အလှူ့ရှင်သည် အကယ်၍ လူ့ဘ၀ကို မတောင့်တပဲ စာတုမဟာရာဇ်စသည့် နတ်ပြည်ခြောက်ထပ်ရှိ တစ်ထပ်ထပ်သော နတ်တို့ကိုမြင်ရ၍ ဤနတ်တို့သည် အသက်ရှည်ကုန်၏ အဆင်းလှကုန်၏။ ချမ်းသာ ၏ -ဟု ငါကြားဖူး၏။ ငါသေလွန်လျင် ဤနတ်တို့၏ အပေါင်းအဖေါ်ဖြစ်ရမူကား ကောင်းလေစွ-ဟု -တောင့်တလျက် ပေးလှူ၏။ ထိုအလှူ့ရှင်သည် သီလနှင့်ပြည့်စုံသူ သီလရှိသူဖြစ်ပါက မိမိတောင့်တ -သော နတ်ပြည်ခြောက်ထပ်မှ တစ်ထပ်ထပ်သို့ ရောက်ရဖြစ်ရ၏။ ဤသို့သောနည်းအားဖြင့် အင်္ဂုတ္ထိုရ် တွင် ဘုရားရှင် ညျွှန်ပြတော်မူခဲ့သည်။
နောက်ထပ်တစ်ဖန် နတ်ပြည်ရောက်ရန် နည်းလမ်းကို ဘုရားရှင်သည် ဓမ္မပဒပါဠိတော်တွင် မှန်သော စကားကိုသာ ပြောဆိုခြင်း၊ သူတစ်ပါးကို အမျက်မထွက်ခြင်း၊ သီလရှိသော ရသေ့ရဟန်းတို့က ပေးပါ- ဟု နှုတ်က မတောင်းဆိုပါသော်လည်း အိမ်ရှေ့သို့ လာရောက်ရပ်ခဲ့သည်ရှိသော် တစ်စုံတစ်ရာသော အလှူဝတ္ထုပင်ဖြစ်စေ ပေးလှူရာ၏။ ထိုသို့ပေးလှူခဲ့ပါက နတ်ပြည်ရောက်နိုင်၏-ဟု မိန့်တော်မူခဲ့သည်။ (အံ၊၃၊၇၀။ ဇာ၊၄၅။ ဇာ၊ဋ္ဌ၊၂၊၂၀၂)
No comments:
Post a Comment