ထိုသို့ယူဆခြင်းနှင့် ပတ်သက်၍ ဤသို့ယူဆခြင်းမှာ မဖြစ်သင့်၊ အကြောင်းမှာ ကိုယ်ဖြင့်မထိသောသူအား ကာမကိစ္စကို မပြီးစေနိုင်၊ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့၏ ကာမကိစ္စသည် လူတို့အတိုင်းသာ၊ လူတို့နှင့် အတူတူပင်ဖြစ်၏ -ဟု ရှေးအဋ္ဌကထာဆရာကြီးများ ပယ်လေသည်။ (ဒီ၊ဋ္ဌ၊၃၊၁၈၃)
ဖောဋ္ဌဗ္ဗာရုံကို လူတို့ကဲ့သို့ ခံစားကြသော်လည်း သုတ်သွေးထွက်ခြင်း ရွေ့လျားခြင်းမရှိ၊ သို့သော် ရဟန္တာ အရှင်မြတ်များကဲ့သို့ သုတ်သွေးမရှိတော့ခြင်းကား မဟုတ်ပေ၊ နတ်သမီးများသည် လူမိန်းမတို့ကဲ့သို့ ဓမ္မတာသွေးလာခြင်း ကိုယ်ဝန်ဆောင်ခြင်း ကလေးမွေးခြင်း နို့တိုက်ရခြင်းမျိုး မရှိ၊ စာတုမဟာရာဇ်နတ်သမီး များကား ဓမ္မတာသွေးလာခြင်းတို့ရှိသည်။ (ဗုဒ္ဓကျမ်းလာနတ်ဒေ၀ါများ၊၃၆၂-၃)
အရှင်က၀ိန္ဒ(ချောင်းဆုံ)

No comments:
Post a Comment