ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

လူနဲ့နတ်အတူအိပ်နိုင်သလား

Unknown | 6:38 PM |
လူတို့၏အနံ့သည် နတ်တို့အား ယူဇနာ ၁၀၀-အဝေးမှပင် နံသည်-ဟု ဆိုကြသည်။ ထိုသို့ဆိုပင် ဆိုကြ -သော်လည်း မန္ဓာတ်မင်းသည် တာဝတိံသာနတ်ပြည်ဝယ် သုံးကျိပ်ခြောက်ယောက်သော သိကြားမင်း အစဉ်အဆက်တိုင်အောင် နတ်စည်းစိမ်ခံစား၍ နတ်သမီးများ အလယ်တွင် ကြည်ရွှင်စွာနေ၏။ ယင်းသို့ အတူနေနိုင်ခြင်းမှာလည်း မန္ဓာတုစကြာမင်းသည် လူသားပင်ဖြစ်သော်လည်း နတ်ပြည်သို့ရောက်သည်နှင့် လူ့သဘာဝပျောက်ကွယ်၍ နတ်သဘာဝဖြင့် နေရသောကြောင့်ဖြစ်သည်။ အညစ်အကြေးစွန့်စရာ မလို -တော့ပေ။ လူတို့အစားအသောက်ကိုလည်း စားသောက်သည်မဟုတ်ပေ။ နတ်တို့သြဇာကိုသာ သုံးဆောင် သည်။ ယင်းသို့ သုံးဆောင်နိုင်ရန် နတ်တို့၏ ပါစကတေဇောဖြစ်ပေါ်လာသည်။ တစ်ခုရှိသည်မှာ နတ်တို့ သည် မျက်တောင်မခတ်သောကြောင့် မျက်တောင်မခတ်ခြင်းတစ်ခုသည်ပင် နတ်တို့နှင့် ကွဲပြားသည်။ နတ်သမီးတို့နှင့် အတူပျော်ပါးနိုင်သည်။ (မဟာသုတဒီပနီ၊ဒုအုပ်၊၃၁၂-၃)

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget