ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

အမေဆိုသည်မှာ

Unknown | 7:11 AM |
စံပြမေတ္တာကို ဖော်ထုတ်သောအခါ မိခင်က သားသမီးအပေါ် ထားသည့်မေတ္တာကို ဥပမာပေးကြသည်။ ကမ္ဘာလောကကြီးသည် မေတ္တာအစေးဖြင့်ကပ်ထားသည်ဖြစ်သည်။
မိဘက သားသမီးအပေါ် မေတ္တာထားသည်၊ ညီအစ်ကိုမောင်နှမချင်းလည်း
မေတ္တာထားကြသည်၊ ဆွေမျိုးသားချင်းများလည်း တစ်ဦးအပေါ်တစ်ဦးမေတ္တာထားကြသည်၊ လူမျိုးအချင်းချင်းလည်း မေတ္တာထားကြသည်၊ လူလူချင်းထားကြသည့်မေတ္တာများအနက် မိခင်က သားသမီးအပေါ်ထားသည့်မေတ္တာသည် အားအရှိဆုံးဖြစ်သည်။ ဖခင်ကသား
သမီးအပေါ်ထားသည့်မတ္တောနှင့်ပင်မတူပေ။


အမိကျေးဇူးသည် ပြည်သူပြည်သားသတ္တ၀ါအများတို့ မှီခိုအားထားရာ
တိုင်းနိုင်ငံထက်ပင် ပိုမိုမြင့်မြတ်သည်။

အနစ်ခံခြင်း၊ အသက်ကိုပင်ပေးဝေလိုခြင်းစသော ကိုယ်ကျိုးစွန့်လွှတ်သော
အချစ်ကြောင့် မိခင်မေတ္တာသည် ရှေ့ဆုံးမှနေရာယူခဲ့သည်။

မိချစ်သား၊မြားဆိပ်ပြေ၊ ရွှေအိုးထမ်း၊ မျက်ကန်းမြင်၊ ပြည်တော်ဝင်လော့၊
မိခင်သစ္စာမူလေပြီ။


အထက်ပါစာသားတို့ကို တစ်နေရာရာမှ တွေ့ရှိခဲ့ပါသည်။  ရေးသူမမှတ်မိတော့သဖြင့် ဤအတိုင်း ရေးလိုက်ရပါသည်။

ရှင်တေဇိန္ဒ(ဘားအံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget