ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

ကျမ်းစာထဲကနတ်

Unknown | 6:42 PM |
နတ်
ချမ်းသာရှိသော တောက်ပသော ကိုးကွယ်ရာဖြစ်သော ပုဂ္ဂိုလ်တို့ကို နတ်ဟုခေါ်သည်။ (မြန်၊ဓာန်၊၁၉၈) ပဋ္ဌာန်းမူလဋီကာ၊ ၀ိသုဒ္ဓိမဂ်မဟာဋီကာကျမ်းကြီးများတွင် =
၁။လူတို့အား ရာထူးဌာနန္တရ ဥစ္စာစည်းစိမ်စသည်တို့ကို ပေးတတ်သူ
၂။လူသားတို့၏ ပူဇော်သက္ကာရကို ခယူတတ်သူ
၃။အကျိုးတရားပြ၍ ဆုံးမတတ်သူ
၎။ဒုက္ခအမျိုးမျိုးတို့မှ လွတ်လိုသူတို့က- ငါတို့၏ ကိုးကွယ်ရာဖြစ်သည်-ဟု ချီးမွမ်းအပ်သူတို့ကို နတ်ဟုခေါ် သည်။ (ဗုဒ္ဓကျမ်းလာနတ်ဒေ၀ါများ၊၃၉)


နတ်ဖြစ်ပေါ်လာပုံ
လူ့ဘ၀စသည်တွင် ပြုခဲ့သော ဒါန၊သီလ၊ဘာဝနာ ကောင်းမှုကုသိုလ် စွမ်းအား အကြီးအငယ်အားဖြင့် လည်းကောင်း သာသနာတွင်းကုသိုလ် သာသနာပကုသိုလ်အားဖြင့်လည်းကောင်း ဘ၀ကို တပ်နှစ်သက်မှု ဘ၀နိကန္တိကတဏှာအားဖြင့်လည်းကောင်း တန်ခိုးကြီးနတ် တန်ခိုးငယ်နတ် အောက်ဘုံနတ် အထက်ဘုံ နတ် သုဂတိအဟိတ်ပုထုဇဉ်နတ် ဒွိဟိတ်ပုထုဇဉ်နတ် တိဟိတ်ပုထုဇဉ်နတ် အရိယာနတ်စသည်ဖြင့် နတ် အမျိုးအမျိုး ဖြစ်ပေါ်လာရသည်။ (ဗုဒ္ဓကျမ်းလာနတ်ဒေ၀ါများ၊၄၃)

နတ်သားနတ်သမီးများ မွေးဖွားရာတွင် သားသမီးဖြစ်ထိုက်သူတို့မှာ နတ်တို့ရင်ခွင်သို့ အလိုအလျောက် - ပေါ်ပေါက်လာရသည်။ ခြေရင်းအလုပ်အကျွေးဖြစ်ထိုက်သူတို့မှာ အိပ်ယာထဲတွင် ဖြစ်ပေါ်လာရသည်။ အ၀တ်တန်ဆာပြင်ဆင်ပေးရသည့် အခြွေအရံဖြစ်ထိုက်သူတို့မှာ အိပ်ယာအပြင်ဘက်တွင် ဖြစ်ပေါ်လာရ သည်။ ကျေးကျွန်ဖြစ်ထိုက်သူတို့မှာ ဗိမာန်အတွင်းတွင် ဖြစ်ပေါ်လာရသည်။ မွေးဖွားလာသည်နှင့် နတ် သားဖြစ်လျင် အသက်နှစ်ဆယ်အရွယ်ဖြစ်၍ နတ်သမီးဖြစ်လျင် အသက်ဆယ့်ခြောက်နှစ်အရွယ်ဖြစ်သည်။ (သျဂိၤဳဟ္ဘာသာဋီကာ၊၂၉၈)


နတ်တို့၏ ပဋိသန္ဓေစိတ်
နတ်တို့သည် တိဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြသောကြောင့် မဟာဝိပါက်ဥာဏ်သမ္ပယုတ်စိတ်လေးပါးဖြင့် ပဋိ သန္ဓေ နေကြရသည်။ (အဘိ၊ဋ္ဌ၊၁၊၃၀၆-၇)


နတ်ပြည်ခြောက်ထပ်နှင့်သက်တမ်း
ကာမသုဂတိခုနစ်ဘုံတွင် လူ့ဘုံမှတစ်ပါး ကျန်ခြောက်ဘုံသည် နတ်ပြည်မည်၏။

စာတုမဟာရာဇ်နှင့်သက်တမ်း
စာတုမဟာရာဇ်ဘုံရှိနတ်တို့သည် နတ်မင်းကြီးလေးယောက်အထံ ခစားရသောကြောင့် စာတုမဟာရာဇ်ဘုံ ဟုခေါ်သည်။ တနည်း = စာတုမဟာရာဇ်နတ်မင်း လေးယောက်တို့၏ နေရာဖြစ်သောပြည်တွင် နတ်ဖြစ်ခွင့် ရသောကြောင့် စာတုမဟာရာဇ်ဟုခေါ်သည်။ စာတုမဟာရာဇ်နတ်တို့၏ သက်တမ်းသည် အနှစ်ငါးရာဖြစ် သည်။ လူတို့၏ သက်တမ်းအရေအတွက်အားဖြင့် အနှစ်ကိုးသန်း (၉၀၀၀၀၀၀)သည် စာတုမဟာရာဇ်နတ် တို့ သက်တမ်းဖြစ်သည်။


တာဝတိံသာနှင့်သက်တမ်း
မာဃလုလင်နှင့်အတူ သုံးကျိပ်သုံးယောက်သော သူတို့၏နေရာဖြစ်သောကြောင့် တာဝတိံသာမည်၏။ ထို တာဝတိံသာနတ်တို့၏ နေရာဖြစ်သောကြောင့် တာဝတိံသာဘုံဟုခေါ်သည်။ စာတုမဟာရာဇ်နတ်သက် ငါးရာ (၅၀၀)ထက် နှစ်ဆတက်သော အနှစ်တစ်ထောင် (၁၀၀၀)သည် တာဝတိံသာနတ်တို့သက်တမ်းဖြစ် သည်။ လူတို့၏ သက်တမ်းအရေအတွက်အားဖြင့် အနှစ်သုံးကုဋေခြောက်သန်း (၃၆၀၀၀၀၀၀)သည် တာဝတိံသာနတ်တို့ သက်တမ်းဖြစ်၏။


ယာမာနှင့်သက်တမ်း
ဆင်းရဲမှကင်း၍ နတ်ချမ်းသာအ၀၀တို့နှင့် ပြည့်စုံစွာ ခံစားရသောကြောင့် ယာမာမည်၏။ ထိုယာမာနတ်တို့ ၏ နေရာဖြစ်သောကြောင့် ယာမာဘုံဟုခေါ်သည်။ တာဝတိံသာနတ်သက် တစ်ထောင် (၁၀၀၀)ထက် - နှစ်ဆတက်သော အနှစ်နှစ်ထောင် (၂၀၀၀)သည် ယာမာနတ်တို့အသက်တမ်းဖြစ်၏။ လူတို့၏ သက်တမ်း အရေအတွက်အားဖြင့် အနှစ်တစ်ဆယ့်လေးကုဋေအနှစ်လေးသန်း (၁၄၄၀၀၀၀၀၀)သည် ယာမာနတ်တို့ အသက်တမ်းဖြစ်၏။


တုသိတာနှင့်သက်တမ်း
မိမိကိုယ်ပိုင် စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံ၍ နှစ်သက်ခြင်းသို့ ရောက်တတ်သောကြောင့် တုသိတာ မည်၏။ ထိုတုသိတာနတ်တို့၏ နေရာဖြစ်သောကြောင့် တုသိတာဘုံဟုခေါ်သည်။ ယာမာနတ်သက် အနှစ်နှစ်ထောင် (၂၀၀၀)ထက် နှစ်ဆတက်သော အနှစ်လေးထောင်သည် တုသိတာနတ်တို့သက်တမ်းဖြစ် ၏။ လူတို့၏သက်တမ်း အရေအတွက်အားဖြင့် အနှစ်ငါးဆယ့်ခုနစ်ကုဋေအနှစ်ခြောက်သန်း (၅၇၆၀၀၀၀၀၀ ) သည် တုသိတာနတ်တို့ သက်တမ်းဖြစ်၏။


နိမ္မာနရတိနှင့်သက်တမ်း
မိမိကိုယ်တိုင် ဖန်ဆင်းအပ်သော စည်းစိမ်ဥစ္စာနတ်ဘုံနတ်နန်းတို့၌ မွေ့လျော်တတ်သောကြောင့် နိမ္မာနရတိ မည်၏။ ထိုနိမ္မာနရတိနတ်တို့၏ နေရာဖြစ်သောကြောင့် နိမ္မာနရတိဘုံဟုခေါ်သည်။ တုသိတာနတ်သက် - လေးထောင် (၄၀၀၀)ထက် နှစ်ဆတက်သော အနှစ်ရှစ်ထောင် (၈၀၀၀)သည် နိမ္မာနရတိနတ်တို့သက် တမ်း ဖြစ်၏။ လူတို့၏ သက်တမ်းအရေအတွက်အားဖြင့် အနှစ်နှစ်ရာ့သုံးဆယ်ကုဋေလေးသန်း (၂၃၀၄၀၀၀ ၀၀၀)သည် နိမ္မာနရတိနတ်တို့သက်တမ်းဖြစ်၏။


ပရနိမ္မိတ၀သ၀တ္တိနှင့်သက်တမ်း
သူတစ်ပါးတို့ ဖန်ဆင်းထားအပ်သော စည်းစိမ်ချမ်းသာ ဘုံဗိမာန်တို့၌ မိမိအလိုသို့ လိုက်စေတတ်သည်၏ အဖြစ်ကြောင့် ပရနိမ္မိတ၀သ၀တ္တိမည်၏။ ထိုပရနိမ္မိတ၀သ၀တ္တိနတ်တို့၏ နေရာဖြစ်သောကြောင့် ပရနိမ္မိတ ၀သ၀တ္တိဘုံဟုခေါ်ပါသည်။ နိမ္မာနရတိနတ်သက် ရှစ်ထောင် (၈၀၀၀)ထက် နှစ်ဆတက်သော အနှစ် တစ်သောင်းခြောက်ထောင် (၁၆၀၀၀)သည် ပရနိမ္မိတ၀သ၀တ္တိနတ်တို့ သက်တမ်းဖြစ်၏။ လူတို့၏သက် တမ်း အရေအတွက်အားဖြင့် အနှစ်ကိုးရာနှစ်ဆယ့်တစ်ကုဋေခြောက်သန်း (၉၂၁၆၀၀၀၀၀၀)သည် နိမ္မာန ရတိနတ်တို့သက်တမ်း ဖြစ်၏။ (ဋီကာကျော်၊၁၆၂-၇)


လူ့သက်နှင့်နတ်သက် နှိုင်းယှဉ်ရေတွက်ပုံ
စာတုမဟာရာဇ်နတ်သက် တစ်ရက်သည် လူ့နှစ်ငါးဆယ်ဖြစ်၏။ (၅၀ တည် ၃၀နှင့်မြှောက်) စာတုမာရာဇ် နတ်သက်တစ်လသည် လူ့နှစ်တစ်ထောင့်ငါးရာဖြစ်၏။ ၁၅၀၀ တည် ၁၂နှင့်မြှောက် စာတုမဟာရာဇ်နတ် သက် တစ်နှစ်သည် လူ့နှစ်တစ်သောင်းရှစ်ထောင်ဖြစ်၏။
တာဝတိံသာ ၁-ရက်သည် လူ့နှစ် ၁၀၀ဖြစ်၏။
ယာမာ ၁-ရက်သည် လူ့နှစ် ၂၀၀ဖြစ်၏။
တုသိတာ ၁-ရက်သည် လူ့နှစ် ၄၀၀ဖြစ်၏။
နိမ္မာနရတိ ၁-ရက်သည် လူ့နှစ် ၈၀၀ဖြစ်၏။
ပရနိမ္မိတ၀သ၀တ္တိ ၁-ရက်သည် လူ့နှစ် ၁၆၀၀၀ဖြစ်၏။ (သင်္ဂဟအနှစ်ချုပ်၊၄၂-၃)


အချို့နတ်တို့သက်တမ်းမမြဲ
စာတုမဟာရာဇ်နတ်အနွယ်ဝင်ဖြစ်သည့် ဘုမ္မစိုးနတ်၊ ၀ိနိပါတိကအသူရာနတ်တို့သည် သက်တမ်းမမြဲကြ၊ ကံအစွမ်းရှိသည့်အလျောက် အသက်ရှည်ကြရသည်။ အချို့သောနတ်တို့မှာ ခုနစ်ရက်မျှသာအသက်ရှည် ကြသော်လည်း အချို့သောနတ်တို့မှာ အန္တရကပ်၊ အသင်္ချေကပ်တိုင်အောင် အသက်ရှည်ကြရသည်။


ကဿပဘုရားရှင်၏ တပည့်သားရဟန်းဘ၀မှ ပျံတော်မူ၍ နတ်ပြည်တွင်နတ်ဖြစ်လာသည့်  သောတာပန် အာကာသဋ္ဌနတ်သားများသည် နေမိမင်းလက်ထက်တိုင်အောင် အသက်ရှည်ကြရသည်။ ခိဋ္ဋပဒေါသိက နတ်တို့သည် အပျော်ကြူး၍ အစာစားချိန်အမီ မစားမိလျင် ၀မ်းမီးမှတစ်ဆင့် ခန္ဓာကိုယ် ကြီးလောင်ကျွမ်း ကာ သေဆုံးကြရသည်။ မနောပဒေါသိကနတ်တို့သည် အမျက်ဒေါသထွက်မိလျင် သက်တမ်းမပြည့်မီ သေ ဆုံးကြရသည်။ (ဗုဒ္ဓကျမ်းလာနတ်ဒေ၀ါများ၊၄၆၁။၅၂-၃)

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget