ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

သီလထက်ဒါနမြတ်သလား?

Unknown | 6:37 PM |
တစ်ခါတွင် နေမိမင်းသည် ငါသည် ဒါနအမှု သီလအမှုကို ပြုခဲ့၏။ ဘယ်အရာက ပိုမြတ်သနည်း-ဟု အကြံဖြစ်သည်။ ထိုအကြံကြောင့် စိတ်ပြန့်လွင့်ကာ သမာဓိမရ၊ သမာဓိမရသဖြင့် အမှန်ကိုဆုံးဖြတ်ရန် ယထာဘူတဥာဏ်မဖြစ်ပေါ်။ နေမိမင်း၏ သီလအာနုဘော်ကြောင့် သိကြားမင်းသည် တာဝတိံသာမှ ဆင်းသက်ကာ ဖြေရှင်းခဲ့သည်။ အောက်ပါတို့သည် သိကြားမင်းအဖြေများဖြစ်သည်။

အနိမ့်ဆုံးသီလကြောင့် မင်းမျိုးတွင်ဖြစ်နိုင်သည်။ အလတ်စားသီလကြောင့် နတ်ပြည်တွင်ဖြစ်နိုင်သည်။ အမြင့်ဆုံးသီလကြောင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏။ (သာသနာပအနိမ့်ဆုံးသီလဟူသည် တိတ္ထိ -ကျောင်းတွင် မေထုန်အမှုကို ရှောင်ကြဉ်ခြင်းတစ်ပါးသီလတည်း။ အလတ်စားသီလဟူသည် သီလကို ကျင့်သဖြင့် ဈာန်အနီးသို့ရောက်၍ နီဝရဏတရားတို့ကို တဒင်္ဂသတ္တိဖြင့် ပယ်ခွာနိုင်သော မဟာကုသိုလ်စေတနာဟုဆိုအပ်သော သီလတည်း။ အမြတ်ဆုံးသီလဟူသည် ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ဈာန်ရကာ သမာပတ်ရှစ်ပါးနှင့်ပြည့်စုံခြင်း သေသော် ဗြဟ္မာ့ပြည်ရောက်ခြင်းတည်း။ သာသနာတွင်းအနိမ့် ဆုံးသီလသည် နတ်သိကြားအဖြစ်ကိုတောင့်တသဖြင့် စတုပါရိသုဒ္ဓိသီလကိုစောင့်သော ရဟန်း၏ဗြဟ္မစရိ ယ သီလကို တောင့်တသဖြင့် တောင့်တတိုင်းပြည့်ခြင်းတည်း။ အလတ်စားသီလသည် ဗြဟ္မစရိယစေတနာ ကို တောင့်တသဖြင့် ဗြဟ္မစရိယစေတနာကို ပေးနိုင်ခြင်းတည်း။ ဗြဟ္မာ့ပြည်ကိုတောင့်တသဖြင့် စတုပါရိ သုဒ္ဓိသီလနှင့်ပြည့်စုံသောရဟန်းသည် ၀ိပဿနာကိုပွားသဖြင့် မဂ်ဖိုလ်သို့ရောက်ကာ ရဟန္တာဖြစ်ခြင်းသည် အမြတ်စားသီလတည်း)

ရှေးအခါက ဒုတိပမင်း၊ သာဂရမင်း၊ သေလမင်း၊ မုဇကိန္ဒမင်း၊ ဘဂီရသမင်း၊ ဥသိန္ဓရမင်း၊ ပုထုဇ္ဇနမင်းတို့နှင့် အခြားသော မင်းပုဏ္ဏားတို့သည် အလှုပြုသည့်အခါ ချမ်းသာစည်းစိမ်ကိုတောင့်တကြသဖြင့် သေသောအခါ -ပြိတ္တာဘုံခေါ်ကာမာဝစရနတ်ပြည်သို့ရောက်ကြရ၏။ ယာမဟနုရသေ့၊ သောမယာဂရသေ့၊ မနောဇရသေ့၊ သမုဒ္ဒရသေ့၊ မာဃရသေ့၊ ဘရတရသေ့၊ ကာလပုရက္ခတရသေ့-ဟူသော ရသေ့ညီနောင်ခုနစ်ဖေါ်တို့နှင့် အဂီင်္ရသရသေ့၊ ကဿပရသေ့၊ ကိသ၀စ္ဆရသေ့၊ အကိတ္တိရသေ့-ဟူသော ရသေ့လေးပါးတို့သည် အိမ်ယာ မထောင် ခြိုးခြံစွာကျင့်သဖြင့် ဗြဟ္မာမင်းဖြစ်ရသည်။ (ကိလေသာကာမဟူသော လောဘဇော၏ကျက်စား ရာ မှီခိုတွယ်ရာ အာရုံငါးငါး-ဟုဆိုသည့် ၀တ္ထုကာမတို့ကို မရလျင် အလွန်ပူပန်တတ်သောကြောင့် ပြိတ္တာနှင့် တူသောကြောင့် ကာမာဝစရနတ်ပြည်ခြောက်ထပ်ရှိနတ်တို့ကို ပြိတ္တာဟုခေါ်သည်။ စင်စစ် ယင်းသို့ဆိုခြင်း သည် နိဒဿနနည်းဖြင့်ဆိုခြင်းသာတည်း။ ကိလေသာကို မခွာနိုင်သေးလျင် ၀တ္ထုကာမကို တောင့်တပူပန် တတ်သဖြင့် ကာမဆယ့်တစ်ဘုံရှိ သတ္တ၀ါအားလုံး ပြိတ္တာများသာတည်း။ အပါယ်လေးဘုံသားတို့ကား မုချပြိတ္တာဖြစ်၍ ကာမသုဂတိခုနစ်ဘုံသားတို့သည် သဒိသူပစာပြိတ္တာတို့တည်း)

တစ်ခါက ဟိမ၀န္တာတောင်ဝယ် သီဒါနဒီမြစ်နားဝယ် အဘိဥာဏ်ငါးပါး၊ သမာပတ်ရှစ်ပါးရသော ရသေ့တစ် -သောင်းတို့ နေထိုင်ကြသည်။ ဆွမ်းအလို့ငှာ အချို့က မြောက်ကျွန်းသို့ကြွကြသည်။ အချို့က ဇမ္ဗုသပြေ သီးကို စားသုံးကြသည်။ အချို့က အနားရှိသစ်သီးတို့ဖြင့်စားကြသည်။ အချို့က ရပ်ရွာနိဂုံးတို့သို့ ဆွမ်းခံကြွ ကြသည်။ လျှာပင်ရှိသော်ငြား အရသာကို တပ်မက်မှုမထား ဈာန်တရားဖြင့်သာ နေထိုင်ကြသည်။ တစ်နေ့ -သောအခါ ရသေ့တစ်ပါးသည် ဆွမ်းခံကြွရာတွင် မင်းပုရောဟိတ်အိမ်သို့ကြွမိလေသည်။ ကြာလာသော အခါ မျက်မှန်းတန်းမိသဖြင့် ပုရောဟိတ်မှ မေးမြန်းစုံစမ်းရာ လွန်စွာကြည်ညိုသဖြင့် မင်းကိုခွင့်ပန်ကာ ရသေ့ဝတ်လိုက်သည်။ ဈာန်သမာပတ်ရသောအခါ မင်းကိုကတိပေးထားသည့်အတိုင်း မင်းထံကြွလေ သည်။ မင်းသည် လွန်စွာကြည်ညိုလှသဖြင့် ရသေ့များကို ဆွမ်းလုပ်ကျွေးလိုကြောင်းပြောရာ ရသေ့မှ အတူခေါ်ဆောင်သည်။ နယ်စပ်ရောက်သောအခါ တန်ခိုးဖြင့် ဟိမ၀န္တာသို့ခေါ်ဆောင်သွားလေသည်။ ထိုသီဒါနဒီအနားတွင်ပင် သစ်ခက်တဲနန်းစိုက်၍ ရသေ့များကို ဆွမ်းလုပ်ကျွေးခဲ့သည်။ ကြာသော်လွန်စွာ ကြည်ညိုလှသဖြင့် ထိုအရပ်တွင်ပင် ကျုံး၊ တံခါး၊ ပစ္စင်၊ ရင်လျှောက်၊ အခင်းအကျင်းများနှင့်အတူ မြို့တည် သည်။ လယ်ယာခေါင်းတာ တီထွင်ကာနေထိုင်သည်။ ဤသို့ဖြင့် အနှစ်တစ်သောင်းတိုင်အောင် ရှိခိုးခြင်း အလှုပေးခြင်းတို့ဖြင့် နေထိုင်ကာ သေလွန်သောအခါ ဆကာမာဝစရနတ်ပြည်ခြောက်ထပ်သို့ ရောက်ရ သည်။ ရသေ့တို့ကား ဗြဟ္မာ့ပြည်ရောက်ရသည်။ ထိုအခါက သိကြားမင်းသည် ယခုအခါ နေမိမင်းကို ပြဿ နာ ဖြေရှင်းပေးသောသိကြားမင်းပင်ဖြစ်သည်။ (ဇာ၊ဋ္ဌ၊၆၊၁၁၉-၁၃၀)

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget