင်းတုန်းမင်း လက်ထက်တွင် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊၀က်လက်အနား ရွှေကျင်ရွာဇာတိ ဆရာတော်ကြီး အရှင်ဇာဂရ မထေရ်မှ စတင်တည်ထောင်တော်မူခဲ့ပါတယ်။ မင်းတုန်းမင်း စတင်လှူတော်မူခဲ့တဲ့ ရွှေကျင်သာသနာ အတွက် ကျောင်းတော်က မန္တလေးတောင်ခြေရဲ့ မြောက်အနားက မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ဆိုတာပါပဲ။
`
ရွှေကျင်ရာပြည့်သာသနာပိုင် ဆရာတော်သုံးပါးရှိခဲ့သည်။
၁။စံကင်းဆရာတော်။ ရွှေကျင်န၀မမြောက်ဆရာတော်ဖြစ်သည်။ ၁၂၃၂-ခု၊နတ်တော်လပြည့်ကျော် ၆ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်း၊လင်းယဉ်ရွာတွင် ဖွားမြင်သည်။ အဘိဓဇဘွဲ့ရသည်။ သက်တော်၁၀၁-၇လ-၄ရက် ရှည်တော်မူ၍ ၁၃၃၄၊ ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်တွင် လွန်တော်မူသည်။

၂။မဟာဝိသုဒ္ဓါရုံ ကြေးမြင်ဆရာတော်။ ဧကာဒသမမြောက်ရွှေကျင်ဆရာတော်ဖြစ်သည်။ ၁၂၄၇၊ ပြာသို လပြည့်၊ အင်္ဂါနေ့တွင် ၀မ်းတွင်းမြို့၊ သာဖန်းရွာတွင် ဖွားမြင်သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရသည်။ သက်တော် ၁၀၃-၁၀လ-၂၀ရက် ရှည်တော်မူသည်။ ၁၃၅၁၊ နတ်တော်လဆန်း ၅ရက်တွင် လွန်တော်မူသည်။

၃။ရွှေဟင်္သာဆရာတော်။ ဒွါဒသမမြောက်ရွှေကျင်ဆရာတော်ဖြစ်သည်။ ၁၂၅၅၊ နတ်တော်လဆန်း ၇ရက်၊ ကြာသာပတေးနေ့တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ဖွားမြင်သည်။ အဘိဓဇဘွဲ့ရသည်။ သက်တော် ၁၀၁-၇လ-၄ရက် ရှည်တော်မူသည်။ ၁၃၅၇၊ သီတင်းကျွတ်လပြည့်ကျော် ၁ရက်တွင် လွန်တော်မူသည်။ Print Friendly and PDF
Twitter Bird Gadget