ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

အလှူလုပ်ရာမှာသတိထားစရာ

Unknown | 6:52 PM |
၁။အလှူကြီးပေးလှူမည်ဆိုလျင် အသိပေးတိုင်ပင်သင့်သူကို အသိပေးတိုင်ပင်ရပါတယ်။
၂။မလှူမီ၊လှူဆဲ၊လှူပြီးကာလသုံးပါးတွင် စေတနာမပျက်စေရန် ခိုင်ခိုင်မြဲမြဲထားသင့်ပါတယ်။
၃။အလှူရှင်သဒ္ဓါတရားပျက်မှု၊နှလုံးမသာမယာဖြစ်မှုသည် အလှူခံပုဂ္ဂိုလ်ကြောင့်သာ ပဓာနအားဖြင့် ဖြစ်တတ်သောကြောင့် ဒုစရိုက်၊သုစရိုက်အလှူခံပုဂ္ဂိုလ်နှစ်မျိုးနှစ်စားတွင်
သုစရိုက်ပုဂ္ဂိုလ် ကိုသာ အာရုံပြု၍ လှူဒါန်းသင့်ပါတယ်။
၎။အနုမောဒနာဟောပြောသူ၊အကြံပေးသူတို့သည် အလှူရှင်ဝမ်းမြောက်စိတ်ဖြစ်အောင်သာ ဟောပြောသင့်ပါတယ်။
၅။တိရစ္ဆာန်များကို သတ်ဖြတ်၍ပေးလှူခြင်း၊ အလုပ်ကိစ္စများရခြင်း၊ လူအများပင်ပန်းရခြင်းတို့ကိုလည်း ဘုရားရှင်နှစ်သက်တော်မမူကြောင်း သိထားသင့်ပါတယ်။
၆။အလှူအတန်းပြုလုပ်ရာတွင် ပစ္စည်းဝတ္ထု၊လူအင်အားတို့ဖြင့် ပံ့ပိုးကူညီမှုဓလေ့သည် ရှေးပဝေသဏီကပင်ရှိခဲ့ကြောင်းကို သိထားသင့်ပါတယ်။

ဆရာဦးခင်မောင်ညို၏ သီလက္ခန်၊ကူဋဒန္တသုတ်ပို့ချချက်မှ ကောက်နှုတ်ရေးသားပါသည်။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget