၁။နတ်ပန်းများ ညှိုးနွမ်းခြင်း
၂။နတ်ဝတ်တန်ဆာများ ညစ်နွမ်းခြင်း
၃။လက်ကတီးကြား (ချိုင်းကြား)မှ ချွေးထွက်ခြင်း
၎။ရုပ်ရည်အဆင်း ဖေါက်ပြန်ခြင်း
၅။နတ်ပြည်ဘုံ၊ ဗိမာန်တွင် မပျော်ပိုက်တော့ခြင်း (ဇာ၊ဋ္ဌ၊၅၊၂၉၇)
ဤနိမိတ်များကို ပြလေ့ရှိသည်။ သို့သော် ယင်းနိမိတ်များကို နတ်များအားလုံးပင် ထင်ကြသည်ကားမဟုတ်၊ နတ်ခိုးကြီးသော နတ်များသာ ထင်မြင်ကြရသည်။
နတ်များသည် အကြောင်းလေးမျိုးကြောင့် သေဆုံးကြရသည်။ ယင်းတို့မှာ -
၁။အသက်တမ်းကုန်၍ သေခြင်း
၂။ကုသိုလ်ကံအစွမ်းကုန်၍ သေခြင်း
၃။အာဟာရကုန်၍ သေခြင်း
၎။အမျက်ထွက်၍ သေခြင်း - တို့ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၀)
ထိုအကြောင်းလေးခုတို့တွင် တစ်ခုခုကြောင့် နတ်များသေဆုံးကြရတော့မည်ဖြစ်လျင် သေဆုံးခါနီးတွင် ပညာရှိနတ်သား တစ်ယောက်ယောက်က အိုမိတ်ဆွေ သင်သည် နတ်ပြည်မှုစုတေလျင် သုဂတိဖြစ်သော လူ့ပြည်သို့သွားပါလေ၊ လူဖြစ်ပါက သူတော်ကောင်းတစ်ရားတို့တွင် အမြတ်ဆုံးဖြစ်သော သဒ္ဓါတရားကို သင့်သန္တာန်တွင် တည်အောင်ကျိုးစားပါလေ၊ သင့်သန္တာန်သို့ သဒ္ဓါတရားကိန်းဝပ်ပြီးလျင် သေသည့် တိုင်အောင် မပျက်စီးစေပါလင့်၊ ကိုယ်၊နှုတ်၊စိတ်ဖြင့် ကြောင့်ကြမှုမရှိသော ကုသိုလ်ကို ပြုပါ၊ အလှူ ဒါနပြု၍ သူတစ်ပါးတို့ကိုလည်း သူတော်ကောင်းတရား၌ တည်အောင်ကျိုးစားပါ၊ ထိုသို့ပြုပြီးနောက် နတ်ပြည်သို့ အဖန်ဖန် ပြန်လာခဲ့ပါ-ဟု အားပေး၍ အမှာစကား ပြောကြားလေ့ရှိသည်။ (အပ၊၁၊၂၉၉)
အရှင်က၀ိန္ဒ(ချောင်းဆုံ)

No comments:
Post a Comment