ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

ဗုဒ္ဓအပြုံးနှင့်ရှင်အာနန်အမေး

Unknown | 6:39 PM |
မြတ်စွာဘုရား၏အပြုံးကို အရှင်အာနန္ဒာသာ မေးခွင့်ရခြင်းအကြောင်းငါးချက်
၁။မြတ်စွာဘုရား၌ အမှုကိစ္စကြီးငယ်ပေါ်လျင် လုံ့လ၊ဂတိ၊သတိဖြင့် မလစ်ဟင်းအောင် ဆောင်ရွက်မှုတွင် အရှင်အာနန္ဒာနှင့်တူသူမရှိ၊ မိမိကိစ္စကို ပမာဏမပြု မြတ်စွာဘုရား၏ အမှုကိစ္စကိုသာ အလေးထားရှုမြှော် လျက် မပြတ်သတိထားတတ်သောကြောင့် ပြုံးခြင်း ဇောဝီထိတစ်ချက်၏ အစွမ်းဖြင့် ထွက်သောရောင်ခြည် -တော်ကိုပင် သူတစ်ပါးတို့ထက်အလျင် မြင်တတ်သောကြောင့်လည်းကောင်း
၂။မြတ်စွာဘုရားအား မပြတ်လုပ်ကျွေးသဖြင့် မြတ်စွာဘုရားနှင့် အကျွမ်းတ၀င် ရှိသောကြောင့်လည်း -ကောင်း
၃။မြတ်စွာဘုရား၏ ဒေသနာနည်းနယကို သူတစ်ပါးထက် မြင်ရ၊ ကြားရ ဆောင်ရွက်ရသဖြင့် သင့်မသင့်ကို -နိုင်းဆသော သုတမယဥာဏ်သာလွန်သောကြောင့်လည်းကောင်း
၎။စကားအရာတွင် ဘုရားရှင်မှတစ်ပါး တူသူမဖြစ် နှုတ်လျင်တတ်သောကြောင့်လည်းကောင်း
၅။အလုပ်အကျွေးဆုပန်စဉ်က မေးစရာများရှိလျင် အလိုရှိတိုင်းလျှောက်တင်မေးမြန်းပါရစေ- ဟု ဆုပန်ထား သဖြင့် မေးမြန်းရန်ခွင့်ပြုချက် ရထားသောကြောင့် ဤအချက်ငါးချက်ကြောင့် အခြားရဟန်းများက မေး -တော်မမူကြပဲ အရှင်အာနန္ဒာကသာ မေးမြန်းရခြင်းဖြစ်သည်။ (ဇာတ်တော်ကြီး ဆယ်ဘွဲ့၊ပအုပ်၊၃၆၇-၈)
 
အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget