ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

ဝိဇ္ဇာဆိုသည်မှာ

Unknown | 6:57 PM |
လယ်တီဆရာတ်ေဘုရားကြီးသည် ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းတွင် ၀ိဇ္ဇာသရုပ်ကို ငါးမျိုးထုတ်ပြတော်မူခဲ့သည်။ ယင်းတို့မှာ - ဝေဒ၀ိဇ္ဇာ၊မန္တ၀ိဇ္ဇာ၊ဂန္ဓာရီဝိဇ္ဇာ၊လောကိယ၀ိဇ္ဇာ၊အရိယ၀ိဇ္ဇာတို့ဖြစ်သည်။

ဝေဒ၀ိဇ္ဇာ = သာမဗေဒင်၊ဣရုဗေဒင်၊ယဇုဗေဒင်၊အာထဗ္ဘနဗေဒင်-ဟူသော ဗေဒင်လေးမျိုးသည် ဝေဒ၀ိဇ္ဇာမည်၏။

မန္တ၀ိဇ္ဇာ = အမျိုးမျိုးသောလက္ခဏာကျမ်း၊ အမျိုးမျိုးသောနိမိတ်ကျမ်း၊ အမျိုးမျိုးသောနက္ခတ်ကျမ်း၊ အမျိုးမျိုးသောဂါထာမန္တရားကျမ်း၊ ဆေးကျမ်း၊ဓါတ်ကျမ်းအစရှိသော လောကီပညာဟူ၍ ယခုခေတ်တွင်ခေါ်ကြသော အတတ်မျိုး၊ပညာမျိုးဟူသမျှသည် မန္တ၀ိဇ္ဇာမည်၏။

ဂန္ဓာရီဝိဇ္ဇာ = ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ ပြဒါးဝိဇ္ဇာ သံဝိဇ္ဇာ-ဟူ၍ ၀ိဇ္ဇာဓရကျမ်းများ၌လာသော ဓနသိဒ္ဓိ ပထ၀ီသိဒ္ဓိ ဥဒကသိဒ္ဓိ အာကာသသိဒ္ဓိ အာယုသိဒ္ဓိမျိုးသို့ ပေါက်ရောက်သဖြင့် နတ်သိကြားတို့ အဘိဥာဏ်တန်ခိုးနှင့် အလားတူစွမ်းသော ၀ိဇ္ဇာမျိုးဟူသမျှသည် ဂန္ဓာရီဝိဇ္ဇာမည်၏။

လောကိယ၀ိဇ္ဇာ = သာသနာပအခါတွင် သရဘင်္ဂ သုနေတ္တ အရကစသော ရသေ့ဆရာကြီးတို့သည် ကသိုဏ်းဈာန်တို့ကို ရရှိနိုင်နင်ပြီး၍ အားထုတ်သဖြင့်ရအပ်သော ဣဒ္ဓိဝိဒအဘိဥာဏ် ဒိဗ္ဗစက္ခုအဘိဥာဏ် ဒိဗ္ဗသောတအဘိဥာဏ် စေတောပရိယအဘိဥာဏ် ပုဗ္ဗေနိဝါသအဘိဥာဏ် အနာဂတံသအဘိဥာဏ်ဟူသော အဘိဥာဝိဇ္ဇာတို့သည် လောကိယ၀ိဇ္ဇာမည်၏။

အရိယ၀ိဇ္ဇာ = အနိစ္စ၀ိဇ္ဇာ ဒုက္ခ၀ိဇ္ဇာ အနတ္တ၀ိဇ္ဇာ မဂ္ဂ၀ိဇ္ဇာ ဖလ၀ိဇ္ဇာတို့သည် အရိယ၀ိဇ္ဇာမည်၏။

ယနေ့ခေတ်တွင် ရိပ်သာများတွင် ယောဂီများဝိပဿနာအလုပ် အားထုတ်ကြသည်။ ထိုဝိဇ္ဇာငါးမျိုးတွင် အရိယ၀ိဇ္ဇာကို ရလိုခြင်းဖြစ်လိမ့်မည်။ လွယ်ကူစွာရနိုင်မည်တော့မဟုတ်ပေ။ အကယ်၍ အရိယ၀ိဇ္ဇာကိုရယူပိုင်ဆိုင်လိုပါလျင် အချက်ငါးချက်နှင့်ပြည့်စုံရမည်ဟု အင်္ဂုတ္ထုရ်တွင်ဆိုထားသည်။ ယင်းတို့မှာ -
၁။ဘုရားအပေါ်၌ယုံကြည်ခြင်း
၂။ကိုယ်လက်အင်္ဂါကျန်းမာခိုင်ခံ့ခြင်း
၃။ဝမ်းတွင်းနှလုံးဖြောင့်စင်းခြင်း
၎။ဝီရိယထက်သန်ခြင်း
၅။ရုပ်ခန္ဓာတို့၏ ဖြစ်မှု၊ချုပ်မှုတို့တွင် ဥာဏ်အမြင်စူးရှခြင်း တို့ဖြစ်သည်။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget