ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

လောကီမင်္ဂလာ ၁၂ သို့ ၁၃

Unknown | 6:54 PM |
၁။အာဝါဟမင်္ဂလာ - သတို့သမီးကိုသတို့သားထံ ပို့ဆောင်သောမင်္ဂလာ။
၂။ဝိ၀ါဟမင်္ဂလာ - သတို့သမီးထံသို့သတို့သားက သွား၍တောင်းယူရသောမင်္ဂလာ။
၃။ဝိဇာယနမင်္ဂလာ - သတို့သမီးဖွားမြင်သဖြင့် လူအများကိုသိစေသောမင်္ဂလာ။
၎။နန္ဒီမုခဒဿနမင်္ဂလာ - ကလေးက အဖိုး၊အဖွား၊အဖေ၊အမေတို့ကို ဤကားသင့်အဖိုး၊ဤကားသင့်အဖွားစသည်ဖြင့် ပြသရသောမင်္ဂလာ (ဖွားပြီး သုံးရက်လွန်သော်ပြုရသည်၊ ဒီ၊ဋ္ဌ၊၁၊၂၃၀-တွင် မူကား ဖွားပြီးငါးရက်မြောက်တွင် ပြရသည်ဟုဆိုသည်)။
၅။ကာသစ္ဆေဒနမင်္ဂလာ - ဆံပင်ရိပ်သောမင်္ဂလာ (ဖွားပြီးခုနစ်ရက်တွင်ပြုသည်) ။
၆။ဒေါဠာကရဏမင်္ဂလာ - ပုခက်တင်မင်္ဂလာ (ဖွားပြီးနှစ်လအတွင်းလုပ်ရသည်) ။
၇။တမ္ဗုလာဟာရမင်္ဂလာ - ကွမ်းခွံ့မင်္ဂလာ (ဖွားပြီးခုနစ်ဆယ့်ငါးရက်ရောက်သောအခါလုပ်ရသည်) ။
၈။ရ၀ိန္ဒုဒဿနမင်္ဂလာ - နေ၊လပြသောမင်္ဂလာ (သုံးလသားအရွယ်တွင်လုပ်ရသည်) ။
၉။နာမကရဏမင်္ဂလာ - နာမည်ပေးမင်္ဂလာ - ဖွားပြီးရက်တစ်ရာပြည့်သောနေ့တွင်လုပ်ရသည်) ။
၁၀။ပထမဘတ္တာဟာရမင်္ဂလာ - ပထမဆုံးထမင်းခွံ့မင်္ဂလာ (ခြောက်လသားအရွယ်တွင်လုပ်ရသည်) ။
၁၁။ကေသဗန္ဓနမင်္ဂလာ - ဆံထုံးသောမင်္ဂလာ (ပထမဘတ္တာဟာရမင်္ဂလာလုပ်ပြီးပါက သင့်လျော်သည့်အခါလုပ်နိုင်သည်) ။
၁၂။ကဏ္ဏ၀ိဇ္ဇနမင်္ဂလာ - နားသမင်္ဂလာ (ထို့နောက်သင့်လျော်သောအခါတွင်လုပ်နိုင်သည်) ။
၁၃။ပဗ္ဗဇ္ဇမင်္ဂလာ - ရှင်ပြုမင်္ဂလာ (ထို့နောက်သင့်လျော်သောအခါတွင်လုပ်နိုင်သည်) ။

မှတ်ချက်
- မြန်မာတို့က ၁ နှင့် ၂ ကိုပေါင်းကာ အာဝါဟ၀ိဝါဟမင်္ဂလာပြုသဖြင့် ၁၂-မင်္ဂလာဖြစ်ရသည်။

ဤစာကိုဆရာဦးခင်မောင်ညို၏ သီလက္ခန်ပို့ချချက်မှ ကောက်နှုတ်ရေးသားပါသည်။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget