ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Saturday, February 9, 2013

ငြိမ်းချမ်းတဲ့ကမ္ဘာသစ်ဆီသို့

Unknown | 2:45 AM |
တူညီတဲ့ပညတ်တစ်ခုပေါ်မှာ
မတူညီတဲ့ပညတ်တွေကဖုံးအုပ်လို့
အပေါ်ယံကြည့်တတ်သူတွေအတွက်တော့
မလျော်ကန်တဲ့ထင်မြင်မှုတွေက
အရိုးစွဲနေဦးတော့မှာပဲ
သူငယ်ချင်းရေ
အစွဲတစ်ခုနဲ့မြင်တဲ့အမြင်က
အလွဲတစ်ခုစီဦးတည်တတ်တာမို့
လူအချင်းချင်း အမျိုးမျိုးမြင်
မတူညီတဲ့ အသွင်အပြင်နဲ့
့မင်းကလည်းငါ့ကို တစ်မျိုးထင်
ငါကလည်းမင်းကိုတစ်မျိုးထား
ငါတို့နှစ်ယောက်ကြား
အမုန်းပွားမှုတွေနဲ့ပဲ
ငါတို့မျက်နှာလွဲခဲ့ကြတယ်
ဒီတော့ကွာ အခု
မီးတောက်တွေ အပြင်ရောက်မလာစေဘို့
ငါတို့ရင်ဘတ်တံခါးတွေကို ပိတ်ကြမယ်
အပြုံးနဲ့မျက်နှာချင်းဆိုင်နိုင်ဘို့
ဦးနှောက်ဆီအသိတစ်ခုပို့ရင်း
တူညီတဲ့အမြင်တစ်ခုအတွက် ဆွေးနွေးကြမယ်
သူငယ်ချင်း မင်းဘက်ကအဆင်သင့်ဆိုရင်
ငါ့ဘက်က စတင်လက်ကမ်းလို့
ငြိမ်းချမ်းတဲ့ကမ္ဘာသစ်ဆီ အရောက်လှမ်းမယ်။  ။

                                                     ရေချမ်း(ယင်းမာပင်) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget