ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Thursday, January 31, 2013

ဗုဒ္ဓဘာသာနှင့်လူမှုရေးလုပ်ငန်း

Unknown | 7:27 PM | Be the first to comment!


လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များကို အပြင်းအထန်ဖြည့်ကျင့်၍ ပါရမီတော် များ အရင့်အသန်ဖြစ်နေချိန်တွင် မိမိတစ်ကိုယ်တည်း ကိုယ်လွတ်ရုန်း၍ သံသရာစက်အကန့် ကို ဖြတ်တောက်နိုင်သည် ဖြစ်ပါလျက် လောကသားတို့ကို ငဲ့ကွက်ခြင်းအားကြီးစွာဖြင့် ပါရမီတော်များကို ဆက်လက်ဖြည့်ကျင့်ကာ သဗ္ဗညုတညာဏ်အမြင့်ကို ရအောင်ကျင့်တော်မူခဲ့သည်။ ရတော်မူပြီးသော အခါ တွင်လည်း ဧကောဟမသ္မိ လောကဿ-ဟု မိမိကိုယ်ကို ရဲဝံ့စွာကြွေကြော်တော်မူလျက် ပရဟိတလုပ်ငန်း ကို ဆက်လက်လုပ်ကိုင်တော်မူခဲ့သည်။ စရိယသုံးပါးတွင် လောကတ္ထစရိယကို ရှေ့တန်းထားလျက် ဘာသာတရားတစ်ခု ထူထောင်တော်မူခဲ့သည်။ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်သော ပထမဆုံး ဘာသာရေးခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။
မြတ်စွာဘုရားရှင်ကို အားကျအတုယူကာ မိမိတို့ကိုယ်တိုင်ကလည်း ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။ တစ်ခုရှိ သည်မှာ မိမိတို့သည် မြတ်ဘုရားရှင်ကို အားကျရုံနှင့် မလုံလောက်သေးဟူ၍ဖြစ်သည်။ ဘုရားရှင်ကို အား ကျပါလျင် ဘုရားရှင်၏ တပည့်သာဝက ပီသပါလျင် ဘုရားရှင်၏ လမ်းစဉ်ကို လိုက်ရပါမည်။ အချို့က သာ သနာတော်ကို မိမိစွမ်းနိုင်သည့်အလျောက် လုပ်ဆောင်ကြ၊သာသနာပြုကြသည်မဟုတ်ပါပဲလျက် ပရဟိတ လုပ်ငန်းများသည် မိမိတို့အလုပ်မဟုတ်ပါ-ဟု ဘေးထိုင်ဘုပြောကြသည်။ လုပ်နေသူများကို ကဲ့ရဲ့သံနှော တတ်ကြသည်။ ထိုသူတို့ကို ပြောစရာအနည်းငယ်သာ ရှိပါသည်။ ယင်းစကားမှာ သင်တို့သည် မိမိစွမ်းအား ကို အပြည့်ထုတ်သုံးလျက် သာသနာပြုနေကြပြီလား သို့မဟုတ် အတ္တဟိတလုပ်ငန်းစစ်စစ်ကို တကယ်ပင် လုပ်ဆောင်နေကြသလား-ဟူ၍ဖြစ်သည်။ အကယ်၍ လုပ်ဆောင်နေသည်ဆိုပါလျင် သာဓုအကြိမ်ကြိမ်ခေါ် ပါသည်။ သို့မဟုတ်ပါပဲလျက် လုပ်ဆောင်နေသူများလောက်မှ အစွမ်းကို ထုတ်သုံးကြခြင်း မရှိပါလျင် ထိုသို့ မပြောကြပါနှင့် အားပေးလိုက်ကြပါ-ဟူ၍သာ ပြောချင်ပါသည်။ သူတစ်ဦးတစ်ယောက်သည် ပရဟိတ လုပ်ငန်းကို တကယ်လုပ်ဆောင်နေသလား မလုပ်ဆောင်ဘူးလား ဆိုသည်ကို မိမိတို့ကိုယ်တိုင် သိရှိ လေ့ လာနိုင်ပါသည်။ မြတ်ဗုဒ္ဓ၏ သဘောထားအမှန်ကို သိရှိနားလည်နိုင်ပါစေ။
မွေးလာကတည်းက ဘာကိုမျှဆွဲငင် ယူဆောင်လာခြင်းမရှိပဲလျက် လက်ခြေခေါင်းတို့သာ ယူဆောင်လာ ခဲ့သော ကျွန်ုပ်တို့သည် လက်ဖြင့် လိုချင်သည်များကို ပူဆာခဲ့ကြသည်။ ခြေဖြင့် သွားလိုရာကို ရှေးရှုခဲ့ကြ သည်။ ခေါင်းဖြင့် မှေးစက်နားခိုရာ ရှာခဲ့ကြသည်။ မိဘတို့ကလည်း မိမိတို့တာဝန်များကို ကျေပွန်ခဲ့ကြ သည်။ မိမိတို့က တဖန်ပြန်လည်ကာ ထိုသို့ပေးဆပ်နိုင်ပါမည်လော မေးခွန်းထုတ်စရာပင် ။ ပို၍အရေး ကြီးသည်မှာ ဘာကိုမျှယူဆောင်လာနိုင်ခြင်းမရှိသော မိမိတို့သည် ဘာကိုမျှယူဆောင်သွားနိုင်ခြင်းမရှိပဲ လျက် သေဆုံးရမည်ကိုပင်ဖြစ်သည်။ ထိုသို့သေဆုံးသောအခါ နာမည်ကောင်းတစ်ခုမကျန်ခဲ့လျင် ငါသည် အလကားလူတစ်ယောက်ဟု မိမိကိုယ်ကိုမိမိ သိလိုက်ရပါမည်။ မှန်ပါသည် လူတစ်ယောက်သည် သေ ဆုံးသွားခဲ့လျင် လောကကြီးအတွက် အမှိုက်တစ်ခုမဖြေစ်စေရ လူသေသော်လည်း မသေပဲကျန်ရစ်နေ မည့် ကောင်းသောလုပ်ငန်းတစ်ခု လုပ်ကိုင်ထားနိုင်ရမည်။ သို့မှသာ လူ့ဘ၀ရခြင်း၏ တန်ဖိုးကို မိမိရော အများကပါ ခံစားကြရမည်ဖြစ်သည်။
မိမိတို့သည် လူသားများဖြစ်ကြသည်။ ယနေ့ခေတ်သည် ကမ္ဘာကရွာတစ်ရွာဖြစ်လို့နေပါပြီ။ တစ်ဦးကိုတစ်ဦး မှီခိုနေကြရသည့် ကမ္ဘာဖြစ်သည်။ လူ့အဖွဲ့အစည်းကို ဗဟိုပြုတွေးခေါ်နေကြပါပြီ။ အကယ်၍ သင်သည် ရွာ တစ်ရွတွင် ရပ်ရွာဥက္ကဋ္ဌ သို့မဟုတ် ရွာကျောင်းထိုင်ဖြစ်နေလျင် မိမိရပ်ရွာ အကျိုးစီးပွားကို တတ်စွမ်းသည့် အလျောက် စွမ်းဆောင်သင့်သည်။ မိမိနေရာဒေသအလိုက် အလုပ်လုပ်ကြရမည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံ့အကျိုးကိုထမ်းဆောင်နေကြသူများ ဖြစ်နေကြပါပြီ။ မိမိအမျိုး၊ ဘာသာ၊ သာသနာ ကို မျက်ကွယ်မပြုပဲ အရှည်တည်တန့်အောင် ဆောင်ရွက်ကြသူများ ဖြစ်နေကြပါပြီ။
ရဟန်းတော်များသည် ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ ရဟန်းတော်များရှိနေသည်ကို မြင်ရ သဖြင့် သာသနာတော်ရှိနေသည်-ဟု သိရှိနိုင်သည်။ ကမ္ဘာနှင့်မတွက်ပါနှင့်ဦး မြန်မာနိုင်ငံနှင့်သာ စဉ်းစား ကြည့်ကြပါ။ မြန်မာနိုင်ငံသည် တိုင်းတစ်ပါးတို့၏ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရိုးရာဓလေ့ထိုးစံ၊ ၀တ် စားဆင်ယဉ်မှုတို့ဖြင့် နည်းမျိုးစုံ ထိုးနှက်ခြင်းကို ခံနေရသည်။ ရုပ်ဝတ္ထုတိုးတက်နေသော ယနေ့ခေတ်တွင် လူသားတို့၏ အတွင်းစိတ်နှလုံးကား နူးညံ့ပျော့ပြောင်းမှု အားနည်းလာကြပြီဖြစ်သည်။ ကျောင်းတိုက် တွင်သာနေလျက် တစ်သီးပုဂ္ဂလ နေထိုင်၍ရသောခေတ် မဟုတ်တော့ပေ။ သာမန်နေထိုင်ရုံဖြင့် မလုံလောက်တော့ပေ။ ကျောင်းသို့လာရောက်ကြသူတို့ပင် အင်မတန်နည်းနေပြီဖြစ်သည်။ ထိုသူတို့၏ စိတ်နှလုံး မာကျောခက်ထန်မှုကို နူးညံ့လာအောင် ယဉ်ကျေးမှုသင်တန်းစသည့် လုပ်ငန်းများကို လုပ်ဆောင်ကြရတော့မည်။ မေ့မေ့လျော့လျော့နေခြင်း အားတက်သရောမရှိခြင်းတို့ကို အတတ်နိုင်ဆုံး ဖယ် ထုတ်ကာ စွမ်းနိုင်သည့်ဖက်မှ သာသနာပြုခြင်းဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်ရမည်။ ဘာသာရေး အခြေခံသော မြန်မာနိုင်ငံတွင် မိမိတို့က ဘာသာရေးခေါင်းဆောင် ပီသလျင် နိုင်ငံ့တာဝန်ထမ်းဆောင် ၊ နေုခြင်းပင်ဖြစ်သည်။ ထမ်းဆောင်သည်ဆိုရာတွင် မိမိတို့ကိုယ်တိုင်က အမြင်ကျဉ်းလွန်းသူများ မဖြစ်ရ၊ အမြင်ကျဉ်းလွန်းသူများ လောကကြီးနှင့် သဟဇာတမဖြစ်ကြသူများကိုလည်း သဘောထားများ ပြောင်း လဲအောင် လုပ်ဆောင်ကြရမည်။ လောကကြီးနှင့် သင့်မြတ်အောင်နေထိုင်နိုင်မည့်နည်းလမ်းများ ယုတ္တိ ကင်းမဲ့လွန်းနေသည့် အယူအဆ၊ အတွေးအခေါ်များ၊ လမ်းမှားကိုပင် လမ်းမှန်ထင်နေကြသူများ၊ လူလူ ချင်း နှိပ်ကွပ်ခေါင်းပုံဖြတ်သူများကို လူ့အဖွဲ့အစည်းစိတ်ဓါတ် ပရဟိတစိတ်ဓါတ် ရှင်သန်လာအောင် ၊ ဟောပြောပြသ ဆုံးမသွန်သင်ကြရမည်။ ထိုသို့ပြုသည့်အခါ ပုဂ္ဂိုလ်ရေးအမြင်များ၊ အမျိုးဇာတ်အနိမ့်အမြင့် ချမ်းသာဆင်းရဲကို မငဲ့ကွက်ပဲ ပရဟိတစိတ်ဓါတ်သက်သက်ဖြင့် ကူညီလုပ်ကိုင်နိုင်ရမည်။ ဤသို့ပြုခြင်း သည် ဘုရားရှင်၏ လမ်းစဉ်ပင်ဖြစ်သည်။
ဘုရားရှင်သည် အမ္ဗပါလီကို ပြည့်တန်ဆာဖြစ်သည်ဟူ၍လည်းကောင်း သုနီတကို ဆင်းရဲသားဖြစ်သည် ဟူ၍ လည်းကောင်း အင်္ဂုလိမာလကို လူသတ်သမားလူဆိုးလူမိုက်ဟူ၍လည်းကောင်း အာဠာဝကကို နတ် ဘီလူးဆိုးဟူ၍လည်းကောင်း ရာဓပုဏ္ဏား၊ဗဟုဓီတရပုဏ္ဏား၊ဗဟုပုတ္တိကသောဏတို့ကို ခိုကိုးရာမဲ့သူ အသက်ကြီးရင့်အိုမင်းမစွမ်းသူဟူ၍လည်းကောင်း သံကိစ္စ၊သောပါက၊လောသက ၊အရှင်အာနန္ဒာ၏ ဆွမ်း ဒကာဖြစ်ဖူးသည့် ကလေးငယ်တို့ကို မိဘမဲ့သူ လေလွင့်သူများဟူ၍လည်းကောင်း အနာရောဂါ ပြင်း ထန်စွာဖြစ်ပွားနေသဖြင့် မည်သူမျှအနားမကပ်ကြသော ပူတိဂတ္တရဟန်းအပေါ်၌ မျှော်လင့်ချက်မရှိ သူ၊ရွံရှာဖွယ်ဖြစ်သူဟူ၍လည်းကောင်း သဘောမထား ဖေးမစောင့်ရှောက် ပြုစုတော်မူခဲ့သည်။ စင်စစ် ဘုရားရှင်သည် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်း ဆင်းရဲသားကာကွယ်စောင့်ရေးလုပ်ငန်း ယဉ်ကျေးလိမ္မာရေး (ယဉ်ကျေးမှုသင်တန်း)လုပ်ငန်း သက်ကြီးရွယ်အိုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဂိလာနပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို လွန်ခဲ့ သည့် နှစ်ပေါင်း ၂၅၅၀ကျော်ကပင် ရှေ့ဆောင်ပြုတော်မူခဲ့ပြီးဖြစ်သည်။
လူတို့အနေဖြင့် စာပေများတွင် ယသသူဋ္ဌေးသားတို့ကဲ့သို့ နာရေးကူညီမှုလုပ်ငန်းလုပ်သူ၊ မဃလုလင်တို့ ကဲ့သို့ လမ်းတံတားပြုပြင်မှုနှင့် လူမှုရေးလုပ်ငန်းလုပ်သူတို့ကိုလည်းကောင်း ယနေ့ခေတ်နှင့် မကြာမီအချိန် က ဖွားဦးဇွန်း၊ သီတဂူဆရာတော်၊ ဦးကျော်သူ၊ စသော ဆရတော်များ လူပုဂ္ဂိုလ်များကိုလည်း တွေ့ရနိုင် သည်။
သို့သော် ဗုဒ္ဓသာသာဝင်တို့ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ကြသည်ထက် အခြားဘာသာဝင်တို့က ပရ ဟိတလုပ်ငန်းများကို လုပ်ကိုင်ကြသည်ကို ပို၍လူသိများကြသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပရဟိတ လုပ်ငန်းလုပ်သဖြင့် အောင်မြင်လူသိများခဲ့သူများကို ကမ္ဘာနှင့်ချီပြောရလျင် နှစ်အတော်ကြာက ဂျပန်ဗုဒ္ဓ ဘာသာခေါင်းဆောင်တစ်ယောက်ဖြစ်သူ နစ်ခိုနိရ၀ါနို-သည် ဘာသာတရားအားလုံး ပေါင်းစည်းညီညွတ်ရန် ကျိုးပန်းခဲ့သည့်အတွက် Templeton Prize ဆုကို ရရှိခဲ့ပါတယ်။ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး သည် မူးယစ်ဆေးစွဲသူများကို ကုသရာတွင် ထူးချွန်သောကြောင့် မက်ဆေးဆေးဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇-ခု အရှင်ကန္တပိဝတ်ဆိုသော ထိုင်းဘုန်းကြီးတစ်ပါးသည် ကျေးလက်တောရွာရှိ အခြေနေမဲ့ကလေး များကို ပြုစုစောင့်ရှောက်ခဲ့သောကြောင့် နော်ဝေကလေးများ၏ ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ အနောက် တိုင်းဗုဒ္ဓဘာသာအဖွဲ့ (Westem Buddhist Order)သည် အိန္ဒိယပြည်ရှိ ဆင်းရဲသားများအတွက် ကျယ်ပြန့်သော လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ စာသင်ကျောင်း၊ ကလေးပြုစုရေးဋ္ဌာန၊ ဆေးပေးခန်း၊ တနိုင်စက်မှုလုပ်ငန်းအသေးစားများ တည်ထောင်ပျိုးထောင်ခဲ့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ပင် လုပ်ကြသော်ငြား ကမ္ဘာက အသိနည်းရခြင်းမှာ ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ကိုယ်ကိုမိမိ ဒါနအမှု၊ ပရ ဟိတအမှုလုပ်ရမည်ဟု မသိမဟုတ်သိကြပါသည်။ အားကျိုးမာန်တက်လည်း လုပ်ဆောင်ကြပါသည်။ သို့သော် ထိုသို့ပြုရာတွင် မိမိကိုယ်မိမိ ထင်ပေါ်စေလိုသောစိတ်ကို မထားသင့် တိုးတိုးတိတ်တိတ် ပြုလုပ် သင့်သည်-ဟု ယုံကြည်ကြသောကြောင့် ကမ္ဘာကမသိရခြင်းဖြစ်နိုင်ပါသည်။
ကိုး =  သီတဂူဆရာတော်ဆောင်းပါး(နာမည်မမှတ်မိ)နှင့် ချမ်းမြေ့ဆရာတော် ဘာသာပြန်သော နိုင်ငံခြားဘုန်းကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင်။

အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

ဆဒ္ဒန်လိုဏ်ဂူ(ကရင်ပြည်နယ်)

Unknown | 6:57 PM | 2 Comments so far
ဆဒ္ဒန်လိုဏ်ဂူတည်နေရာ
ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မိုင်-၂၀ အကွာရှိ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင် ထန့်ကမာ့ခမိုက် - ဆဒ္ဒန်လိုက်ဂူတော်ရှိသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်နီးသည်။ ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုရွာမှတစ်ဆင့်လည်းကောင်း ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှလည်းကောင်း မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ ၊  ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှလည်းကောင်း သွားရောက်နိုင်သည်။
တန့်ကမာ့ခမိုက်ဟုခေါ်ခြင်းအကြောင်း
လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင်ရှိသောကြောင့် ထိုနေရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ၊ဖြစ်သည်။
ဆဒ္ဒန်လိုဏ်ဂူဟုခေါ်ခြင်းအကြောင်း
လိုဏ်ဂူ၏ပတ်ဝန်းကျင်တွင် ဧက ၂၀-ခန့်ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင် ဘက်တွင် ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။ ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာဝတရားတို့သည် ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီသည်ကို အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြသည်။
နန်းရွှေကျင်နှင့်ဆဒ္ဒန်ဂူ
ရှေးအခါက ဒုံရင်းနေပြည်တော် သုဓမ္မရာဇာမင်းကြီးနှင့် အဂ္ဂဒေ၀ီမိဖုရားတွင် ဒေ၀ဇာဏီဟူသော သားတော်တစ်ယောက်ရှိသည်။ အရွယ်ရောက်သောအခါ မုလအိ၊မုလအရှိမည်သော ရသေ့ကြီးနှစ်ပါးထံ ပညာသင်ရာ ၁၈-ရပ်သောအတတ်ကို သင်ယူပြီးမြောက်ခဲ့သည်။ ရသေ့ကြီးတို့၏ ဒါယကာဖြစ်သူ ဘိုးတာပေါ၏ သမီး နန်းရွှေကျင်နှင့်လက်ထပ်ပြီးနောက် မိဘကန့်တော့ရန် ဦးရီးတော်ဘိုးလုံးတော်နှင့် အတူ နေပြည်တော်သို့ ခရီးဆက်ခဲ့သည်။ နန်းရွှေကျင်၏ အကိုဖြစ်သူ တန်ပိပျော်သည် ညီမဖြစ်သူ ဒုက္ခရောက်လျင် သိရန်အလို့ငှာ ကတိသစ္စာပန်းစိုက်ပျိုးထားကာ နေ့စဉ်ရေလောင်းတော့သည်။ ထိုသို့ခရီး ဆက်ခဲ့ရာ ကျုံတိုးတောင်သို့ရောက်ခဲ့သည်။ ကျုံတိုးတောင်သည် နတ်၊၀ိဇ္ဇာများက စောင့်ရှောက်ရသော နတ်ဂမုန်း ဆေးပင်ဆေးဥတို့ဖြင့် ပြည့်နေသည်။ ကျုံတိုးတောင်ကို ဖြတ်ကျော်လျင် ပူဇော် ပသပြီးမှ သွားရ သည်။ နန်းရေကျင်တို့သုံးဦးသည် မပသပဲသွားမိသဖြင့် ဂမုန်းပင်၊ဆေးပင်များ တန်ဖိုးပျက်ကုန်ရာ နတ်ဝိဇ္ဇာ တို့ အမျက်ထွက်သဖြင့် အမျိုးမျိုးနှောက်ယှက်ကာ မင်းသားကို ကျိုင်းချောင်းတွင် သေအောင်သတ်၍ မိကျောင်းအဖြစ်ထားတော့သည်။ တူဝရီးနှစ်ယောက်ကိုလည်း ဂူအတွင်းထည့်ထားကာ ဂူဝကို ပိတ်ထား ခဲ့သည်။ ဂူတွင် ကိုယ်ဝန်ရသဖြင့် နန်းရွှေကျင်မှ ကယ်တင်ပါရန် နတ်တို့အား တိုင်တည်သဖြင့် သိကြားမင်း ဆင်းကယ်လေသည်။ သားငယ်ကိုကား ခေါ်ယူမွေးမြူထားသည်။ သားတော်အရွယ်ရောက်သော အခါ မယ်တော်နှင့် ဦးရီးတော်တို့ကို ကယ်တင်ပြီး ဒုံရင်းနေပြည်တော်သို့ သွားရန် သိကြားမင်းထံခွင့်ပန်သည်။ သိကြားမင်းမှ အကယ်၍သွားမည်ဆိုလျင် လမ်းခရီးတွင် ရွှေယောင်ယဘုရားကို တွေ့ပါက ရှိမခိုးပါနှင့် အကြောင်းမှာ သင့်ဘိုးတော် ဒုံရင်းဘုရင်သည် စေတီတည်ရာ ထီးမတင်မီ ငါတည်သောဘုရားကို ထီးတော် မတင်ရသေးပဲလျက် ရှိခိုးပါက ယောက်ျားဖြစ်က ကျားကိုက်စေ၊ မိန်းမဖြစ်က မြွေနဂါးပတ် ၍ သေစေ-ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထီးတင်၍မပြီးမီ နတ်ရွာစံခဲ့သည်။ ထို့ကြောင့် ရှိမခိုးပါနှင့်-ဟုပြောကာ သွားခွင့်ပြုသည်။ သိကြားမင်းသည် အခြားသူမဟုတ် တစ်ချိန်က ဒုံရင်းနေပြည်တော်၏ဘုရင် သုဓမ္မရာဇာ ၊ ဖြစ်သည်။ မင်းသားသည် မယ်တော်ကိုကယ်တင်၍သွားရာ လွန်းညတောင်ခြေအရောက်တွင် မိခင်ကို သင့်တော်ရာထား၍ ဦးရီးတော်နှင့်အတူ ရေရှာထွက်ခဲ့သည်။ အပြန်တွင် စေတီတော်ကိုမြင်၍ ကြည်ညို လွန်းသဖြင့် ရှိခိုးရာ ကျားတို့က အလိုလိုထွက်ကာ ကိုက်ကြသည်။ ဦးရီးတော်သည် နန်းရွှေကျင်ကို အကြောင်းချင်းရာအစုံ ပြောပြရာ နန်းရွှေကျင်သည် ရူးမတတ်ခံစားလျက် ဆက်လက်ထွက်ခွာလာရာ ဆဒ္ဒန်ဂူကိုတွေ့ရသဖြင့် ထိုဂူတွင် ရသေ့မ,၀တ်ကာ ဦးရီးတော်ကား ကပ္ပိယအဖြစ်ဖြင့် နေထိုင်လေသည်။ မုလအိမုလအ,တောင်ရှိ အစ်ကိုဖြစ်သူ တန်ပိပျော်၏ သစ္စာပန်းသည် နေ့စဉ်ရေလောင်းသော်လည်း ညှိုး သထက်ညှိုးလာရာ ညီမတော်ဒုက္ခရောက်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် လိုက်လာရာ လမ်းခရီး တွင် ရသေ့ကြီးတို့ ပေးလိုက်သော ဆေးလုံးတန်ခိုးကြောင့် အန္တရာယ်ကင်းခဲ့သည်။ ၀ိဇ္ဇာနတ်များကို  မေးမြန်းရာ သိကြားမင်းသယ်ဆောင်သည်မှစကာ အကြောင်းစုံရှင်းပြသည်။ တန်ပိပျော် သည် ဆေး လုံးဖြင့် မိကျောင်းကို ပစ်ပေါက်ရာ မိကျောင်းသည် ဒေ၀ဇာဏီမင်းသား အသွင်ကိုရရှိသည်။ ဆဒ္ဒန်ဂူ သို့ရောက်သောအခါ ရသေ့တို့ကလည်း ဈာန်ဖြင့်ရောက်လာသဖြင့် နန်းရွှေကျင်ကို လူဝတ်လဲစေ လျက် ပြန်လည် လက်ဆက်ပေးခဲ့သည်။ ဤကား နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်းတည်း။
လေးသည်ကျော်,လစွဲနှင့် ဆဒ္ဒန်ဂူ
ထန့်ကမာ့ခမိုက်-ဆဒ္ဒန်ဂူသည် နေရာကျယ်၍ တိုးလျိုးပေါက်ရှိသည်။ မြေပြင်အထက် ပေ-၂၀ခန့်တွင် တည်ရှိသည်။ အခါတစ်ပါး ကရက္ကကတိုင်းဘုရင် တိဿသက္ကသည် ယွန်းသူပုန်တို့ကို နှိမ်နှင်းရာ နိုင်ငံ အစွန် အဖျား ဒိုဟန(ဒေါန)တောင်တန်းဒေသသို့ ရောက်ခဲ့ရာ ဤနေရာသည် ရန်ပေါင်းအောင်ရာ အရပ်ဖြစ်၏-ဟု ဆိုကာ ဇေယျမြို့ကို တည်ထောင်ကာ ခုနစ်လတိုင်တိုင်နေထိုင်သည်။ ထိုသို့နေစဉ်အတွင်း ဇွဲကပင်တောင်ခြေ ဆဒ္ဒန်ဂူတွင် စခန်းချလျက် ရပ်ရွာကိုစောင့်လျှောက်သော လေးသည်ကျော်,လစွဲသည် လက်ဆောင်ပဏ္ဏာနှင့်အတူ ဘုရင့်အားလာရောက် ဂါရ၀ပြုသည်။ ဘုရင်သည် လစွဲအား လုဒ္ဓယောဓဘွဲ့ အပ်နှင်း၍ ကရင်၊လ၀၊ပအိုဝ့်၊ရှမ်း၊မွန်တို့ နေထိုင်သော ပအာဝနဒေသကို ဘုရင့်ကိုယ်စား လွှဲအပ်အုပ် ချုပ်စေသည်။ လုဒ္ဓယုဓ်မင်းသည် ပအာဝနတောအုပ်ကို မြို့ပြတည်ထောင်သည်။ ပအာဝနတောကြီးနှင့် ဇွဲကပင်တောင်ခြေ ပတ်ဝန်းကျင်တို့ကို ပအာဝနနေပြည်တော်အဖြစ် ပေးသနားတော်မူသည်။ တိဿသက္က မင်းလက်အောက်တွင် ၂၁-နှစ်တိုင်အောင် ထီးရံနန်းရံမင်းအဖြစ် နေခဲ့ပြီး ကောဇာ ၁၁၀-တွင် တိဿသက္က မင်းနတ်ရွာစံသဖြင့် သီးခြားမင်းပြုသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၉-ခု၊ မွန်ရာဇ၀င်မှ မြန်မာဘာသာ သို့ ပြန်ဆိုသော ကျမ်းတွင် ဂေါတမဘုရားရှင်မပွင့်မီ ၁၄-နှစ်မှစ၍ ပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁၆၀၁-တွင် သုဝဏ္ဏဘူမိတိုင်း သုဓမ္မ၀တီ သထုံပြည်တွင် မနုဟာမင်းလက်ထက်တိုင် ပအာဝနမြို့ ရှိခဲ့ကြောင်း ဆိုထားသည်။
ဆဒ္ဒန်ဂူ၏ အံ့ဖွယ်နေရာများ
၁။ကျောက်သွေးတွင်း = စီးပွားဖြစ်လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော ၊ ကျောက်သွေးတွင်းဖြစ်သည်။ ကိုယ်တွင်းရောဂါများပျောက်သည်။
၂။ကြယ်ရောင်တောက်သော စိန်တောင်ကြီး = ဂူတွင်းတွင် ထိုသို့အရောင်တောက်သော်လည်း ဖဲ့ယူ၍ အပြင်ရောက်သောအခါ အရောင်တောက်မှုမရှိတော့ပေ။ သာမန်အဖြူရောင်သာထွက်တော့သည်။
၃။လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး = ဆဒ္ဒန်ဆင်မင်းအစွယ်ကို မုဆိုးကြီးဖြတ်စဉ်က လွှသဏ္ဍာန်ဖြစ်နေသည်။
၎။မုဆိုးမြားပေါက် = ထိုတောင်၏ အပေါက်မှာ ၀ိုင်းနေ၍ လွန်နှင့်ဖေါက်ထားသကဲ့သို့ဖြစ်နေသည်။
၅။သမီးတော်စံမြန်းသောဂူ = အမှောင်တွင် အရောင်တစ်မျိုး အလင်းတွင် အရောင်တစ်မျိုးဖြစ်နေသည်။ လုံလုံခြုံခြုံရှိ၍ ၀င်ရခက်သည်။ ဆဒ္ဒန်ဆင်မင်းက သူ၏သမီးကို အပြင်သွားလျင် ဖွက်ထားခဲ့သည့်နေရာ ဟုဆိုသည်။
၆။ကျောက်အူခွေ = ကျောက်ကြောရှည်ရှည်မျှောမျှောများက ဆဒ္ဒန်ဆင်မင်း၏အူခွေအလား ထင်မှတ် ရသည်။
၇။စပါးကျီတောင် = စပါးစေ့နှင့်တူသော ဂ၀ံကျောက်ဖြုန်းများရှိသည်။
၈။ကျောက်ကမ်းပါးယံ = လင်းနို့များစွာတို့ ရှိနေကြသည်။
၉။ကျောက်ရိုးပုံတိုင်ကြီး = ဆင်ကြီးတစ်ကောင် နှာမောင်းထောင်နေပုံသဏ္ဍာန်ရှိသည်။
၁၀။မုဆိုးခမောက် = ကျောက်ချောတုံးကြီးသည် ခမောက်တစ်ချပ်နှင့် ပုံသဏ္ဍာန်ရှိနေသည်။
၁၁။အံသွားကြွေကျရာ = ကျောက်ဆိုင်ခဲများ မြေတွင်စိုက်ဝင်နေသည်မှာ ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်စဉ် အံသွားတို့ ကြွေနေဟန်ဖြစ်သည်။
၁၂။ဆင်တိုင် = အလွန်ကြီးမားသော ကျောက်မိုးမျှော်တိုင်ကြီးဖြစ်သည်။
၁၃။ဂူဝလွမ်းစေတီ = ကိုးတောင်ပြည့်စေတီဖြစ်သည်။
၁၄။ဘေးမဲ့ရေအိုင် = ဧက ၂၀-ခန့်ကျယ်သော အိုင်ကြီးဖြစ်သည်။
၁၅။ဆင်ဟိုင်းဂူ = ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင် ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများနေသည်ဟုဆိုသည်။
၁၆။တွန်ထွန့်ဖန်ခေါ် ရေကျော်ကန် = ထိုကန်နံဘေးတွင် ရေကန်တစ်ကန်ရှိသည်။ ထိုကန်မှတစ်ဆင့် ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊ နတ်ထိပ်တောင်တို့ကို မြင်နိုင်သည်။
၁၇။လက်ရေးစင်းအုတ်ချပ်များ = ဤဂူတွင်တွေ့ရသော အုပ်ချပ်များသည် ကော့ဂွန်း၊ရသေ့ပျံ၊ ဖားကပ်၊ ဘုရင်ညီနောင်၊ဓာတ်ကျိုက်၊ ရဲသာနောင်ခရိုင် ဂူများရှိ လက်ရေးစင်းအုတ်ချပ်များနှင့်တူညီသည်။ လက်ရေး စင်း အမျိုးအစား ၂၂-မျိုးတွင် ပါဝင်သည်။
၁၈။ကျောက်ကမ်းပါးံမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ = ရှေးအခါက မှောင်ခိုသမား၊သူခိုးတို့က တားဆီး မည့်သူ မရှိသဖြင့် အေးအေးဆေးဆေး ခွာယူကြသည်။ အချို့က လက်နက်အစောင့်ထား၍ပင် ခွာယူကြ သည်ဟုဆိုသည်။ ကျည်မထွက်သည်အထိ စွမ်းသည်ဟူသောစကားကြောင့် ခွာယူရောင်းချကြသည်။ ယခုကား အုတ်ခွက်နေရာပေါင်း ထောင်ပေါင်းများစွာကိုသာတွေ့ရပြီး ကျောက်ကမ်းပါးအမြင့်ဆုံးနေရာ ရှိ လေး၊ငါးဆူမှအပ မရှိတော့ချေ။
၁၉။ရှေးဟောင်းစေတီတော် = ဂူအတွင်း ပေ-၁၀၀ခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က တည်သည်ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ ရသေ့ပျံဂူရှိစေတီနှင့် ဥာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။
၂၀။ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော် = ရှေးက မသမာသူတို့ ယူဆောင်ရာမှ လက်ကျန်ဖြစ် ဟန်တူသည်။ အကျိုးအပဲ့များသာ ရှိတော့သည်။ ကိုးဆူရှိသည်။
၂၁။တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး = ၁၂၉၀-တွင် ပြာသိုလကွယ် ကော့မူးတာရွာ ဦးဖော်လဲတို့ မှ ဆင်းတုခန်းလှူသည်ဟူသော စာကိုတွေ့ရှိရသည်။ ဤစာအရ ယခင်က ဆင်းတုတစ်ဆူရှိရမည်။
၂၂။ရှေးဟောင်းလျောင်းတော်မူဘုရား = ရှမ်းတို့က တည်သည်ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ မုတ္တမ မွန်မင်းဆက်(၀ါရီရုမင်းဆက်)လက်ထက်တွင် တည်သည်ဟု ဆိုသည်။ ရှေးကမွန်တို့သည် နှစ်စဉ် ၀ါခေါင်လပြည့်ကျော် ၁-ရက်တွင် လာရောက်လေ့ရှိကြသော်လဲ ယနေ့ခေတ်တွင် အဝေးမှမလာနိုင်ကြတော့ပဲ ရပ်နီးမှမွန်တို့သာ လာကြသည်။ ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။
၂၃။ထူးသောကျောက်တုံးကြီး = ၁၃၂၀-ခု၊ ဆရာတော်ဦးဝါရိန္ဒလက်ထက် လိုဏ်အတွင်း စေတီနှင့် ၊ လျောင်းတော်မူအကြား ကျောက်တုံးတစ်တုံးကျလာသည်။ ဆရာတော်ရွှေ့ခိုင်းသဖြင့် ရွှေ့ကြသော်လည်း မရွေ့ချေ။ ဤအတိုင်းဆိုလျင် ခက်ချေပြီ။ သို့သော် သင်္ကြန်ကျရန် ၂-ရက်အလို ညသန်းခေါင်တွင် ဂူအနီးမှ လူသံကဲ့သို့အသံများကြားရပြီး ကျောက်တုံးကြီးအနီးတွင် မီးအလင်းရောင်မြင်ရ၍ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေကာ မိုးသောက်သောအခါ ကျောက်တုံးသည် ကျောက်ကမ်းပါးဂူခြေ၌ တစ်ဖက်တွင် မှီကပ်နေ သည်။ ယနေ့တိုင် ၄၅-ဒီဂရီစောင်းလျက် တည်ရှိနေသည်။
ဆဒ္ဒန်လိုဏ်ဂူ၏ နှစ်စဉ်ပွဲတော်များ
၁။ဆဒ္ဒန်လှိုဏ်ဂူပွဲတော် = နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ပုံမှန်ကျင်းပသည်။
၂။တန်ခူးလဘုရားပွဲတော် ရဟန်းခံရှင်ပြုပွဲ။
၃။ကဆုန်လညောင်ရေသွန်းပွဲ။
၎။ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ။ = ၀ါခေါင်လဆန်း ၁-ရက်မှ ၁၅-ရက်ထိ သင့်သောရက်တွင် ကျင်းပသည်။
၅။ဝါခေါင်လဆုတ် ၁-ရက်နေ့ မွန်အမျိုးသားပွဲ။
၆တော်သလင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ။
၇။သီတင်းကျွတ် တန်ဆောင်တိုင်မီးထွန်းပွဲတော်။
အတက်ပါစာတို့ကို ကွယ်လွန်ပြီဖြစ်သော ဆရာမန်းသင့်နောင် ရေးသည့် ဆဒ္ဒန်လိုဏ်ဂူတော်-ဟူသော စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
Print Friendly and PDF

လွန်းညစေတီ(ကရင်ပြည်နယ်)

Unknown | 6:44 PM | Be the first to comment!
လွန်းညဆိုသည်မှာ
လွန်းညဟူသည် စေတီတော်၏ အမည်ဖြစ်သည်။ စေတီတော်ကို အစွဲပြု၍ လွန်းညရွာဟု ခေါ်တွင် ကြခြင်းဖြစ်သည်။ အိန္ဒုရွာကြီးမှ ခရီးဆက်လျင် မိုင်တိုင်အမှတ် (၁၄/၂)၌ မိုင်အောင်စေတီတော် ကို တွေ့ရပါမည်။ မိုင်အောင်စေတီတော်မှ ခရီးဆက်မည်ဆိုလျှင် တစ်မိုင်ခန့်အကွာရောက်သောအခါ လွန်းညစေတီတော်ကို တွေ့ရှိရပါမည်။ လွန်းညရွာ၊ လွန်းညစေတီသည် မြန်မာဘာသာဖြင့် ခေါ်သော နာမည်ဖြစ်သည်။ အရှေ့ပိုးကရင်တို့က လွန်းညာရွာ၊ လွန်းညာစေတီဟုခေါ်ကြသည်။ ရှေးအရှေ့ပိုးကရင် တို့က လမွန်းကညာဟုလည်းကောင်း ကလွန်လောင်ယွာဟုလည်းကောင်း ခေါ်ကြသည်။ မွန်တို့က နိမွန်ည ဟုခေါ်ကြသည်။ အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ရှေးက ဤအရပ်ကို ဋ္ဌာန့်ပတိုင်ဟုခေါ်ပြီး ရွာပေါင်း ၆၃- ရွာရှိသည်။
လွန်းညစေတီဖြစ်ပေါ်လာပုံသမိုင်း
ရှေးအခါ လွမ်းဖွယ်တောင်(ခွတ်လွန်ယူးသီးတောင်)ပေါ်တွင် ဋ္ဌာန့်ပိုင်ဒေသမှ ကရင်တို့က ၀ါဆိုဦး အချိန်ရောက်တိုင်း လာရောက်ကန်တော့ကြသော စေတီတစ်ဆူရှိသည်။ တစ်နေ့တွင် ၀ါဆိုမိုးဦးက သည်းထန်စွာရွသွန်းသဖြင့် တောင်နှင့်အတူ စေတီပါ ပြိုခဲ့ရာ ဌပနာရုပ်ပွားတော်များ ရေနှင့်အတူ မျောပါ လာသည်ကို ရွာသားများမြင်သဖြင့် စေတီတည်ကာ ဌပနာသွင်းကိုးကွယ်ခဲ့သည်။ ရုပ်ပွားတော်များ ပင့်ဖိတ် ကာ တည်ထားသဖြင့် ကရင်တို့က လမွန်းညာ၊ မွန်တို့က နိမွန်ည-ဟု ခေါ်ကြသည်။ ကာလကြာသော် လွန်းညဖြစ်လာသည်။ အခြားအဆိုတစ်ခုမှာ = စေတီတော်၏ မူလအမည်သည် ကလွန်လောင်ယွာဖြစ်ပြီး ကလွန်-စေတီ၊ လောင်ယွာ-မျောလာခြင်း-ဟု အဓိပ္ပာယ်ရသည်။ ကာလကြာသော် ကလွန်ကိုဖြုတ် ၍ လောင်ယွာ၊ ထိုမှ လွန်းယ၊ ထိုမှ လွမ်းယ၊ ထိုမှ လွန်းညဖြစ်လာခဲ့သည်။ သက်သေတစ်ခုကို ပြရမည် ဆိုလျင် စေတီပရိဝုဏ်ရှိ ၁၃၀-ပိဿာရှိ ခေါင်းလောင်းစာအရ လွန်ခဲ့သော အနှစ်-၈၀ခန့်တွင် လွမ်းယ ဟုခေါ်၍ ၂၈-ဆူ အ၀င်အပါဖြစ်သော သရဏင်္ဂရဘုရားရှင်၏ အမည်ဖြစ်ကြောင်း သိရသည်။ (အရှင်စန္ဒန၊ ဇွဲကပင်ဆံတော်ရှင်စေတီတော်သမိုင်းစာအုပ်)
လောင်းညစေတီနှင့်လောင်းညတောင်သည် နောင်လုံရွာအရှေ့ဘက်တွင်ရှိပြီး စေတီတည်၍ပြီးဆုံးစဉ် စောနန်းဝေမိ မိဖုရားလေးက ဘုရင်ကြီးနှင့်တိုင်းပြည်၊ရွှေနန်းတော်ကို လွမ်းဆွတ်ခြင်းကို အကြောင်းပြုလျက် လွမ်းစေတီ -ဟု နာမည်ကိုလျှောက်ထား ကိုးကွယ်ခဲ့သည်။ ကြာသော် လွမ်းညဘုရား၊ လွန်းညရွာ-ဟုခေါ်သည်။ (ဒေါ်ဝင်းမြင့်၊ တောတောင်ရေမြေစာအုပ်)
အခါတစ်ပါး ဇွဲကပင်တောင်တော်ကို ရစ်ခွေစီးဆင်းသော အဿကဏ်နဒီခေါ် သံလွင်မြစ်ဝယ် အဓိဋ္ဌာန်ဖြင့် ရုပ်ပွားတော်များ မျောလာရာ လူအများက ဆယ်ယူပင့်ဆောင်ကိုးကွယ်ကြသည်။ ထိုသို့  မျောလာသော ရုပ်ပွားများကို ဆယ်ယူကိုးကွယ်၍ ကလွန်လောင်ယွာ-ဟု ဘွဲ့အမည်ပေးသည်။ လမွန်းကညာ -ဟုခေါ် တွင်စေ၍ လူနေအိမ်ခြေများလာသောခါ လမွန်ကညာ၊ ထိုမှ လမွန်ညာ၊ ထိုမှ လွန်းည-ဟုခေါ်လာခဲ့ကြ သည်။ (ဦးဇာဂရ = ဖားအံမြို့ရွှေယဉ်မျှော်ဘုရား၊ဖားနဂါးသမိုင်းစာအုပ်)
အဿကဏ်နဒီခေါ် သံလွင်မြစ်မှ မျောလာသောရုပ်ပွားတော်ငါးဆူကို စေတီတည်ရာမှ ကရင့်စကား ကလွန်လောင်ယွာခေါ် ငါးဆူဝပ်မှီလွန်းညစေတီခေါ်တွင်လာခဲ့သည်။ (မန်းသင့်နောင်(ကော့ကရိတ်) = ကရင်ပြည်နယ်အလှ)
လွန်းညရွာအနီး ပတ်ဝန်းကျင်စေတီတော်များတွင် ရှေးဟောင်းလက်ရေးစင်းအမှတ်အသားပါသော အုတ် ချပ်များ၊ ရှေးပစ္စည်းအသုံးအဆောင်များကို တွေ့ရသဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီဖြစ်ကြောင်း သိရ သည်။
နှုတ်ပြောအဆိုတစ်ခုတွင် ရှေးအခါက လူနေအိမ်ခြေမရှိသေးသော ကုန်းမြေနေရာတွင် ရသေ့တစ်ပါး တရားအားထုတ်နေထိုင်သည်။ တရားအားထုတ်ပြီး၍ ခုနစ်ရက်မြောက်သောနေ့တွင် နတ်သိကြားဖန် ဆင်းသော စေတီငယ်ငါးဆူသည် ရေမှစုန်ချီဆန်ချီ မျောလာနေသည်။ ရသေ့ကြီးက ဤရုပ်ပွားတော်များ သည် ငါနှင့်ထိုက်တန်လျင် ကမ်းခြေသို့ကပ်ရောက်ပါစေသား-ဟု အဓိဋ္ဌာန်ရာ ရုပ်ပွားတော်များ ကပ်ရောက် လာကြသည်။ ရသေ့ကြီးက နောင်အခါတွင် လူနေအိမ်ခြေများလာလိမ့်မည်၊ ထိုသို့များပြားလာခဲ့လျှင် ပူဇော်စရာ စေတီပုထိုးလိုအပ်လိမ့်မည်ကို သိသဖြင့် ရုပ်ပွားငါးဆူကို ဌပနာ၍ စေတီတစ်ဆူတည်ခဲ့သည်။ ကလွန်လောင်ယွာ-ဟုလည်း အမည်ပေးခဲ့သည်။ စေတီတော်မှ မကြာခဏ ရောင်ခြည်တော်လွှတ်လေ့ ရှိသည်- ဟုလည်း ဆိုကြသည်။
အခြားအဆိုတစ်ခုတွင် လွန်ညစေတီ၏ တည်နေရာသည် ရှေးအခါက မြစ်ချောင်းအင်းအိုင်များ ၀န်းရံနေကြ သည်။ မွန်၊ကရင်အမျိုးသားတို့ နေထိုင်ကြပြီး ရွာတစ်ရွာ၏အကြီးအကဲ ကရင်ခေါင်းဆောင်ကြီးသည် ကတိ သစ္စာတည်၍ ရတနာသုံးပါးလေးစားယုံကြည်သူဖြစ်သည်။ ထိုအချိန် သီဟိုဠ်ဘုရင် ဒေ၀ါနံပိယတိဿမင်း သည် ဘုရားရှင်ကို မဖူးလိုက်ရသူတို့က ဘုရားဖူးနိုင်စေရန် သိကြားပေးသော ရုပ်ပွားလေးဆူကို ဖောင် တစ်မျိုးစီဖြင့် မျှောလိုက်လေသည်။ ထိုလေးဆူအနက် ကျွန်းဖောင်ဖြင့် မျှောလိုက်သော ရုပ်ပွားတော်သည် ဂျိုင်းမြစ်ကိုဆန်တက်ကာ ခွတ်လွန်ယူးသီ့ခေါ် လွမ်းဖွယ်တောင်အနီးသို့ ရောက်ရှိလာသည်။ ခေါင်းဆောင် ကြီးသည် ထိုညတွင် အသင်တို့အား ချီးမြင့်ရန် ငါဘုရားကြွလာ၏၊ သင်တို့ကိုးကွယ်နိုင်မည်လော-ဟု အိပ် မက်မြင်မက်လေသည်။ အိပ်မက်အရ နံနက်မိုးသောက်သောအခါ လာရောက်ဆယ်ယူသော်လည်း မရွှေ့ သဖြင့် သစ္စာဆိုပင့်ပါမှ ရွေ့တော့သည်။ ထိုသို့ပင့်ဆောင်ယူရခြင်းကို အကြောင်းပြု၍ ပိုးကရင်စကားဖြင့် လမွန်းကညာ၊ ထိုမှ လမွန်းညာ၊ ထိုမှ လွန်းညာ-ဟု ပြောင်းလာကာ မြန်မာစကားဖြင့် လွန်းည-ဟု ခေါ် တွင်လေသည်။ သမိုင်းစာတွင် သာသနာ ၂၃၇၊ သီတင်းကျွတ်လပြည့်-တွင် ထီးတော်တင်သည်ဟု ပါရှိ သည်။
ရာဇ၀င်ထဲက လွန်းည
၁။နန်းရွှေကျင်နှင့်လွန်းည = (ဆဒ္ဒန်ဂူသမိုင်းတွင် မိမိရေးခဲ့ပြီဖြစ်၍ ထိုတွင်ရှုပါ)
၂။မုတ္တမမင်းသား+ဒုံရင်းမင်းသမီးတို့နှင့် လွန်းည
အခါတစ်ပါး မုတ္တမမင်းသားသည် နှစ်စဉ်ကျင်းပလေ့ရှိသော လွန်းညဘုရားပွဲတော်သို့ လာရောက်လေသည် ။ ထို့အတူ ဒုံရင်းမြို့စား၏သမီး နန်းဖော့တိန်းငါ့ (စကားစိမ်းပန်း) မင်းသမီးသည်လည်း ထိုပွဲတော်သို့ လာရောက်လေသည်။ စတွေ့ကတည်းက ခင်မင်၍ ကြာသော် လူငယ်သဘာဝချစ်သူဖြစ်သွားကြသည်။ မိဘများက သိလေလျှင် မုတ္တမမင်းသားဖက်မှ အဆင့်တန်းချင်းမတူဟုဆိုကာ မင်းသားလေးကို သွားခွင့် မပြုတော့ပေ၊ မင်းသမီးဖက်မှလည်း သူတို့သဘောမတူလျှင် ငါတို့က ဘာကြောင့်ခွင့်ပြုရမည်နည်း- ဆိုကာ ခွဲထားလိုက်ကြသည်။ တစ်နှစ်တွင် မထင်မှတ်ပဲ ပြန်လည်ဆုံတွေ့ကြရာ ချစ်သူနှစ်ဦးတို့သည် လွမ်းစေတီ၏ - မြောက်ဖက်ရှိ ခွတ်လွန်ယူးသီ့ခေါ် လွမ်းဖွယ်တောင်သို့ ထွက်ပြေးကြရာ ယင်းနေ့မှစ၍ မည်သို့ပင် ရှာဖွေ ကြသော်ငြား သတင်းကလေးမျှပင် မရကြတော့ချေ။
၃။သထုံမင်းသား+ယိုးဒယားမင်းသမီးတို့နှင့် လွန်းည
အခါတစ်ပါး သထုံမင်းသားသည် ယိုးဒယားမင်းသမီး (ဟာရီဘုဉ္ဇနွယ်)ကို ဆောင်ယူထွက်ပြေးလာသည်။ ယိုးဒယားစစ်သည်များ မမီအောင်လည်း ထွက်ပြေးရခြင်းဖြစ်ရာ လွန်စွာပင်ပန်းကြသည်။ လမ်းခရီး တစ်လျှောက် နေပြည်တော်မရောက်မီ လွန်းညတောင်ခြေတွင် ခေတ္တနားကြသည်။ မင်းသမီးလေးက လွန်စွာပင်ပန်းလှသဖြင့် ထိုနေရာတွင်ပင် အပြင်းဖျားကာ ကံတော်ကုန်လေသည်။ လွန်စွာစိတ်ထိခိုက် လှသော မင်းသားလေးသည် လွန်းညတောင်ခြေတွင်ပင် မီးသင်္ဂြိုဟ်ပြီး ခွတ်လွန်ယူသီ့ (လွမ်းဖွယ်တောင်) တွင် စေတီတစ်ဆူတည်ထားခဲ့သည်။
၎။နန်းရွှေလှဖော့၏ ခမည်းတော်နှင့် လွန်းည
ရှေးအခါက ကော့နန်းသာရွာတွင် နန်းစိုက်သော ဒုံရင်းဘုရင်တစ်ပါးတွင် အလွန်လှပသော နန်းရွှေလှဖော့ မည်သော သမီးတော်တစ်ပါးရှိသည်။ နန်းရွှေလှဖော့သည် မုတ္တမမင်းသားနှင့် လွန်းညဘုရားပွဲတွင် တွေ့ဆုံ ချစ်ကြိုက်သဖြင့် အတူပေါင်းဖက်ကာ သျှောင်နောက်ဆံထုံးပါဟူသည်နှင့်အညီ မုတ္တမသို့ လိုက်ပါနေ ထိုင်လေသည်။ ခမည်းတော် ဒုံရင်းဘုရင်သည် သမီးတော်ကိုလွမ်းလှသဖြင့် တောင်ထိပ်တောင်ပေါ်တစ်နေ ရာသို့ လွမ်းစိတ်ဖြေလေ့ရှိသည်။ ထိုနေရာသည် ဇွဲကပင်တောင်တော် အနောက်ဖက်ခြမ်း အောက်ရေတံခွန် စခန်း တစ်နေရာတွင် ယနေ့တိုင် တည်ရှိသည်-ဟု ဆိုကြသည်။
၅။ချစ်သူနှစ်ဦးနှင့် လွန်းည
အခါတစ်ပါး ကရဏ္ဏကတိုင်းသားတို့နှင့် ယောနက(ယိုးဒယား)တို့ စစ်ဖြစ်ကြရာ ယောနကတို့ စစ်ပြန်ဆုတ် သည့်အချိန်တွင် သံလွင်မြစ်အရှေ့အနောက်တွင် နေကြသော ဒေသခံတိုင်းရင်းသားတို့ကို စစ်သုံ့ပန်း အဖြစ်  ဖမ်းဆီးသွားကြသည်။ ထိုစစ်သုံ့ပန်းများထဲမှ လွန်စွာချစ်ကြသော မောင်မယ်နှစ်ယောက်လည်း ပါလေသည်။ ချစ်သူနှစ်ဦးသည် ယောနကတို့အလစ်တွင် ထွက်ပြေးကြရာ ချစ်သူကောင်မလေးကို ပြန် လည်ဖမ်းမိသွားလေသည်။ ကောင်လေးရောက်လာလျင် သိရှိနိုင်ရန် ဆံထုံးကိုဖြတ်၍ အမှတ်အသားဖြစ်ရန် ပစ်ချထားခဲ့သည်။ ကောင်လေးရောက်လာချိန်တွင် ယောနကတို့က စစ်သုံ့ပန်းများကို အဝေးသို့ဆောင် ယူပြီဖြစ်ရာ ဘာမျှမတတ်နိုင်ပဲ ရင်ကွဲလုမတတ်ပြေးလွှားနေခဲ့ရသည်။ ညချမ်းတွင် လွမ်းဖွယ်တောင်သို့ တက်ကာ မျှော်၍ကြည့်သည်မှာ ညလုံးပေါက်ဖြစ်သည်။ တစ်ရံတစ်ခါ ကရင်စောင်းကောက်ကို တီးခတ်အလွမ်းဖြေလေ့ရှိသည်။ ရက်လတို့ကြာသော် ရင်ကွဲနာကျ၍ သေဆုံးရတော့သည်။ နောင်သော အခါ စစ်သုံ့ပန်းတို့ကို ပြန်လွှတ်သည့်အချိန်တွင် ချစ်သူကောင်မလေးလည်း ပါလေသည်။ သို့သော် အချိန်နှောင်းခဲ့ပြီဖြစ်ရာ ရင်ကွဲနာကျ၍ သေဆုံးပြီဖြစ်သည့် ကောင်လေးကိုမြှုပ်ထားသော နေရာ အရောက် တွင် ရုတ်ချည်းရင်ကွဲနာကျ၍ သေပွဲဝင်ရတော့သည်။ နောင်အခါ ချစ်သူနှစ်ဦးအတွက် လွမ်းစေတီတစ်ဆူ တည်ပေးကြသည်။ ရှေးက ညအချိန်တွင် လွမ်းစေတီအနား စောင်းကောက်သံကြားရသည်-ဟု ဆိုသည်။
လွမ်းညနှင့် ထူးသည့်နေရာ
၁။ငါးကျိပ်ငါးလီရွှေစေတီ = စေတီတော်ကို စေတီငယ် ၄၇-ဆူရံထားပြီး သီးခြားစေတီရှစ်ဆူတို့လည်း ရှိသည်။
၂ကလွန်လောင်ယွာစေတီငါးဆူ = ရုပ်ပွားတော်ငါးဆူကို မည်သည့်စေတီတွင် ဌပနာထားသည်ကို မသိစေ ရန် ပုံသဏ္ဍာန်မတူအောင် ငါးဆူတည်ထားသည်။ အသီးသီး ဥာဏ်တော်ခုနစ်တောင်ရှိသည်။ လွန်းည တွင် ရှေးအကျဆုံးဖြစ်သည်။
၃။အိမ်ကမလန့်-သိကြားမင်းရေတွင်း = ကလွန်လောင်ယွာစေတီတည်စဉ်က လူအများအသုံးပြုနိုင်ရန် သိကြားမင်းမှ ရေတွင်းတစ်တွင်းတူးခဲ့သည်-ဟုဆိုသည်။ ရေတွင်းမှရေတို့သည် သန့်ရှင်းစရာမလိုပဲ အမြဲ သန့်နေသည်။ သောက်သုံးလျှင် ရောဂါကင်းသည်။ မိန်းကလေးတို့ ခပ်သောက်မရပေ၊ ယောက်ျားလေးတို့ ခပ်ပေးမှ သောက်ရသည်။ အကြောင်းမသိသဖြင့် ဘုရားဖူးထဲမှ မိန်းကလေးခပ်သောက်သဖြင့် အခါမဲ့ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းတို့ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။
၎။ဓာတ်တော်ပျံစေတီ = ဥာဏ်တော် ၁၇-တောင်ရှိပြီး ရှေးက ရောင်ခြည်တော် မကြာမဏကွန့်မြူး သည်ဟု ဆိုသည်။
၅။နောင်တော်ကြီး (ကလွန်ဗွဲဘူ-အောင်မြေနင်း)စေတီ = ရှေးက စစ်ချီခြင်း၊ ခရီးသွားခြင်းမပြုမီ လာရောက်ကန်တော့ပြီးမှ သွားကြသည်။ ယနေ့ခေတ်တွင်လည်း စာမေးပွဲဖြေခါနီးစသည်အချိန်တွင် လာရောက်ကန်တော့လေ့ရှိသည်။ ဆုတောင်းပြည်သည်ဟုဆိုသည်။
၆။ရာဇ၀င်နဲ့ခေါင်းလောင်း = စေတီဝင်းအရှေ့ဖက် စေတီခြေရင်းတွင် ပိဿာချိန် ၁၃၀-ရှိသော ကြေး -ခေါင်းလောင်းရှိ၍ ခေါင်းလောင်းစာများ ရေးထားသည်။ စေတီတော်အကြောင်းတစ်စိတ်တစ်ဒေသကိုလည်း တွေ့ရသည်။ ခေါင်းလောင်းစာတွင် အလှူရှင်ကိုမရေးပဲ ရွာပေါင်း ၆၃-ရွာကိုရေးထားပြီး  ထိုရွာများသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ရွာ များဖြစ်ကြသည်။
ဤစာအုပ်ကို မန်းသင့်နောင် (ကော့ကရိတ်)ရေးသည့် လွန်းညစေတီတော်ဟူသော စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
Print Friendly and PDF

ဆန္ဒပြတာအာပတ်သင့်သလား?

Unknown | 6:25 PM | Be the first to comment!

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ ( ကိုမြင့်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ...

ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြတယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား)

မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။


 “ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြု
ခြင်းဖြစ်ပါသည်

အထက်ပါအမေးအဖြေများကို http://lovemusicbirds.ning.com/profiles/blogs/6480001:BlogPost:291886?xg_source=activity တွင် ကိုညီညီတင်ထံမှ ခွင့်တောင်း၍ မိမိဆိုက်ဒ်တွင် တင်ထားခြင်းဖြစ်ပါသည်။ Print Friendly and PDF

Sunday, January 27, 2013

ကရင်စာပေသမိုင်း

Unknown | 7:40 PM | Be the first to comment!
ကရင်လူမျိုးတို့သည် အခြားသောလူမျိုးစုများကဲ့သို့ လူမျိုးစု၊စကားစု၊စာပေစုရှိသည်။ ကရင်လူမျိုးတို့၏ စာပေကို ခေတ်အားဖြင့် သုံးပိုင်းခွဲခြားနိုင်သည်။

ပထမခေတ်
ရှေးပဝေသဏီမှစ၍ ၁၈၃၇-ခုနစ်ကာလထိကို ပထမခေတ်ဟု သတ်မှတ်ပါသည်။ စာပေကို စက်တင်ပုံနှိပ်မှု မပြုမီခေတ်၊လင်္ကာခေတ်ဟုလည်း ဆိုနိုင်ပါသည်။ ပထမခေတ်တွင် စကောကရင်တို့၏ ခလိဘိုးစာရေးနည်း စနစ်၊ ပိုးကရင်တို့၏ လိပ်ဆန်ဝှေ့စာရေးနည်းစနစ် ရှိခဲ့သည်ဟုလည်း ယုံကြည့်ပြောဆိုကြသည်။ ၁၉၂၀၊ ဘားအံ၊ကြားတောရကျောင်း၊ဆရာတော်နဲာဒီအွာခေါ် ဦးပရမ၏ သုတလင်္ကာကျမ်းပေမူတွင် ``အင်းဝနေပြည်တော်တွင် ရဟန်းပြု၍ စာပေသင်ကြားခဲ့သော (ထိုဆရာတော်ကို ကရင်လူမျိုးတို့တွင် ပထမဆုံးဗုဒ္ဓဘာသာဖြစ်သူဟု ဆိုသည်) ပိုးကရင်အမျိုးသား ဘုန်းတော်ကြီး ဖူးတာမိတ်ခေါ် ဦးနန္ဒ္ဒမာလာသည် ကော့ကရိတ်၊ကျုံဒိုးအနီး၊ ဂျိုင်းကျောင်းတွင် သီတင်းသုံးစဉ် မြန်-၁၁၁၁၊ခရစ်-၁၇၅၀၊တွင် မွန်အက္ခရာကိုအခြေံသော ဗျဉ်း၊သရသစ်များကို လိုသလို တီထွင်၍ ပိုးကရင်အသံထွက်ဖြင့် ရေးနိုင်သည့် ဗိန္ဓုကော်ကျမ်းကို ပေမူတွင် ရေးခဲ့သည်´´ဟု ဆိုထားသည်။

မှတ်ချက် = ယင်းဦးနန္ဒမာလာတီထွင်ခဲ့သော အက္ခရာဖြင့် ရေးသားထားသောကျမ်းများကို ပေမူဖြင့် ကရင်ပြည်နယ် ဘုန်းတော်ကြီးကျောင်းများတွင် တွေ့နိုင်သည်။ စမိတန်နှင့်မာရှယ်တို့ကမူ ထုံးစံအတိုင်း အနောက်တိုင်းသားတို့နှင့် မတွေ့မီအထိ ကရင်အမျိုးသားတို့ တီထွင်သောစာပေမရှိဟု ဆိုသည်။ ဤစကားကို ကြိုက်သူများ ရှိကောင်းရှိပါလိမ့်မည်။

ပထမခေတ်ဟု သတ်မှတ်လိုက်ရသော ကရင်စာပေကို ရှေးခေတ်ကရင်စာပေဟု ခေါ်ဆိုနိုင်ပါသည်။ အကြောင်းအရာများကို လင်္ကာဖြင့် စီကုံးထားသည်။ ပထမခေတ်အစောပိုင်းတွင် စာဖြင့်ရေးသားထားသော ကရင်စာကိုမတွေ့ရပဲ သဒ္ဒါစည်းကမ်း၊ကဗျာစည်းကမ်းနှင့်အညီ စပ်ဆိုထားသော ထား-ဟု ခေါ်သည့် ပျို့၊ကဗျာ၊လင်္ကာ၊တေးသီချင်းအများအပြားရှိသည်။ စကားပြောဆိုရာတွင် ကတ္တား၊ကြိယာ၊ကံ အစဉ်အတိုင်းဖြစ်၍ ကဗျာစပ်ဆိုရာတွင် များသောအားဖြင့် ခုနစ်လုံးတစ်ပိုဒ်စပ်ဆိုကြသည်။

ကရင်လူမျိုးတို့ စကားပြောဆိုရာတွင် စကားဖို၊စကားမခွဲပြောတတ်ကြသည်။ အပျော်တမ်းသီချင်းများ၊ လွမ်းချင်း၊ တမ်းချင်းများ၊ ပြဿနာအမေးအဖြေသီချင်းများ၊ သီချင်းကြီး၊ ဇာတ်နိပါတ်များ၊ ရာဇ၀င်သမိုင်းများဟူ၍ အမျိုးအစားများစွာရှိသည်။ ထို့အပြင် စကားထာသီချင်းများ၊ ပဟေဠိများ၊ စကားပုံများ၊ ရှေးသူဟောင်းတို့၏စကားများ၊ အိပ်ယာဝင်ပုံပြင်များ၊ သူရဲကောင်းဒဏ္ဍာရီများ၊ စကားပရိယာယ်များ၊ စကားချိတ်၊ စကားချူ၊ စကားလှ၊ စကားတောင်း၊ စကားချေ၊ စကားတင်စသည့် အမွေအနှစ်များကို သက်ကြီးရွယ်အို အဖိုးအဖွားများအထံမှ နှုတ်တက်အာဂုံလက်ဆင့်ကမ်း သယ်ဆောင်လာကြသည်။ ထိုကဗျာ၊လင်္ကာ၊တေးသီချင်းများသည် ကရင်လူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှု၊ ရောက်ရှိနေထိုင်ခဲ့သောအရပ်၊ လူမှုအဖွဲ့အစည်း၊ လူမှုရေးစည်းကမ်း၊ ဓလေံထုံးတမ်း၊ စိတ်နေသဘောထားတို့ကို ဖေါ်ပြသည်။

ပထမခေတ်ကုန်ခါနီး ၁၈၃၂-တွင် ခရစ်ယန်ကျမ်းစာများကို စကောကရင်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုရန် ဒေါက်တာဂျိုနသန်ဝိတ်သည် မြန်မာအက္ခရာကိုမှီး၍ စကောကရင်အသံထွက်စာရေးနည်းစနစ်ကို တီထွင်ခဲ့သည်။ ထို့နောက် နှစ်အနည်းငယ်အတွင်း၌ ဂရိနှင့် ရောမအက္ခရာကိုသုံး၍ ပိုးကရင်အသံထွက်စာရေးနည်းကို ၄င်းပင်တီထွင်ခဲ့ပြန်သည်။ ၁၈၃၅-တွင် မစ္စတာဘင်တင် ဦးစီး၍ ခရစ်ယန်ဘာသာရေးသင်တန်းများကို ကရင်ဘာသာဖြင့် ပို့ချခဲ့သည်။ ပထမခေတ် ကုန်ခါနီးတွင် မိရိုးဖလာတေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဝါဒ အတွေးအခေါ်လွှမ်းမိုးလာသည်ကို တွေ့ရသည်။ ထိုခေတ်ဗုဒ္ဓဘာသာကျမ်းစာပိဋကတ်များကို မွန်အက္ခရာမှတစ်ဆင့် ပိုးကရင်ဘာသာသို့ လင်္ကာစပ်ဆိုနည်းဖြင့် ဘာသာပြန်လာသည်ကို တွေ့ရသည်။

ဒုတိယခေတ် (သို့) စကားပြေခေတ်
ဒုတိယခေတ်တွင် စာပေကိုစက်တင်ပုံနှိပ်ခဲ့ကြသသည်။ ထိုတွင် ပရိသတ်အားကောင်းခြင်း ခိုင်ခံ့သော ဘာသာအယူအဆ၀ါဒရှိခြင်း ဂန္ထ၀င်မြောက်စာပေများ ကျမ်းပြုစုသူများ ပေါ်ထွက်လာခြင်းစသော ဂုဏ်အင်္ဂါတို့နှင့်ညီသော အင်အားကြီးအဖွဲ့ နှစ်ဖွဲ့ရှိသည်။ ယင်းတို့မှာ ပိုးကရင်ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ နှင့် အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့တို့ဖြစ်သည်။

ခရစ်ယန်စာရေးဆရာနှင့်စာအုပ်များ

  • ၁။၁၈၃၇ - တောင်ထိပ်ပေါ်မှဓမ္မဒေသနာကျမ်း - စကောကရင်ဘာသာဖြင့်
  • ၂။၁၈၄၂ - အရုဏ်ကြယ်မဂ္ဂဇင်း - စကောကရင်ဘာသာဖြင့်
  • ၃။၁၈၄၆ - ကရင်အင်္ဂလိပ်ဝေါဟာရကျောင်းသုံးစာအုပ် - စကောကရင်ဘာသာဖြင့်
  • ၄။၁၈၄၉ - စကောကရင်+အင်္ဂလိပ်အဘိဓာန် - ဘန်းနက်အမှာစာရေး၊ရေးသူ=ဒေါက်တာဂျိုနသန်ဝိတ်
  • ၅။၁၈၄၃ - သမ္မာကျမ်းစာ(စကောကရင်ဘာသာဖြင့်) ဒေါက်တာမေဆန်
  • ၆။၁၈၅၁ - သမ္မာကျမ်းစာ(ဓမ္မဟောင်း-စကောကရင်ဘာသာဖြင့်) - ဒေါက်တာဂျိုနသန်ဝိတ်
  • ၇။၁၈၄၇ - စယောဟန်ကျမ်းနှင့်တမန်တောဝတ္ထု - ဘူးလဒ်
  • ၈။၁၈၅၁ - ပိုးကရင်သဒ္ဒါကျမ်း - ဒေါက်တာမေဆန်
  • ၉။၁၈၅၁ - သမ္မာကျမ်းစာ(ဓမ္မသစ်-ပိုးကရင်ဘာသာဖြင့်) - ဒေါက်တာဘရေတန်
  • ၁၀။၁၈၈၄ - သမ္မာကျမ်းစာတစ်ခုလုံး(ပိုးကရင်ဘာသာဖြင့်) - ဒေါက်တာဘရေတန်
  • ၁၁။၁၉၁၅ - အသိပညာကဏ္ဍများ(လေးတွဲ-စကောကရင်ဘာသာဖြင့် - ဒေါက်တာဂျိုနသန်ဝိတ်
ကရင်လူမျိုးစာရေးဆရာများနှင့်စာအုပ်များ
  • ၁။ကရင်သမိုင်း - ဆရာကြီးဦးအောင်လှ
  • ၂။ကရင်ဖားစည် - သရာဘူမူ (ခ) ဖိုးတော်ဦး
  • ၃။ကရင်နှစ်သစ်ကူးပွဲ - ဆရာကြီးဦးလွန်းရွှေ
  • ၄။ကရင်လူမျိုးတို့၏ ရိုးရာဓလေ့များ - ဒေါက်တာတီသံပြား
  • ၅။ကျောင်းသုံးစာအုပ် (အမျိုးမျိုး) - ဆရာကြီးဦးဖိုးလင်းတေး၊ ဆရာကြီးဦးမိုလို၊ စောတောက်၊ ဦးဘထွန်းတင်စသောပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်စသော ပိုးကရင်စာရေးဆရာများ
ကရင်မဂ္ဂဇင်းနှင့်အယ်ဒီတာများ
  • ၁။တာကပေါ်-အလင်းရောင် = လာဒါဒွေး
  • ၂။လဲဆူးညား-ရှေ့သို့မဂ္ဂဇင်း = ပက်ဒရီဒူ
  • ၃။ဆာထူဝေါ-အရုဏ်ကြယ် = ဆရာပန်းဖြေ
  • ၄။ဖိုးသာအဘိုး-ကလေးသူငယ်များ၏မိတ်ဆွေ = စောကေပ
  • ၅။ပဟိပဟွော-သည်ဟုမ်း(The home) = ဆရာမကြီး အက်ဒစ်ဖြူ
ပိုးကရင်ဘုန်းတော်ကြီးစာရေးဆရာများနှင့်ကျမ်းများ

၁။ဖူးတာမိတ် (ခ) ဦးနန္ဒမာလာ = ရေးသားသောစာများကို ယနေ့ခေတ်တွင် မျက်မြင်မပြနိုင်သေး

၂။ဦးစိန္တာက၀ိ =၁၀ ကျမ်းပြုစုခဲ့သည်။ယင်းတို့မှာ-

  • ၁၈၇၁ - သိင်ယါန်းလက္ခဏာ-ရာမလက္ခဏာ (ဤကျမ်းကို တပည့်များဖြစ်သော နဲာပညာနှင့်နဲာစန္ဒာဝရတို့နှင့် တွဲဖက်ရေးသည်)
  • ၁၈၈၀ - ဒ၀်သင့်ဂဟး-ရဟန်းဆုံးမစာ
  • ခါထ၀့်မု့လီ-မူလဆုံးမစာ
  • မု့လမု့လီ-မူလဆုံးမစာအဘိဓမ္မာ
  • ၁၈၈၃ - နဲာမိက်ကုမ္မာ-နေမိကုမ္မာအကြောင်း
  • ၁၈၈၄ - ၀ဏ္ဏကုမ္မာဝတ္ထု၊ ဆာလ်ုဝါန်၊ မိက်ဍုင်ကေ၀်ထ၀်၊က်ုဆာန်အွာ-ဆဒ္ဒန်ဆင်မင်းဝတ္ထု၊ သင့်ဂဓးခုက်သင့်၊
မှတ်ချက် = အချို့စာလုံးကိုဖေါင့်အခက်ခဲကြောင့်ချန်ခဲ့သည်။ ကရင်စာလုံးများဖြစ်သည်။

နဲာပညာ= ဦးစိန္တာက၀ိ၏ တပည့်ဖြစ်သည်။ ၁၆ကျမ်းပြုစုခဲ့သည်။ ယင်းတို့မှာ -

  • ၁၈၇၁ - ရာမလက္ခဏ
  • ၁၈၈၀ - ဇ၀်သင့်ဂဟး-ရဟန်းဆုံးမစာ၊ ခ္ဂါထင့်မု့လာမု့လီ-မူလဆုံးမစာ
  • ၁၈၈၂ - မူလဆုံးမစာအဘိဓမ္မာ
  • ၁၈၈၃ - နဲာမိက်ကုမ္မာသိနဲာမိက်-နေမိကုမ္မာကျမ်း
  • ၁၉၀၁ - သိင်သုက်ကာယာ-ရာမမင်းနှင့်ရုပ်တရား၊ ဘိင်းမာဖိင့်မကိုလိုဝ်ကျာ်-ယသော်ဓယာဘုရားကန်တော့၊ ဏ၀့်သ၀်မူး-ဘိက္ခုနီမ၊ အီတာလီ-သားရှင်ပြုဝတ္ထု၊ ဓ၀်စာသိင်၊ လိက်ဝါကျာ်ကိုဝ်မိင်-ဘုရားရှိခိုးအမျိုးမျိုး၊ ပု၊အှ်ကိုဝ်မိင်- တရားပဒေသာအမျိုးမျိုး၊ ဗျးဝိဗျးတ၊ ကာလုတာ-ကာဠုဒါယီအမတ်
  • ၁၉၂၅ - လိက်ပုံဖိနတ္ထ-ဇိနတ္ထပကာသနီကျမ်းမှတ်ချက်
  • ၁၉၂၈ - ဘုရားနှင့်တိတ္ထိတန်ခိုးပြိုင်ခန်း
ဦးစန္ဒာဝရ = တံဂုန်ပနော်ဇာတိ၊၇ကျမ်းပြုစုခဲ့သည်။ဦးစိန္တာက၀ိ၏တပည့်ဖြစ်သည်။
  • ၁၉၀၀ - မူရဓး-မဟောသဓ၊
  • ၁၉၀၃ - ပူရိတုတ်-ဘူရိဒတ်နဂါးမင်း၊ စန္ဒကုမ္မာ၊ နာရဓး-နာရဒ၊ ၀ိဒူရ-၀ိဒူရအမတ်၊ ၀ိသန္တ၀်-ဝေဿန္တရာဇာတ်၊
  • ၁၉၀၄ - လိက်ဍုံဆီဃှူ့-၁၆တိုင်းကျမ်း
ဦးဇာဂရ = ကော့ဒန်ဇာတိဖြစ်သည်။ ကျမ်းပေါင်းလေးဆယ်ပြုစုခဲ့သည်။ ထင်ရှားသောကျမ်းအချို့မှာ -
  • ၁၉၄၃ - ခလောက်မြို့ဘုရားသမိုင်း
  • ၁၉၄၉ - ၀ိနည်း၊ ရဟန်းကျင့်ဝတ်၊
  • ၁၉၅၀ - ကရင်ရာဇ၀င်၊ ဓမ္မစကြာပါဠိအနက်၊ မင်္ဂလသုတ်ပါဠိအနက်၊ ကောသလမင်းအိမ်မက်အကျယ်နှင့် တရားပေါင်းချုပ်ကျမ်း၊
  • ၁၉၅၁ - ဒူဝေသမိုင်း
  • ၁၉၅၄ - ရတနာရွှေချိုင့်နှင့်နမက္ကာရပါဠိအနက်၊
ပိုးကရင်စာဆိုတော်အချို့၏စာအုပ်များ
  • ငါးရာ့ငါးဆယ်နိပါတ်၊ စကားတောင်းစား၊ မယ်ဥသျှစ်၊ လေးပွင့်မယ်၊ ကျန်စစ်သား၊ ကထိန်အမေးအဖြေ၊ ဥပ္ပလ၀ဏ်အတိတ်ဝတ္ထု၊ ဗုဒ္ဓဒေသစာရီကြွခန်း၊ ဒုံရင်းရာဇ၀င်၊ မဟာဒုဂ်ဇာတ်၊ ဥပက-ဆာဝါ၊ ဒေ၀ဒတ်-အဇာတသတ်၊ အင်္ဂုလိမာလ၊ အနာထပိဏ်သူဌေး၊ မစ္ဆရိယသူဌေး၊ ပဋာဒါသ၊ ဥတေန၊ သစ္စာလေးပါး၊ တဘောင်များစသောကျမ်းအမျိုးမျိုး။
လဲကယ်စာပေ
  • လဲကယ်ဘာသာဝင်ပိုးကရင်စာပေသည် လိုက်ထောထု-ဟုခေါ်သော ကျမ်းစာ၂၆-ကျမ်းဖြစ်သည်။ လိပ်ဆန်ဝှေ့အက္ခရာဖြင့် ပုရပိုက်ပေါ်တွင် ရေးထားသည်။ ကျမ်းပြုဆရာနှင့် ကျမ်းပြီးနှစ်ကို မဖေါ်ပြထားပေ။ လိပ်ဆန်ဝှေ့စာရေးနည်းကို ၁၈၄၆-တွင် ဘားအံ၊ဦးမောယိုင်သည် အထက်ရေတံခွန်ကျောင်းတွင် သွားရောက်တီထွင်ခဲ့သည်ဟု အဆိုရှိသည်။ ထို၂၆-ကျမ်းသည် လဲကယ်ဘာသာဝင်များ ဖါတ်ရှုရန်သာဖြစ်သည်။ ဂိုဏ်ချုပ်တည်ရာမှာ ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊နှစ်ခြားကျေးရွာဖြစ်သည်။
ဒုတိယခေတ်ကောက်နှုတ်ချက်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့သည် ဗုဒ္ဓဘာသာပိုးကရင်စာပေတို့ကို ပေပေါ်တွင်ရေး၍ ကျောင်းတွင်း၌သာ သုံး၍ လူထုသို့မဖြန့်ခဲ့သဖြင့် လူအများသို့မတွင်ကျယ်ခဲ့ပေ၊ အမေရိကန်နှစ်ခြင်းသာသနာပြု ပုဂ္ဂိုလ်များကမူ စကောကရင်၊ပိုးကရင်နှစ်မျိုးလုံးတို့ဖြင့် ပြုစု၍ ပုံနှိပ်စက်ဖြင့် လိုသလောက် လူထုသို့ဖြန့်ခဲ့သဖြင့် လူသိများတွင် ကျယ်ခဲ့သည်။

တတိယခေတ်
တတိယခေတ်ကို ၁၉၆၂၊မတ်လနောက်ပိုင်းဟု သတ်မှတ်နိုင်ပါသည်။ ထိုကဲ့သို့သောအချိန် တွင် တော်လှန်ရေးကောင်စီသည် တိုင်းရင်းသား အသီးသီးတို့၏  စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို ဖေါ်ထုတ်ရန် အထူးဦးစားပေးခဲ့သည်။ ၁၉၆၄-တွင် ကရင်ယဉ်ကျေးမှုပိုင်းမှ ပုဂ္ဂိုလ်များသည် ``ကရင်စာပေဖေါ်ထုတ်ရေးကော်မတီ(ဘားအံ)´´ကို တည်ထောင်ခဲ့သည်။ တတိယခေတ်တွင် ထွန်းကားသောစာပေများမှာ ဒုတိယခေတ်နှင့်မတူပေ။

၁၈-ရာစုတွင် ကရင်လူမျိုးတို့၏ စာရေးနည်းပညာရှိလောက်ပြီဟု ယူဆနိုင်သည်။ ၁၈၃၂-တွင် စကောကရင်တို့သည် မြန်မာအက္ခရာကိုမှီး၍ စာရေးနည်းရရှိနေပြီဟု တိတိကျကျဆိုနိုင်သည်။ ၁၉-ရာစုတွင် မိရိုးဖလာဘာသာစကား၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ခရစ်ယန်ဝါဒလွှမ်းမိုးလာ သည်။ ဗုဒ္ဓဘာသာအယူဝါဒ လွှမ်းမိုးချိန်ကို တိတိကျကျမပြောနိုင်သေးပေ၊ လင်္ကာဖြင့်မှတ်တမ်း တင်သော ထိုခေတ်ကို လင်္ကာခေတ်ဟုဆိုသည်။

၁၈၃၇-၊ဒုတိယခေတ်တွင် ကရင်ဘာသာစာပေကို စက်တင်ပုံနှိပ်သည်။ စကားပြေခေတ်ဟုခေါ် သည်။ တတိယခေတ်တွင် လူတိုင်းစာတတ်မြောက်ရေးအတွက် အားတက်သရော ကျိုးပန်းလာ ကြသည်။ ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ဆိုနိုင်သည်။

ကရင်စာရေးနည်းအတတ်ပညာ
မြန်မာနိုင်ငံဖွား ရှေးခေတ်ပျူ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ပလောင်၊ ပဒေါင်၊ မွန်၊ မြန်မာ၊ လားဟူလူမျိုးတို့သည် တရုတ်၊တိဗက်စကားအုပ်စုတွင် ပါဝင်သည်။ ယင်းတို့အသုံးပြုနေသော အက္ခရာဇာစ်မြစ်သည် ဘီစီ ငါးရာစု၊ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံသော ဗြဟ္မီအက္ခရာနှင့် ရှေးခေတ် လက်တင်လူမျိုးတို့ အသုံးပြုသော ရောမအက္ခရာဟု နှစ်မျိုးတွေ့နိုင်သည်။ ယင်းနှစ်မျိုးလုံးသည် အင်ဒိုအာရိယန်စကားအုပ်စုနွယ်ဝင် လက်တင်လူမျိုးများနှင့် အိန္ဒိယတိုင်းရင်းသားတို့က တီထွင်ခဲ့ သည်။

ပျူ၊မွန်၊မြန်မာ၊ရှမ်း၊ ကရင်၊ပိုး၊စကော၊ပအိုဝ့်စကားများမှာ ဒေသဆိုင်ရာဗြဟ္မီအက္ခရာများဖြစ်သည်။ ကချင်၊တီးလိမ်ချင်း၊ လားဟူနှင့် ဗရင်ဂျီဘာသာဝင် သံတောင်မြောက်ပိုင်းကရင်နှင့် ဗရင်ဂျီဘာသာ ၀င် ဖာပွန်နယ်စကောကရင်အက္ခရာ များမှာ ဒေသဆိုင်ရာရောမအက္ခရာများဖြစ်သည်။

ကရင်လူမျိုးတို့၏ အဆိုများကို ဆန့်ကျင်၍ မာရှယ်၊စမီတန်၊မက္ကမဟွန်တို့က ဒေါက်တာဂျိုနသန် ၀ိတ်မတိုင်မီ ကရင်စာပေမရှိခဲ့ဟု ဆိုကြသော်လည်း မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ ပြန့်နှံ့နေ ထိုင်ရာဒေသ၊ မြန်မာနိုင်ငံသို့ လူမျိုးများရောက်ရှိလာပုံသမိုင်း၊ မွန်+မြန်မာအက္ခရာသမိုင်း၊ စာပေ သမိုင်း၊ ဗုဒ္ဓဘာသာအယူဝါဒများ ရောက်ရှိလာပုံ သမိုင်း၊ ကရင်နှင့်မွန်တို့၏ ဘာသာစကား၊ စာပေ များ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ၊ တေးသီချင်း၊ကဗျာ၊လင်္ကာ၊ ပုံပြင်၊ဒဏ္ဍာရီများကို ထောက်ဆ ၍ ယင်းတို့သည် ရိုးသားစွာပြောဆိုရေးသားခြင်း၊ သေချာစွာလေ့လာပြီးမှ ရေးသားခြင်း မဖြစ်နိုင် ဟုမှတ်ယူရမည်။ စင်စစ် ပေမူများကို ထိန်းသိမ်းသူတို့က ထိန်းသိမ်းမှုအားနည်းသောကြောင့်သာ ယနေ့ခေတ်တွင် မမြင်တွေ့ ရခြင်းဖြစ်မည်ဟု မှတ်ယူမိပါသည်။ ၁၈၃၂-ထက်စော၍ စာရေးနည်း တစ်ခုခု ရှိပါလိမ့်မည်။ လက်တွေ့မပြနိုင်သောအရာတိုင်း မရှိနိုင်ဟု မမှတ်ယူသင့်ပေ။

မွန်တို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ မုတ္တမပင်လယ်ကွေ့သို့ ဘီစီနှစ်ရာစုခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်နေထိုင်ခဲ့သည်။ ခရစ်နှစ် လေးရာစုခန့်တွင် သုဝဏ္ဏဘူမိသို့ ဗုဒ္ဓသာသနာတော် ရောက် ရှိနေပြီဖြစ်သည်။ ခြောက်ရာစုတွင် စာပေရေးသားနည်းကိုရရှိခဲ့ပြီဖြစ်သည်။

ကရင်တို့သည် အေဒီခုနစ်ရာစု-ရှစ်ရာစုတွင် တောင်ငူအရှေ့ဘက်မှ ၀င်ရောက်လာကြသည်။ ထို့ကြောင့် ဗုဒ္ဓစာပေများ ထွန်းကားနေပြီဖြစ်သော မွန်တို့နှင့် ထိုအချိန်တွင်  တွေ့ထိဆက်ဆံ ရမည်မှာ ဧကန်ဖြစ်သည်။

ကရင်စာရေးနည်းစနစ်ကိုးမျိုး

  • ၁။ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ပေစာသင်ပုန်းကြီး
  • ၂။နှစ်ခြင်းဘာသာဝင် ပိုးကရင်ပေစာသင်ပုန်းကြီး
  • ၃။နှစ်ခြင်းဘာသာဝင် စကောကရင်ပေစာသင်ပုန်းကြီး
  • ၄။ဦးနန္ဒမာလာပြုစုသော ကရင်သင်ပုန်းကြီး
  • ၅။မြိုင်သာယာဆရာတော်ပြုစုသော ဗုဒ္ဓဘာသာစကောကရင်သင်ပုန်းကြီး
  • ၆။ဗရင်ဂျီဘာသာဝင် သံတောင်မြောက်ပိုင်းကရင်သင်ပုန်းကြီး
  • ၇။ဗရင်ဂျီဘာသာဝင် ဖာပွန်နယ်စကောကရင်သင်ပုန်းကြီး
  • ၈။ဦးဘထွန်းတင်စိစစ်ပြုပြင်ထားသော စကေကရင်သင်ပုန်းကြီး
  • ၉။ဒူးဂဏန်းဖြင့် ရေးထားသော လိပ်ဆန်ဝှေ့သင်ပုန်းကြီး
မှတ်ချက် = တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ = ကရင် ဟူသောစာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
Print Friendly and PDF

အိမ်အလှ

Unknown | 7:33 PM | Be the first to comment!
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း။
အိမ်ရှေ့ပန်းခင်း ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော ဆိုဖာချောနှင့်
အံ့သြရင်မ ဗန်းပြလှသည်
စိတ်ကမောဟ လက်ကလောဘ
နှုတ်ကမာန ထားတတ်ကြမူ
အတ္တကိုယ်ကျိုး ထိုအိမ်မျိုး။
အိမ်နောက်စိုက်ခင်း စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင် လေနေ၀င်နှင့်
အားအင်မျှတ ဗန်းမလှလည်း
စိတ်ကမေတ္တာ လက်မှာစာဂ
နှုတ်ကဖြောင့်ရိုး အနေရိုးမူ
သူ့ကျိုးကိုယ့်ကျိုး ထိုအိမ်မျိုး။ (ဆရာဇော်ဂျီ) Print Friendly and PDF

နတ်ပြည်အလှနတ်သုခ

Unknown | 7:30 PM | Be the first to comment!
လူ့စည်းစိမ်နှင့်နတ်စည်းစိမ်၊ လူ့ပြည်နှင့်နတ်ပြည်၊ လူ့ချမ်းသာနှင့်နတ်ချမ်းသာ၊ အလှမ်းကွာလှပုံမှာ မျက် ခင်းပြင်ပေါ်ရှိ ဆီးနှင်းပေါက်နှင့် သမုဒ္ဒရာရေကို နှိုင်းယှဉ်သကဲ့သို့ အလှမ်းကွာလှသည်။ အခြားနတ်ပြည်ကို မဆိုထားနှင့် တာဝတိံသာရှိ တာဝတိံသာနတ်တို့၏ သုဒဿနနေပြည်တော်သည်ပင် မြင့်မိုရ်တောင်ထိပ် ယူဇနာတစ်သောင်း ကျယ်ဝန်းသောအရပ်တွင် တည်ရှိသည်။ နန္ဒ၀န်ဥယျာဉ်သည် နေပြည်တော်၏ အထင်ကရနေရာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ နေပြည်တော်အရှေ့ဘက်တွင်ရှိသော နန္ဒ၀န်ဥယျာဉ် သည် စုတေခါနီး အလွန်ပူဆွေးနေရသော နတ်များကိုပင် စုတေရမည့်အရေးကို မေ့လျော့နိုင်သည် အထိ မွေ့လျော်ဖွယ်ကောင်းလှသည်။စိမ်းလန်းစိုပြေသော မြက်ခင်းပြင်၊ သစ်ပင်၊ ပန်းမန်တို့ကြားဝယ် နတ်သားနတ်သမီးများသည် လိပ်ပြာကလေးများသဖွယ် တ၀ဲဝဲလှည့်လည်နေကြသည်။ ဥယျာဉ်နှင့်မြို့ အလယ်တွင် ကြည်လင်သောရေအပြင် လှပသည့်ကမ်းနား ရတနာများစီခြယ်သည့် ထိုင်ခုံကလေးများရှိ သည်။ စူဠနန္ဒနှင့်မဟာနန္ဒမည်သော ရေကန်ကြီးနှစ်ကန်လည်းရှိသည်။ ကျန်ရှိသည့် အရပ်သုံးမျက်နှာတွင် လည်း ထိုကဲ့သို့ လှပသည်ချဉ်းဖြစ်သည်။

ရှေးကောင်းမှုကြောင့် ရလာသော ဗိမာန်ဘုံနနန်းတို့မှာ အလွန်ဆန်းကြယ်လှသည်။ ဆံဖြူခြင်း၊ သွားကျိုးခြင်း၊ မျက်လုံးမွဲခြင်းမရှိ၊ နတ်သြဇာကိုသာ သုံးစွဲစားသောက်ရသည်။ နတ်သြဇာတို့သည် စားသောက်ချိန်တန်လျင် အလိုအလျောက် ပေါ်ပေါက်လာရသည်။ လျှာဖျားပေါ်တင်ရုံမျှဖြင့် ခြေဖျားထိ တစ်ကိုယ်လုံး ပျံ့နှံ့သည်။ နူးညံ့သောအစာများကို အလွန်အားကောင်းသည့် ပါစကတေဇော က ချေဖျက်နိုင်သည်။ ထို့ကြောင့်ပင် ကျင်ကြီး၊ကျင်ငယ်များ နတ်တို့တွင် မဖြစ်ပေါ်ရခြင်းဖြစ်သည်။ နတ်တို့၏ သြဇာနှင့်ပတ်သက်၍ သုတာဘောဇနဇာတ်တော်တွင် -
၁။မွတ်သိပ်ဆာလောင်မှုကင်း၍ ခွန်အားပြည့်ခြင်း
၂။ချင်ခြင်းပျောက်၍ ရောင့်ရဲတင်းတိမ်ခြင်း
၃။ပျင်းရိမှုကင်း၍ မွေ့လျော်လာခြင်း
၎။နွမ်းနယ်ပျော့ညံ့ခြင်းကင်း၍ အမှုတွင်ခံ့ခြင်း
၅။စိတ်ဆိုးစိတ်ပျက် အမျက်ထွက်မှုကင်းခြင်း
၆။ညင်းခုံခိုက်ရန် ပျောက်ကင်းခြင်း
၇။ရန်ညှိုးဖွဲ့မှုပျောက်၍ မေတ္တာဓါတ်ပေါ်နေခြင်း
၈။ချောပစ်ဂုန်းတိုက်မှုကင်းခြင်း
၉။အချမ်းပျောက်၍ နွေးနေခြင်း
၁၀။အပူပျောက်၍ အေးမြနေခြင်း
၁၁။ထိုင်းမိုင်းလေးလံမှုမရှိ ပေါ့ပါးခြင်း
၁၂။အိပ်မွေ့ခြင်းပျောက်၍ ကျန်းခံ့သာယာခြင်း (ဇာ၊ဋ္ဌ၊၅၊၄၁၃) ဟူ၍ အကျိုးဆယ့်နှစ်မျိုးရသည်ဟု ဆိုထားသည်။

သို့သော် နတ်ပြည်တွင် လူတို့ကဲ့သို့ ထူးခြားသည့် ဇာတ်လမ်းများရှိသည်။ ဥပမာ - ပဉ္စသိခနတ်ဇာတ်သမား သည် တိမ္ဗရုနတ်မင်းသမီး သူရိယ၀စ္ဆသာအား ချစ်ခင်စွဲလမ်းနေ၏။ သူရိယ၀စ္ဆသာကား မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တိနတ်သားကိုသာ နှစ်သက်သည်။ သိကြားမင်းသည် ပဉ္စသိခနတ်သားကား လွန်စွာကျေးဇူးများလှ၏ - ဟူ၍ ဆုံးဖြတ်ကာ သူရိယ၀စ္ဆသာနှင့် လက်ဆက်ပေးခဲ့သည်။

နတ်ပြည်တွင် မြသားနှင့်တည်ထားသော တစ်ယူဇနာမြင့်သည့် စူဠာမဏိစေတီတော်ရှိသည်။ ထိုစေတီတော်တွင် ဘုရားလောင်းတောထွက်စဉ်အခါက ဖြတ်ခဲ့သော ဆံတော်ဓါတ်နှင့် လက်ျာစွယ်တော် ဓါတ်တို့ ကိန်းဝပ်လျက်ရှိသည်။ နတ်သားနတ်သမီးများအဖို့ ပန်းနံ့သာ၊ ဆီမီးပူဇော်ရန် အခွင့်ထူးကြီးဖြစ် သည်။ တရားဟောတရားနာရန်သုဓမ္မာနတ်ဓမ္မာရုံလည်းရှိသည်။ ရတနာအမျိုးမျိုးတို့ဖြင့် မွမ်းမံခြယ်လှယ် ထားသော ဓမ္မာရုံအတွင်းသို့ လေညှင်းများက ပင်လယ်ကသစ်ပန်းရနံ့များကို သယ်ဆောင် လာသည်။ ဓမ္မာရုံအတွင်းတွင် သိကြားမင်း မဃလုလင်ဖြစ်စဉ်အခါက ကောင်းမှုပြုဘက်ဖြစ်သည့် နတ်မင်းသုံးဆယ့် သုံးယောက်တို့၏နေရာများ ခင်းထားသည်။ တရားနာခြင်း အစည်းဝေးခေါ်ခြင်း အချိန်ရောက်လျင် သိကြား မင်းကိုယ်တိုင် ၀ိဇယုတ္တရခရုသင်းကို မှုတ်လျက် ယူဇနာတစ်သောင်းကျယ်သော သုဒဿနမြို့ကို ဟိန်းစေကာ မြည်ဟိန်းသံကား လူတို့အရေအတွက်အားဖြင့် လေးလတိုင်ကြာ၏။ သုဓမ္မာဓမ္မသဘင်သို့ သနင်္ကုရဗြဟ္မာမင်း တရားဟောလေ့ရှိသည်။ တစ်ရံတစ်ခါ တရားဟောကောင်းသော နတ်သားတစ်ဦးဦးက တရံတစ်ခါ သိကြားမင်းကိုယ်တိုင်လည်း ဟောသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၂၉၇-၃၀) Print Friendly and PDF

ဗုဒ္ဓတိုင်းဖြစ်မြဲဓမ္မတာ-၃၀

Unknown | 7:28 PM | Be the first to comment!
၁။ဘုရားဖြစ်မည့် နောက်ဆုံးဘ၀တွင် ပဋိသန္ဓေနေရန် ပညာအဆင်ခြင်ဥာဏ်နှင့် ယှဉ်၍သာ မယ်တော့် ၀မ်းသို့ ပဋိသန္ဓေသက်ဝင်သည်။
၂။မယ်တော့်ဝမ်းတွင် တင်ပလ္လင်ခွေလျက် ပြင်ပသို့ ကြည့်ရှုတော်မူသည်။
၃။မယ်တော်သည် ရပ်လျက်သာလျင် ဘုရားအလောင်းတော်ကို ဖွားတော်မူသည်။
၎။မယ်တော်သည် တောအရပ်၌သာ ဘုရားအလောင်းတော်ကို ဖွားတော်မူသည်။
၅။ဖွားပြီးသော ဘုရားအလောင်းတော်သည် ရွှေပြားထက်တွင် နင်းတော်မူသည်။
၆။မြောက်အရပ်သို့ မျက်နှာမူကာ ခုနစ်လှမ်းလှမ်းပြီးနောက် အရပ်လေးမျက်နှာသို့ ကြည့်ကာ ရဲရင့်သံဖြင့် ကြုံးဝါးတော်မူသည်။
၇။နိမိတ်ကြီးလေးပါးကို မြင်ပြီး၍ သားတစ်ယောက်ဖွားပြီးကာမှ မြတ်သောတောထွက်ခြင်းဖြင့် တော ထွက်တော်မူသည်။
၈။အရဟတ္တဓဇဖြစ်သည့် သင်္ကန်းဖြင့် ရဟန်းပြု၍ အနိမ့်ဆုံး ဒုက္ကရစရိယကျင့်တော်မူသည်။
၉။ဘုရားဖြစ်မည့်နေ့တွင် နို့ဃနာဆွမ်းဘုန်းပေးသည်။
၁၀။မြက်အခင်း၌ ထိုင်ကာ သဗ္ဗညုတဥာဏ်ရတော်မူသည်။
၁၁။အာနာပါနကမ္မဋ္ဌာန်းကို အခြေခံ၍ မာရ်နတ်စစ်သည်အပေါင်းကို ဖျက်ဆီးတော်မူသည်။
၁၂။ဗောဓိပလ္လင်တွင် ၀ိဇ္ဇာသုံးပါးကို အစပြုကာ အသာဓာရဏဥာဏ်စသော ဂုဏ်အထူးကို ရသည်။
၁၃။ခုနစ်ရက်ခုနစ်လီ(၄၉)ရက်ပတ်လုံး ဗောဓိပင်အနီး၌သာ ကုန်လွန်စေသည်။
၁၄။မဟာဗြဟ္မာကြီးက တရားဟောရန် တောင်းပန်ရသည်။
၁၅။ဣသိပတန မိဂါဝုန်တောတွင် ဓမ္မစကြာတရား ဟောသည်။
၁၆။တပို့တွဲလပြည့်နေ့တွင် အင်္ဂါလေးပါးရှိသည့် အစည်းအဝေးတွင် သြ၀ါဒါပါဋိမောက်ကို ပြသည်။
၁၇။ဇေတ၀န်ကျောင်းတွင် အမြဲသီတင်းသုံးသည်။
၁၈။သာဝတ္ထိပြည်၊ မြို့တံခါးနေရာတွင် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာပြသည်။
၁၉။တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားဟောသည်။
၂၀။သင်္ကဿမြို့တံခါး၌ နတ်ပြည်မှ ဆင်းသက်သည်။
၂၁။ခုနစ်ရက်လုံးလုံး ဖလသမာပတ်ကို ၀င်စားသည်။
၂၂။တစ်နေ့လျင် နံနက်တစ်ကြိမ်၊ညနေချမ်းတစ်ကြိမ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ကျွတ်ထိုက်သည့်ဝေနေယျ တို့ကို ဥာဏ်ဝင်စား၍ ကြည့်တော်မူသည်။
၂၃။ဝတ္ထုကြောင်းပေါ်လျင် သိက္ခာပုဒ်ပညတ်သည်။
၂၄။ရှေးနှင့်ဆက်စပ်သော ပစ္စုပ္ပန်အကြောင်းပေါ်လျင် သိက္ခာပုဒ်ပညတ်သည်။
၂၅။ဆွေတော်မျိုးတော်တို့ အစည်းအဝေးတွင် ဗုဒ္ဓ၀င်ကို ဟောသည်။
၂၆။အာဂန္တုရဟန်းတို့နှင့် ပဋိသန္တာရစကားကို ပြေပြစ်စွာပြောလေ့ရှိသည်။
၂၇။ဝါကျွတ်လျင် ၀ါဆိုရန်ပင့်ဖိတ်ခဲ့သောဒကာကို ပန်ကြားပြီးမှသာ ကြွသွားတော်မူသည်။
၂၈။နေ့တိုင်း နံနက်၊ ညချမ်း၊ ပုရိမယာမ်၊ မဇ္ဈိမယာမ်၊ ပစ္ဆိမယာမ်ဟူသည့် အခါငါးပါးတွင် ပုဗ္ဗကိစ္စပြုသည်။
၂၉။ပရိနိဗ္ဗာန်ပြုမည့်နေ့တွင် သားပြွမ်းဆွမ်းကို ဘုန်းပေးသည်။
၃၀။ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို့ကို ၀င်စားပြီးမှ ပရိနိဗ္ဗာန်စံတော်မူသည်။
သမန္တစက္ခုဒီပနီ၊၂၁၁-၂။
Print Friendly and PDF

ရှင်မဟာသီလ၀ံသ

Unknown | 7:25 PM | Be the first to comment!
ရှင်မဟာသီလ၀ံသကို သက္ကရာဇ် ၈၁၅-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြောက်မျက်နှာ၊ မြို့လုလင်ရွာ၌ ဦးဘကြည်+နတ်ထိန်းကြီးမယ်ဒွေးတို့မှ ဖွားမြင်သည်။ ငယ်အမည် မောင်ညိုခေါ် မောင်ရွှေညိုဖြစ်သည်။

ငယ်ဆရာမှာ တောင်တွင်းကြီးမြို့ မြောက်ယွန်းယွန်း၊ ငှက်ပစ်တောင်အရှေ့၊ ထူပါရုံကျောင်းတိုက်နှင့် ၊ မြို့တောင်မှ ရတနာဗိမာန်ကျောင်းကြီး ဤနှစ်ကျောင်းပိုင်သော နတ်မှီးဆရာတော် သို့မဟုတ် နတ်မီး လင်းဆရာတော် ရှင်သီလာစာရာဘိဓဇဖြစ်သည်။ ငှက်ပစ်တောင်ဆရာတော်ဟူ၍၄င်း ထူပါရုံဆရာတော် ဟူ၍၄င်း သိကြသည်။

ရှင်မဟာသီလ၀ံသအလောင်းနှင့် ရှင်ဥတ္တမကျော်အလောင်းတို့ နတ်မီးလင်းဆရာတော်ထံ မအပ်နှံမီ ဆရာတော်တွင် မိမိလက်ျာဘက်ရင်နို့ကို ရွှေခြင်္သေ့စို့လျှက် မိမိလက်ဝဲဘက်ရင်နို့ကို ရွှေကျေးစို့သည်ဟု အိပ်မက်မြင်မက်သည်။ ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်၊ ရှင်အုံးညို၊ ရှင်ခေမာအလောင်းများဖြစ်သည့် ၊ ပေလေးပင် ရှင်လေးပါးတို့သည် တစ်ဆရာတည်းတွင် စာပေသင်နေသည်။
မှတ်ချက် = ဒန့်သလွန်ပင် ဆရာတော်ရေး တောင်တွင်းရာဇ၀င်နှင့် ကဗျာသင်္ဂဟမေဒနီတို့၌မူ ရှင်မဟာသီလ၀ံသနှင့် ရှင်ဥတ္တမကျော် တို့က တစ်ဆရာ၊ ရှင်အုံးညိုနှင့် ရှင်ခေမာတို့က တစ်ဆရာဟု ဆိုထားသည်။

အရှင်သည် ငယ်ရွယ်စဉ်ကျောင်းသားဘ၀ကပင် ရုတ်ချည်း ကဗျာလင်္ကာစပ်ဆိုနိုင်သည်။ ဥာဏ်ရွှင်သည်။ ထိုကျောင်းတိုက်၌ပင် သာမဏေပြု၊ ပဉ္စင်းတက်ခဲ့သည်။ သက္ကရာဇ် ၈၅၃၊သက်တော် ၃၈-တွင် ပါရမီတော် ခန်းပျို့ကို သီကုံးခဲ့သည်။ ပါရမီခန်းပျို့၊ တောင်တွင်းလာပျို့၊ မော်ကွန်း၊ လင်္ကာ၊ ရတု၊ စကားပုံ၊ ကျောက်စာ ၊ ရာဇ၀င်၊ ၀တ္ထု၊ ကျမ်းဂန်အစုစုကို ရေးသားခဲ့သည်။ အ၀သို့ရောက်ရှိခဲ့ပြီးနောက် ထူပါရုံစေတီရင်ပြင်တော် ဇရပ်ငယ်တစ်ဆောင်တွင် သီတင်းသုံးစဉ် ဘုရင်မှ အရှင်၏ ပိဋကတ်ကျမ်းဂန် နှံ့စပ်ခြင်း မြန်မာကဗျာမှု၌ စွယ်စုံနှံ့စပ်ခြင်းအကြောင်းကို သိရသဖြင့် ထူပါရုံစေတီ အရှေ့မြောက်ယွန်းယွန်း ရတနာဗိမာန်ကျောင်းခေါ် ၊ ရွှေကျောင်းကြီးသို့ ပင့်ဆောင်ကိုးကွယ်၍ အ၀ဘုရင် ဒုတိယမင်းခေါင်ကိုယ်တိုင် သီလ၀ံသာဘိဓဇ မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။

သာသနာလင်္ကာရကျမ်းတွင် ပါရမီ၊ ဗုဒ္ဓလင်္ကာရ၊ တောင်တွင်းလာပျို့သုံးစောင်ကို တောင်တွင်းမှ ယူခဲ့သည် ဟု ဆိုသည်။ နောက်ဆရာတို့ကလည်း ထိုအတိုင်းပင် ယူဆခဲ့ကြသည်။ သို့သော် နတ်ပြည်ဆောင်ထား လူတို့အားကို ကြောင်းလျားကျင့်ညီ ပါရမီသာ တစ်စောင်ပါ၏-ဟု တောင်တွင်းလာပျို့တွင် အတိအလင်း ဆိုထားသည်။ ခင်မမင်းဝန် မိုင်းခိုင်းမြို့စား အတွင်းဝန်အမတ်က  ဗုဒ္ဓလင်္ကာရဟူသည် ဗုဒ္ဓုပ္ပတ္တိပျို့ကို ဆိုလို၍ ဗုဒ္ဓုပ္ပတ္တိပျို့ဆိုသည်မှာလည်း ဘုရားဖြစ်ခြင်း၏အကြောင်း ပါရမီဆယ်ပါးကို ရေးသော ပါရမီပျို့ ပင်ဖြစ်သည်။ ထို့ကြောင့် ပါရမီပျို့တစ်စောင်သာ ယူခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

 သက္ကရာဇ် ၈၈၂-ကျော်ကျော်တွင် အ၀နေပြည်တော် ရတနာဗိမာန်ကျောင်းတော်ကြီး၌ပင် လွန်တော်မူ သည်ဟု ခန့်မှန်းရသည်။

အရှင်ရေးခဲ့သောပျို့များ
ပါရမီတော်ခန်းပျို့။ တောင်တွင်းလာပျို့။ ဆုတောင်းခန်းပျို့။ သံဝေဂခန်းပျို့။ ဓမ္မပါလပျို့(ရေးနေရင်း ပျံတော်မူရာ တပည့်ဖြစ်သူ ပုဂံဆရာတော်က ဆက်ရေးသဖြင့် သက္ကရာဇ် ၉၁၁-တွင် ပြီးသည်)ကမ္ဘာလောင်ပျို့(စာမူမတွေ့ရ၊တိမ်မြုပ်နေသည်)။ ဗုဒ္ဓုပ္ပတ္တိပျို့(ပါရမီတော်ခန်းပျို့ကို ဆိုလိုသည်ဟု ဆိုကြသည်)။

အရှင်ရေးခဲ့သောမော်ကွန်းများ
တံတားဦးမော်ကွန်း။ ရွှေနန်းတည်မော်ကွန်း။ ရွှေနန်းကြော့ရှင် နန်းဖွဲ့မော်ကွန်း။ မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်း(ရှိရှားကန်ဘွဲ့မော်ကွန်း ဟုလည်းခေါ်သည်)။

အရှင်ရေးခဲ့သောဆုံးမလင်္ကာ
တိလောကအချီ။ မွေးသမိခင်အချီ။ အသင်္ခါရိက၊ဥာဏသမ္ပယောဂ အချီမေတ္တာစာလင်္ကာ (၄င်းအချီကို အရှင်မဟာရဋ္ဌသာရလည်း ရေးသည်၊ တခြားစီဖြစ်သည်)။

အရှင်ရေးခဲ့သောဧကပိုဒ်ရတု
ဤသို့စုံစီအချီ (ရှင်သီလ၀ံသ ဂုဏ်ပြုရတု)။ ဇာတိသန္ဓေအချီ (ဒုတိယမင်းခေါင်ထံ သွင်းသောမေတ္တာစာ) ။ နွယ်လှရိုးတံအချီ ယန္တယားစကြာရတု။

အရှင်ရေးခဲ့သောအဖြည့်ခံရတု
မဏိဂူဟာအချီ (အရှင်မဟာရဋ္ဌသာရက တရှိတူစွာဖြည့်သည်)။

အရှင်ရေးခဲ့သောပိုဒ်စုံရတု
မဏိစိန္တာအချီ ရာဇ၀ဿတီခန်းရတု။ အချာပ၀ရအချီ တောင်တွင်းမြို့ဖွဲ့။

ကျမ်းများ
ရာဇ၀င်ကျော်။ နေတ္တိပါဠိတော် နသျဟောင်း။ ပါရာယန၀တ္ထု။ ဆုံးမစာစကားပုံ။ မဟာရဟနီတိ။

ကျောက်စာ
ရတနာဗိမာန်ကျောင်းတော်ကျောက်စာ (တစ်ကြောင်းလျှင် စာလုံးရေ ၈၀ခန့်။ တစ်ဘက်တွင် ကြောင်းရေ ၅၄။ တစ်ဘက်တွင် ၃၅ခန့်ရှိသည်)။ Print Friendly and PDF

ရာပြည့်ဆရာတော်များနှင့်ရွှေကျင်

Unknown | 7:22 PM | Be the first to comment!
အင်ကြင်းခက်ကြိုင်း ရွှေကျင်ဂိုဏ်း-လို့ အလွယ်မှတ်ပါ။ ၁၂၂၂-ခု၊ ရတနာပုံမြို့တည် မင်းတုန်းမင်း လက်ထက်တွင် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊၀က်လက်အနား ရွှေကျင်ရွာဇာတိ ဆရာတော်ကြီး အရှင်ဇာဂရ မထေရ်မှ စတင်တည်ထောင်တော်မူခဲ့ပါတယ်။ မင်းတုန်းမင်း စတင်လှူတော်မူခဲ့တဲ့ ရွှေကျင်သာသနာ အတွက် ကျောင်းတော်က မန္တလေးတောင်ခြေရဲ့ မြောက်အနားက မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ဆိုတာပါပဲ။
`
ရွှေကျင်ရာပြည့်သာသနာပိုင် ဆရာတော်သုံးပါးရှိခဲ့သည်။
၁။စံကင်းဆရာတော်။ ရွှေကျင်န၀မမြောက်ဆရာတော်ဖြစ်သည်။ ၁၂၃၂-ခု၊နတ်တော်လပြည့်ကျော် ၆ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်း၊လင်းယဉ်ရွာတွင် ဖွားမြင်သည်။ အဘိဓဇဘွဲ့ရသည်။ သက်တော်၁၀၁-၇လ-၄ရက် ရှည်တော်မူ၍ ၁၃၃၄၊ ပထမ၀ါဆိုလပြည့်ကျော် ၁၀ရက်တွင် လွန်တော်မူသည်။

၂။မဟာဝိသုဒ္ဓါရုံ ကြေးမြင်ဆရာတော်။ ဧကာဒသမမြောက်ရွှေကျင်ဆရာတော်ဖြစ်သည်။ ၁၂၄၇၊ ပြာသို လပြည့်၊ အင်္ဂါနေ့တွင် ၀မ်းတွင်းမြို့၊ သာဖန်းရွာတွင် ဖွားမြင်သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရသည်။ သက်တော် ၁၀၃-၁၀လ-၂၀ရက် ရှည်တော်မူသည်။ ၁၃၅၁၊ နတ်တော်လဆန်း ၅ရက်တွင် လွန်တော်မူသည်။

၃။ရွှေဟင်္သာဆရာတော်။ ဒွါဒသမမြောက်ရွှေကျင်ဆရာတော်ဖြစ်သည်။ ၁၂၅၅၊ နတ်တော်လဆန်း ၇ရက်၊ ကြာသာပတေးနေ့တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ဖွားမြင်သည်။ အဘိဓဇဘွဲ့ရသည်။ သက်တော် ၁၀၁-၇လ-၄ရက် ရှည်တော်မူသည်။ ၁၃၅၇၊ သီတင်းကျွတ်လပြည့်ကျော် ၁ရက်တွင် လွန်တော်မူသည်။ Print Friendly and PDF

အဘိဓမ္မာဟောကြာသည့်ချိန်

Unknown | 7:17 PM | Be the first to comment!
ဓမ္မသင် ၀ိဘင်္ဂ၊ ဒွါဒသရက်စီ၊
ခြောက်ရက်ကြာ ကျမ်းဓာတုရယ်နှင့်၊
ပုဂ္ဂလာခုနစ်ရက်၊ ဟောမြွက်ခဲ့သည်။
ကထာဝတ်ရက်ရှစ်ညီ၊ ၀ီသာပယမိုက်ကျမ်း၊
ပဉ္စ၀ီပဋ္ဌာနရယ်လို့၊
လသုံးလီမယ်တော်မိကို၊ ဟောသည့်ရက်တမ်း။

၁။ဓမ္မသင်္ဂဏီကျမ်း = ၁၂ ရက်။
၂။ဝိဘင်းကျမ်း = ၁၂ ရက်။
၃။ဓာတုကထာကျမ်း = ၆ ရက်။
၎။ပုဂ္ဂလပညတ်ကျမ်း = ၇ ရက်။
၅။ကထာဝတ္ထုကျမ်း = ၈ ရက်။
၆။ယမိုက်ကျမ်း = ၂၀ ရက်။
ပဋ္ဌာန်းကျမ်း = ၂၅ ရက်။ ပေါင်း = ၉၀ (၀ါတွင်းသုံးလ) Print Friendly and PDF

အခြေခံဝိပဿနာရှုနည်းအကျဉ်း

Unknown | 6:37 PM | Be the first to comment!

စကားဦး
မြတ်စွာဘုရားရှင်၏ အမှာစကားတော်တစ်ရပ်ရှိသည်။ ယင်းကား  - ၀ိပဿနာအလုပ်ကို တကယ်တမ်း ကြိုးစား အားထုတ်သူသည် တစ်ရက်ကို ခြောက်ပုံစု တစ်စုကိုချန်ထား ကျန်ငါးစုကို ရှုမှတ်မှုနှင့် မကင်းစေရ -ဟူသော စကားပင်ဖြစ်သည်။ အောက်ပါ မိမိရေးမည့် ဣရိယာပုထ်လေးပါးဖြင့် ရှုမှတ်ပုံအကျဉ်းသည် စာ ဖတ်သူတို့ကို သဘောတရား နားလည်စေနိုင်သော အဆင့်သို့သာ ရောက်စေနိုင်လိမ့်မည်။ မိမိအိမ်တွင် အစမ်းရှုမှတ်မှု ပြုနိုင်ရန်သာ အထောက်အကူပြုပါလိမ့်မည်။ တကယ်နည်းကျကျ သိလိုလျင် ရန်ကုန်မဟာ စည်ကြီး၊ စိန်ပန်း မဟာစည်စသည့် ရိပ်သာတို့သို့ သွားရောက်ရှုမှတ်ကြပါရန် တိုက်တွန်းလိုပါသည်။ မိမိ ကိုယ်ကို ချင့်ချိန်၍ ဆရာရှိသင့်လျင် ရှိရပါလိမ့်မည်။ သို့မှသာ နောက်ဆက်တွဲ မိမိတို့ရှုမြင်မှုတို့ကို ထောက် ၊ပြဆွေးနွေးမည့် ကမ္မဋ္ဌာနာစရိယ၏ အကူညီရမည်ဖြစ်ပါသည်။
ထိုင်၍ရှုပုံ
ထိုင်နည်းနှစ်မျိုးရှိတယ်။ မဟာပလ္လင်္က = ဘယ်ညာနှစ်ဖက်ခွေထိုင် နဲ့ အဍ္ဎပလ္လင်္က = တစ်ဖက်ခွေပြီး တစ်ဖက်ကို နောက်ပစ်ထားပါ။ တရားနာရင်တော့ မဟာပလ္လင်နဲ့ထိုင်ပြီး လက်အုပ်ချီ၊ တစ်လုံးမကျန် မှတ်ပြီးနာပါ။ လက်ကိုဘေးမထောက်ပါနှင့်။ တရားထိုင်မည်ဆိုလျင် ခါးကိုဖြောင့်ဖြောင့်ထားပါ။
လေကိုရှုသွင်းတော့ ဗိုက်ကဖေါင်းလာတယ် အဲဒါကို ဖောင်းတယ်၊ လေကိုရှိုက်ထုတ်တော့ ဗိုက်က ပိန်ကျ တာကို ပိန်တယ်၊ စိတ်ကအပြင်အာရုံရောက်ရင် ရောက်တယ်၊ နာရင် နာတယ် ကျင်ရင် ကျင်တယ်မှတ်၊ ထိုင်ရာကနေ ထရင် ထတယ်လို့သိ၊ ရပ်ရင် ရပ်တယ်လို့သိ၊ မျက်လွှာချထားပါ၊ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းတယ်တဲ့။ အမှတ်ဆက်နိုင်သမျှ ဆက်ပါစေ။ အရှင်အာနန္ဒာလို အမှတ်မလွတ်ရင် အရှင် အာနန္ဒာတို့တောင်မှ ဣရိယာပုထ်လေးပါးကနေ အလွတ်ဖြစ်ပြီး တရားရတယ်။ စကားမပြောရပါ၊ တရားအကြောင်း ဘုရားအကြောင်း သံဃာအကြောင်းပြောတာ ကောင်းပါ၏။ သို့သော် ကုသိုလ်ချင်းယှဉ် ရင် တရားအားထုတ်တဲ့ကုသိုလ်က ပိုမြတ်ပါသည်။ ဒါကြောင့် စကားမပြောပါနှင့်။ မိမိဝမ်းဗိုက်ကို စိတ်ဖြင့် စူးစိုက်ကြည့်ပါ။ ဖောင်းခြင်း ပိန်ခြင်းသဘောထင်အောင်ကြည့်ပါ။ မထင်ရှားလျင် ၀မ်းဗိုက်ကို လက်နှင့် ကပ်ထားကြည့်ပါ။ မြင်ပြီဆိုပါက ၀င်သက်အခိုက် ၀မ်းဗိုက်ဖောင်းကြွရွေ့ရှားလာတာ ကို ဖောင်းတယ်၊ ထွက်သက်အခိုက် ၀မ်းဗိုက်ပိန်ကျသွားတာကို ပိန်တယ်ဟု ရှုပါ။ မနှေးမမြန်ရှုပါ။
မှတ်ချက် = ၀မ်းဗိုက်သဏ္ဍာန်ပညတ်ကို ရှုရာရောက်သည်မဟုတ်လောဟု မေးစရာကားရှိပါ၏။ အဖြေမှာ -အားထုတ်ခါစတွင် ပညတ်ကို ဖျောက်၍ချက်ချင်းရှုရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် စစချင်းတွင် ပညတ်ကို ပါ ရော၍ရှုမှတ်ပြီးလျင် ဥာဏ်ရင့်သန်လာသောအခါ ပညတ်အာရုံကိုဖျောက်၍ ပရမတ်သို့ရောက်လာပါ လိမ့်မည်။ ၀ိပဿနာ၏ သဘောအမှန်ကား ဒွါရခြောက်ပါးတွင် ထင်ရှားလာသော ရုပ်နာမ်တို့ကို ရှုမှတ် ရခြင်းဖြစ်သည်။ သို့သော် စစ ရှုမှတ်သူတို့အဖို့ သတိ၊သမာဓိအားနည်းသေးသောကြောင့် ထိုသို့အလုံးစုံ ရှုရန် မလွယ်ကူ။ အသက်ရှုရိုက်မှုကို ပုံမှန်အတိုင်းထားပါ၊ ပြုပြင်စရာမလိုပါ။ ပြုပြင်လိုက်လျင် မောဟိုက်၍ ဆက်လက်မရှုမရပဲ ဖြစ်နိုင်သည်။
ရှုမှတ်စဉ်အတွင်း စိတ်ကူးများ လွင့်မျောခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုသို့စိတ်ကူးမိလျင် အရင်းဖြစ်စေ အဖျားဖြစ်စေ မိအောင်ဖမ်း၍ စိတ်ကူးတယ် စိတ်ကူးတယ်ဟု ရှုပါ၊ ဤသည်ပင် စိတ္တာနုပဿနာ မဟုတ်လော။ စိတ်ကူးတို့ လွင့်မျောသဖြင့် ထိုသို့စိတ်ဖြစ်သည်ကို အတင်းဖမ်းချုပ်ကာ မိမိကိုယ်ကို မကျေမနပ်စိတ်ဖြင့် မွန်းကြပ်နေစရာမလိုပါ။ မှတ်ပါများသည့်အခါ သမာဓိဖြင့် လွင့်ပျောက်မှုတို့ လျှော့ သွားကြပါလိမ့်မည်။ လွင့်ရင် လွင့်တယ်၊ စိတ်ကူးရင် စိတ်ကူးတယ်-ဟုမှတ်ပါ။ ရှုမှတ်နေစဉ် ညောင်း ရင် ညောင်းတယ်ဟုမှတ်၊ တစ်နေရာရာမှ နာကျင်နေပါက နာကျင်တယ်ဟုမှတ်၊ ထိုဝေဒနာများအပေါ် စူးစိုက်မှတ်ပါ။ ပျောက်သည့်ဝေဒနာများလည်း ရှိမည်။ မပျောက်သည့်ဝေဒနာများလည်းရှိမည်။ အလွန် တရာ ညောင်းကိုက်လွန်းသဖြင့် ခြေပြောင်းလိုပါက ပြောင်းစဉ်ကို သိနေလျက် ပြောင်းတယ်ပြောင်းတယ် ဟုမှတ်၊ သတိမလွတ်စေပါနှင့်၊ ဘာပဲလုပ်လုပ် သတိကို ဘယ်တော့မှမလွတ်စေပါနှင့်၊ တစ်ခုသတိထား ရမည်မှာ ခန္ဓာကိုယ်ကို သိပ်အလိုမလိုက်မိဖို့ဖြစ်သည်။ ခန္ဓာကိုယ်ကို သိပ်အလိုလိုက်လွန်းလျင် သမာဓိပျက် သည်။ သမာဓိပျက်ပါများပါက တရားမြင်ရန်မလွယ်ကူနိုင်။ ထို့ကြောင့် ခဏခဏအပြောင်းအလွဲမလုပ်ပါနှင့် မှတ်နေရင်း လက်စသည်တွင် ယားမှုတို့ဖြစ်လာပါလျင် ယားတယ် ယားတယ်ဟုမှတ်ပါ၊ တဖြေးဖြေးပျောက် ကွယ်သွားပါလိမ့်မည်။ တစ်ခါတစ်ရံ သတိလွတ်သဖြင့် ယားသည်ထင်မိသောနေရာကို လက်ဖြင့်ကိုင်မိ တတ်သည်။ ထိုအခါ ဘာမှမရှိသည်ကို တွေ့ရပါလိမ့်မည်။ အကယ်၍ ယားမှုတို့ပျောက်လျင် မူဖြစ်သည့် ၊ ဖေါင်းတယ်ပိန်တယ်ကို ပြန်၍မှတ်ပါလေ။ မူကိုတော့ဖြင့် မမေ့နှင့်။
စင်္ကြံလျှောက်ပုံနှင့်ရပ်ပုံ
ထိုင်ရာမှထမည်ဆိုလျင် ထတယ် ထတယ်ဟုမှတ်၊ ရပ်လျင် ရပ်တယ် ရပ်တယ်ဟုမှတ်၊ ရပ်တယ်ဟု တစ်ချက်နှစ်ချက်တည်းဖြင့် မပြီးစေရ၊ အချိန်နည်းနည်းကြာပါစေ၊ ရပ်နေချိန်တွင် ခြေအစခေါင်းအဆုံး စိတ်ဖြင့် မြင်အောင်ကြည့်ပါ ခန္ဓာကိုယ်၏ တောင့်တင်းခက်မာခြင်းသဘောကို တွေ့လိမ့်မည်။ ထိုမှတစ်ဖန် ညာဖက်မှ စကာ ညာ-လှမ်း-တယ်-ဟု  ညာတွင် ခြေကြွမှုကို စိတ်ဖြင့်သိကာ လှမ်းတွင် ခြေလှမ်းနေချိန်ကို သိပါ။ တယ် ဆိုသောအချိန်တွင် ခြေချသည်ကို စိတ်ဖြင့်သိပါ။ ဤနေရာတွင် ပြောစရာရှိသည်မှာ အဘယ့်ကြောင့် ညာဖက်မှ စလျှောက်ရသနည်းဟူသောမေးခွန်းပင်၊ ဘယ်ဖက်မှဖြစ်စေ ညာဖက် မှဖြစ်စေ စလျှောက်နိုင်ပါသည်။ ညာဖက်မှစရှုစေချင်သည်မှာ မြတ်စွာဘုရားသည် ညာဖက်မှစ၍ လှမ်းကြွတော်မူလေ့ရှိသောကြောင့် ဘုရားရှင်ကို အတုယူလျက် လျှောက်စေလို၍ဖြစ်သည်။ (စိန်ပန်း မဟာစည်ဆရာတော်) မိမိအယူဆနှင့် မတူမျှလျင် ကြိုက်သည့်ဖက်မှ စလှမ်းနိုင်ပါသည်။ စရှုမှတ်ချိန်တွင် ညာလှမ်းတယ် ဘယ်လှမ်းတယ်ဟု မှတ်ပါ။ ထိုညာလှမ်းတယ် ဘယ်လှမ်းတယ်သည် မိမိနှင့်အဆင်မပြေ ၍သော်လည်းကောင်း မှတ်၍အဆင်ပြေပြီဆိုလျင် သော်လည်ကောင်း စင်္ကြံရှုမှတ်မှုကို တစ်မျိုးပြောင်း ပါ၊ ပြောင်းပုံမှာ ကြွ-တယ်၊ ချ-တယ်ဟူ၍ဖြစ်သည်။ ကြွဟူသော အချိန်တွင် ခြေကြွနေသည်ကို စိတ်ဖြင့် သိနေရမည်၊ ချဆိုသောအချိန်တွင် ခြေချနေသည်ကို စိတ်ဖြင့်သိနေရမည်။ ထပ်၍မှာလိုသည်မှာ မမြန်မိစေ ရန်ဖြစ်သည်။ ထိုသို့ ဘယ်လှမ်းတယ် ညာလှမ်းတယ်-ဟု လည်းကောင်း ကြွတယ် ချတယ်-ဟု မှတ်ပြီး သည့်နောက် သမာဓိရလာသောအခါ ရှုမှတ်မှုကို အသေးစိတ်စေရန် တစ်ဆင့်ပြောင်းရပါတော့မည်။ ပြောင်း ပုံမှာ - ကြွ-တယ် လှမ်း-တယ် ချ-တယ်ဟူ၍ဖြစ်သည်။ တရားအလုပ်ကို တကယ်လုပ်သော ယောဂီသည် ရှုမှတ်မှု ကြာလာသည်နှင့်အမျှ အမှတ်ပိုစိတ်လာရမည်။ သမာဓိပိုရလာရမည်။ ယခုပြခဲ့သည့် စင်္ကြံမှတ်ပုံမှာ လွယ်သည်ဟုထင်ရသော်လည်း တကယ်ရှုကြည့်ပါက မလွယ်သည်ကို သိလာရ ပါမည်။ တရားကို လွယ် လွယ်နှင့်ရမည်ဟု ထင်မှတ်မထားပါနှင့် မိမိ၏ ၀ီရိယ၊သတိ၊သမာဓိကို ကြိုးစားစိုက်ထုတ်ပါ၊ တရားအား ထုတ်သော ယောဂီသည် စရှုမှတ်ချိန်တွင် သမာဓိအားနည်းသောကြောင့် လျင်လျင်မြန်မြန်ဖြစ်နေလိမ့်မည်။ ရှုမှတ်မှုအားကောင်း၍ သမာဓိရလာလေလေ ဣနြေ္ဒတို့ငြိမ်သက်လေလေဖြစ်သည်။ ထိုသို့လျှောက်လေရာ စင်္ကြံလမ်းအဆုံးသို့ ရောက်သည့်အချိန်တွင် ခြေစုံရပ်၍ ခေါင်းအစခြေအဆုံး စိတ်ဖြင့်မြင်အောင်ကြည့်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ၊ ရပ်ချိန်တွင် ခန္ဓာကိုယ်တောင့်တင်းထောင်မတ်နေခြင်းသဘောတို့ သိရှိလာ ပါမည်။ ထိုသို့ရပ်ပြီးသည့်နောက် လာရာစင်္ကြံလမ်းသို့ ပြန်လှည့်မည်ဆိုသောအခါ လှည့်စဉ်တွင် လှည့်- တယ် လှည့်-တယ်ဟု မှတ်ပါ။ မြန်မြန်မလှည့်ပါနှင့်။ တရားရှုသူမှာ အမူအရာ လူနာနှင့်တူရပါမည်။ ကျန်းမာရေးကောင်းသူအဖို့ ရပ်ခြင်းစသည်မှာ လွယ်ကူနေမည်ဖြစ်သော်လည်း လူနာအဖို့ ထိုသို့ မြန်နိုင် လိမ့်မည်မဟုတ်ပေ။ တရားရှုသူမှာလည်း ထို့အတူပင် သတိမေ့လျော့နေလျင် မြန်နေပြီး သတိကောင်းကာ အမှတ်စိပ်နေသည့်အချိန်တွင် ဖြေးနှေးသွားသည်ကို ရှုသည့်ပုဂ္ဂိုလ်ကို သာမန်ကြည့်၍ပင် သိနိုင်ပါသည်။ လှည့်ပြီး၍ စင်္ကြံလမ်းသို့ ရှေးရှုမိသည်တွင် ခေါင်းအစခြေအဆုံး စိတ်ဖြင့် မြင်အောင်မှတ်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ။ ထို့နောက် အထက်ပါနည်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ပါပြီ။တစ်ခုသတိ ထားပါ၊ လမ်းလျှောက်ရင် မျက်စိမှိတ်ပြီးမသွားပါနှင့် ခလုတ်တိုက်လဲတတ်တယ်၊ လေးတောင်ခန့်ကြည့်ပါ။
လျောင်း၍ရှုမှတ်ပုံ
လှဲအိပ်လိုလျင် လှဲချင်တယ် လှဲချင်တယ်။ ခေါင်းအုံဖြင့် လက်၊ခြေ၊ခေါင်း တစ်စုံတစ်ရာထိမှုကို ထိတယ် ထိတယ်-ဟုမှတ်ပါ။ ထူးခြားမှုရှိလျင် ထူးခြားသည့်အခြေ အနေပေါ်လိုက်၍ ရှုမှတ်ပါ။ ထူးခြားမှုမရှိ လျင် ဖေါင်းပိန်ကိုသာ ပြန်လည်ရှုမှတ်ပါလေ။ အိပ်လိုလျင် အိပ်ချင်တယ်-ဟုမှတ်ပါ။ သတိလွတ်၍မအိပ်ရ။ အားထုတ်ပါများသောအခါ အိပ်ချင်တယ်ဟုမှတ်လျင် ပြန်လည်ကြည်လင်လာတတ်သည်။ ထိုအခါ ကြည် လင်တယ် ကြည်လင်တယ်ဟုမှတ်ပါ။ အိပ်ခြင်းသည် ဘ၀င်စိတ်ဖြစ်သည်။ ထိုဘ၀င်စိတ်သည် အစ စွာဖြစ်သောစိတ်၊ စုတိစိတ်နှင့် အလားတူသောစိတ်ဖြစ်ရကား အလွန်သိမ်မွေ့သဖြင့် အိပ်ပျော်ခိုက်၌ မှတ်၍မရနိုင်၊ အခြားအချိန်တွင် ကြာမြင့်စွာ မဖြစ်တတ်၊ အိပ်ပျော်နေချိန်သာ ကြာမြင့်စွာဖြစ်တတ်သည်။ သို့သော် သူ ဘာကိုအာရုံပြုသည် ဖြစ်နေသည်ကိ မသိရ၊ ထို့ကြောင့် မမှတ်နိုင်ခြင်းဖြစ်သည်။ နိုးလျင် နိုး တယ်ဟုမှတ် စစရှုချင်းတွင် နိုးသည်ကို မသိဖြစ်တတ်သည်။ ထို့ကြောင့် စစရှုချိန်တွင် မိမိဦးစွာပေါ်သည်ကို ရှုပါ။ မျက်နှာသစ်လျင် သို့မဟုတ် ရေချိုးလျင် သို့မဟုတ် ထမင်းစားလျင် သို့မဟုတ် အ၀တ်ဝတ်လျင် ကြည့်ခြင်း မြင်ခြင်း လက်လှမ်းခြင်း ကိုင်ခြင်း ခပ်ခြင်း ယူခြင်း လောင်းခြင်း အေးခြင်း ပွတ်တိုက်ခြင်း ပြင် ၀တ်ခြင်း အိပ်ရာပြင်ခြင်း တံခါးဖွင့်ခြင်း ငုံ့ခြင်း ထိခြင်း ချခြင်း မျိုခြင်းတို့တွင် တယ်တစ်လုံးကို မမေ့ပါနှင့်။
အမှတ်တက်ပုံ
အားထုတ်၍ သမာဓိရလာလျင် ဖေါင်းတယ် ပိန်တယ်ဟူသော နစ်ချက်ရှုမှတ်မှုမှ ဥပမာ = ထိုင်ချိန် တွင် ဖေါင်းတယ် ပိန်တယ် ထိုင်တယ်ဟုလည်းကောင်း လျောင်းချိန်တွင် ဖေါင်းတယ် ပိန်တယ် လျောင်း တယ်ဟုလည်းကောင်း သုံးချက်မှတ်ကာ တစ်ချက်တိုးမှတ်လာရပါမည်။ အမှတ်တိုးလာသည့်အဆင့် မရောက်ဟု စိတ်ထင်မိသောအခါ ပျင်းလာတတ်သည်။ ထိုသို့ပျင်းလျင် ပျင်းတယ် ပျော်လျင် ပျော်တယ် ဟုသာ အမှတ်မလွတ်စေပဲ ရှုမှတ်ပါလေ။ ဤသို့ဖြင့် အိပ်ပျော်ချိန်မှတစ်ပါး ကျန်အချိန်အားလုံးတွင် သတိ မလွတ်စေပဲ ကိုယ်၊ ဝေဒနာ၊ စိတ်၊ ပရမတ္ထဓမ္မတို့ကို ရှုမှတ်ခြင်းဖြင့် သတိပဋ္ဌာန်အလုပ်ကို အားထုတ်နိုင်ကြ ပါစေ။
အထူးမှာထားချက်
ဤပိုစ့်အပြင် ယခင်မိမိ ရေးခဲ့သည့် ပိုစ့်သုံးခုကိုပါ ပူးတွဲလေ့လာစေချင်ပါသည်။ သို့မှသာလျင် စာဖတ်သူ များ ပိုမိုနားလည်လာပါလိမ့်မည်။ မိမိသည် (စိန်ပန်းတွင်)မဟာစည်နည်းသာ လေ့လာဖူးသောကြောင့် မဟာစည်နည်း ကို ရေးသားခြင်းဖြစ်ပါသည်။ အခြားနည်းကို မလေ့လာဖူး၍ မရေးသားနိုင်ခြင်းကို အစွဲကြီး သည်-ဟု အထင် မရောက်စေလိုပါ။ လေ့လာအဆင့်မျှသာရှိသည့်အပြင် မဟာစည်ရိပ်သာတွင်းမှလည်း မဟုတ်ပါ။ ဤပိုစ့်ကို မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာရှုနည်းကျမ်းကြီး ပဌမတွဲ၊ဒုတိယတွဲတို့မှ ထုတ်နှုတ်ရေးသား ထားသော ၀ိပဿနာရှုနည်း (အကျဉ်းချုပ်)စာအုပ်မှ ပြန်လည် ထုတ်နှုတ်ရေး သားခြင်းဖြစ်ပါသည်။
ဝိပဿနာအားထုတ်ခြင်းဖြင့် မိမိတို့ကိုယ်ကို မြင်ပြီး ဘုရားကို မြင်နိုင်ကြပါစေ။ 
Print Friendly and PDF

သာသနာ့တက္ကသိုလ်ကြီးနှစ်ခု

Unknown | 6:35 PM | Be the first to comment!
တည်နေရာ = မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂-လမ်း၊ ရွှေကျောင်းကြီးအရှေ့ဖက်။
အကျယ်အ၀န်း = ၂၂-ဧက
စတည်တည်ထောင်သည့်နေ့ = ၁၇-၃-၁၉၈၆
စတင်ဖွင့်လှစ်သည့်နေ့ = ၂၁-၈-၁၉၈၆
ကနဦးအလှူရှင် = လူတိုင်းကျောင်းဒကာဖြစ်စေရန်၊ မပင်မပန်းသောအလှူဒါနဖြစ်စေရန်၊ သားစဉ်မြေးဆက် သာသနာ့အမွေဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင် ဒေသအသီးသီးသို့ ကြွရောက်အလှူခံတော်မူကာ တစ်ဦးလျင် ငါးဆယ်ပြားစီ လှူဒါန်းကြသူများ
အပ်နှင်းသည့်ဘွဲ့ = သာသနာ့တက္ကသီလ ဓမ္မာစရိယ (B.A., Buddhism)၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ (M.A., Budddhism) သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D.)
ပညာသင်ရာကာလ = သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့အတွက် သင်တန်းလေးနှစ်၊ နယ်စပ်သာသနာပြု နှစ်နှစ်။
သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့အတွက် သင်တန်းနှစ်နှစ်၊ ကျမ်းပြုသုံးနှစ်၊ နယ်စပ်သာသနာပြု နှစ်နှစ်၊
သာသနတက္ကသီလ ဓမ္မပါရဂူဘွဲ့အတွက် သင်တန်းနှစ်နှစ် (One year for Intensive English Course & One year for Preliminary Course) ၊ ကျမ်းပြုလေးနှစ်။
ပို့ချသည့်ဘာသာရပ် = ၀ိနယဘာသာ၊ သုတ္တန္တဘာသာ၊ အဘိဓမ္မဘာသာ၊ ပါဠိဘာသာ၊ ပိဋကတ်ဆိုင်ရာ မြန်မာဘာသာ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်ဘာသာ၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဘာသာ။
အထက်ပါအချက်အလက်တို့သည် မန္တလေးသာသနာ့တက္ကသိုလ်မှ အချက်အလက်တို့ ဖြစ်ပါသည်။

ရန်ကုန်၊မန္တလေး ဘွဲ့ရသံဃာဦးရေ = Ph.D. ၅ပါး၊ M.A. (Buddhism) ၃၁၉ပါး၊ B.A. (Buddhism) ၁၆၂၁။ ၁၀-ရက် ပဋိပတ်လုပ်ပြီး = ၂၆၀၀ပါး။ ၄၅-ရက် ပဋိပတ်လုပ်ပြီး  = ၄၉၄ ပါး။
သာသနာပြုတာဝန်ထမ်းဆောင်ပြီး = ၁၂၁၆ပါး။
အထောက်အကူပြုသင်တန်းများ =၁။အခြေခံကွန်ပျူတာသင်တန်း၊ ၂။အခြေခံတိုင်းရင်းဆေးသင်တန်း၊ ၃။မဟာစည်ဝိပဿနာတရားစခန်း

ပေးဆပ်ခြင်းနှင့်ရယူခြင်း
၁၃၅၅/ ၁၃၅၆-ပညာသင်နှစ်မှစတင်ကာ တောင်တန်းဒေသ သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ B.A.-စတုတ္ထနှစ်တွင် M.A.မပါရှိပါလျင် တောင်တန်းသို့ကြွကြရသည်။ အစပထမတွင် တစ်နှစ်သာ ကြွစေသော် လည်း ၁၃၅၆/၁၃၅၇-မှစကာ နှစ်နှစ်တာဝန်ပေးခဲ့သည်။ နောက်သောအခါ M.A.ပါရှိသော်ငြား တက္ကသိုလ်တွင် ဆရာအဖြစ်ခန့်ထားခြင်း မခံရသူများကို တောင်တန်းသို့ စေလွှတ်ခဲ့သည်။ ထိုသို့ကြွရောက်ကြရမည့် သင်တန်းသားတိုင်း သာသနာပြုနှစ်ပြည့်မှ ဘွဲ့ပေးသည်။ မကြွလျင် ဘွဲ့မပေးပေ၊ သာသနာပြုစဉ်အတွင်း အထက်မှစစ်သဖြင့် မိမိသာသနာပြုကျရာ ကျောင်းတိုက်တွင် မတွေ့ရှိပါက နောက်ထပ်ဆက်နေမှု ဒဏ်ပေးသည်။ ရောဂါကြောင့် ပျံလွန်တော်မူလျင်လည်း ဘွဲ့ပေးခြင်းမရှိပေ၊ ထို့ကြောင့် တောင်တန်းသာသနာပြု သင်တန်းသားတို့သည် အသက်နှင့်ရင်း၍ သာသနာပြုကြရခြင်းဖြစ်သည်။ ၂၀၀၈-ခုနှစ်တွင် မန္တလေးမှသင်တန်းသား အရှင်နန္ဒ၀ံသ(ရေစကြို)သည် မကွေးတိုင်း၊မင်းလှမြို့နယ်တွင်  အရှင်ပိယဥာဏ(ထားဝယ်)သည် ကရင်ပြည်နယ်တွင် သာသနာပြုတာဝန်ထမ်းဆောင်စဉ်အတွင်း ငှက်ဖျားရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။ ၂၀၁၂-ခုနှစ်၊ဧပြီလကုန်ပိုင်းတွင် ချင်းပြည်နယ်(တောင်ပိုင်း)၊ ပလက်ဝမြို့နယ်တွင် အရှင်ပဏ္ဍ၀ံသ(ကန့်ဘလူ)သည် သာသနာပြုတာဝန်ထမ်းဆောင်စဉ်အတွင်း စစ်တွေဆေးရုံတွင် ငှက်ဖျားရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ဖွင့်လှစ်လာခဲ့သည်မှာ ၁၃၇၄တိုင်အောင်ဆိုလျင် ၂၆-နှစ်ကြာ ခဲ့ပြီဖြစ်သည်။ စဖွင့်ချိန်တွင် ဓမ္မာစရိယတန်းကို အောင်မြင်ပြီးမှ လက်ခံသော်လည်း ၁၃၅၁-ခုနှစ်မှ စတင် ကာ ပထမကြီးတန်း အောင်မြင်သူများကိုလည်း ၀င်ခွင့်ဖြေဆိုခွင့်ပေးခဲ့သည်။ ပုံမှန်အားဖြင့် သီတင်း ကျွတ်နှင့် တန်ဆောင်မုန်းအတွင်း တစ်လအချိန်ပေးကာ မော်ကွန်းထိန်း ရုံးခန်းတွင် လျှောက်လွှာထုတ် ယူခွင့်ပေးသည်။ တန်ဆောင်မုန်းလပြည့်ကျော်တွင် ၀င်ခွင့်စာမေးပွဲဖြေဆိုစေသည်။

ဝင်ခွင့်ကို နှစ်ရက်သတ်မှတ်ပြီး ပထမရက်တွင် ၀ိနယ၊အဘိဓမ္မ၊ဗဟုသုတတို့ဖြစ်ပြီး ဒုတိယရက်တွင် ပါဠိနှင့် အင်္ဂလိပ်တို့ဖြစ်သည်။ ရေးဖြေအောင်မြင်သူများသည် နှုတ်ဖြေ(အင်တာဗျူး)ကို ဆက်လက်ဖြေဆိုရ မည်ဖြစ်ပြီး ဆက်လက်အောင်မြင်လျင် အဆောင်နေခွင့်ရရှိမည်ဖြစ်သည်။ ၀င်ခွင့်ဖြေလိုသူသည် အကြီး တန်း သို့မဟုတ် သကျသီဟ၊စေတီယင်္ဂဏစာမေးပွဲ၏ စာသင်တန်းတစ်ခုခု အောင်မြင်ပြီးသူဖြစ်ရမည်။ သက်တော်-၃၀၊ ၀ါတော်-၁၀-၀ါအတွင်းဖြစ်ရမည်။ ဥပဓိသမ္ပတ္တိပြည့်စုံရမည် (ကိုယ်အင်္ဂါမချွတ်ယွင်းရ) ။ အောက်ပါဇယားကို အနည်းငယ်ဖေါ်ပြပါမည်။ မိမိသိသလောက်မျှသာဖြစ်ပါသည်။


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ဖွင့်လှစ်လာခဲ့သည်မှာ ၁၃၇၄တိုင်အောင်ဆိုလျင် ၂၆-နှစ်ကြာ ခဲ့ပြီဖြစ်သည်။ စဖွင့်ချိန်တွင် ဓမ္မာစရိယတန်းကို အောင်မြင်ပြီးမှ လက်ခံသော်လည်း ၁၃၅၁-ခုနှစ်မှ စတင် ကာ ပထမကြီးတန်း အောင်မြင်သူများကိုလည်း ၀င်ခွင့်ဖြေဆိုခွင့်ပေးခဲ့သည်။ ပုံမှန်အားဖြင့် သီတင်း ကျွတ်နှင့် တန်ဆောင်မုန်းအတွင်း တစ်လအချိန်ပေးကာ မော်ကွန်းထိန်း ရုံးခန်းတွင် လျှောက်လွှာထုတ် ယူခွင့်ပေးသည်။ တန်ဆောင်မုန်းလပြည့်ကျော်တွင် ၀င်ခွင့်စာမေးပွဲဖြေဆိုစေသည်။
ဝင်ခွင့်ကို နှစ်ရက်သတ်မှတ်ပြီး ပထမရက်တွင် ၀ိနယ၊အဘိဓမ္မ၊ဗဟုသုတတို့ဖြစ်ပြီး ဒုတိယရက်တွင် ပါဠိနှင့် အင်္ဂလိပ်တို့ဖြစ်သည်။ ရေးဖြေအောင်မြင်သူများသည် နှုတ်ဖြေ(အင်တာဗျူး)ကို ဆက်လက်ဖြေဆိုရ မည်ဖြစ်ပြီး ဆက်လက်အောင်မြင်လျင် အဆောင်နေခွင့်ရရှိမည်ဖြစ်သည်။ ၀င်ခွင့်ဖြေလိုသူသည် အကြီး တန်း သို့မဟုတ် သကျသီဟ၊စေတီယင်္ဂဏစာမေးပွဲ၏ စာသင်တန်းတစ်ခုခု အောင်မြင်ပြီးသူဖြစ်ရမည်။ သက်တော်-၃၀၊ ၀ါတော်-၁၀-၀ါအတွင်းဖြစ်ရမည်။ ဥပဓိသမ္ပတ္တိပြည့်စုံရမည် (ကိုယ်အင်္ဂါမချွတ်ယွင်းရ) ။ အောက်ပါဇယားကို အနည်းငယ်ဖေါ်ပြပါမည်။ မိမိသိသလောက်မျှသာဖြစ်ပါသည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)
သာသနတက္ကသီလဓမ္မာစရိယ BA(Buddhism) စတုတ္ထနှစ်အောင်မြင်ပြီး
နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များစာရင်း
စဉ်
ဘဲ့တော်
တိုင်း/ပြည်နယ်
မြို့နယ်
သာသနာပြုဌာန
အရှင်အဂ္ဂဥာဏ
စစ်ကိုင်းတိုင်း
လေရှီး
လှံကိုင်လှ
အရှင်အာစာရ
ချင်းပြည်နယ်
ကန်ပက်လက်
ရဲဘုံ
အရှင်ဣန္ဒက
ရှမ်း
ကွတ်ခိုင်
ကောင်းခါး
အရှင်ဣန္ဒသိရီ
ချင်း
ပလက်ဝ
ဆင်အိုးဝ
အရှင်ဣန္ဒာစရိယ
စစ်ကိုင်း
လဟယ်
မွန်တုံးလောင်ပ
အရှင်ဣဒ္ဓိက
စစ်ကိုင်းတိုင်း
လဟယ်
လောင်ငေါက်
အရှင်ဥပါလိ
ကရင်ပြည်နယ်
ဘားအံ
ဗဟို
အရှင်ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်
ဘူးသီးတောင်
ကုလားဂေါင်း
အရှင်ကေတုမာလာ
စစ်ကိုင်းတိုင်း
လေရှီး
၂၁-မိုင်
၁၀
အရှင်ကေလာသ
ရခိုင်ပြည်နယ်
ဘူးသီးတောင်
ကျွဲရိုင်း
၁၁
အရှင်ကောသလ္လ
ချင်းပြည်နယ်
မင်းတပ်
ပလုံတွီ
၁၂
အရှင်ခေမာစာရ
ရခိုင်
ဘူးသီးတောင်
ပိန္နဲကြီး
၁၃
အရှင်စန္ဒန
ချင်း
မတူပီ
လိုင်လင်ပီ
၁၄
အရှင်စိန္တိတ
ချင်း
ပလက်ဝ
တိန်းလက်
၁၅
အရှင်ဇ၀န
ချင်းပြည်နယ်
တီးတိန်
ဗန်တဲ့
၁၆
အရှင်ဇောတိက(ချောင်းဆုံ)
စစ်ကိုင်း
လဟယ်
ကျားဝမ်နောက်ပေါက်
၁၇
အရှင်ဇောတိက(ညောင်ဦး)
ချင်းပြည်နယ်
ကန်ပက်လက်
စပ်စံကျင်း
၁၈
အရှင်ဇောတိပါလ
ရခိုင်ပြည်နယ်
ကျောက်တော်
ခရုသိုက်
၁၉
အရှင်ဥာဏိဿရ
ချင်းပြည်နယ်
ပလက်ဝ
ပေါင်မိုဝ
၂၀
အရှင်ဓမ္မနန္ဒ
ရခိုင်ပြည်နယ်
ကျောက်တော်
ဇင်းချောင်း
၂၁
အရှင်ဓမ္မာနန္ဒာလင်္ကာရ
စစ်ကိုင်းတိုင်း
နန်းယွန်း
ရောင်ကွန်
၂၂
အရှင်နန္ဒ
စစ်ကိုင်းတိုင်း
လေရှီး
ရော်ပါးမီ
၂၃
အရှင်နန္ဒိယ(စဥ့်ကိုင်)
ရခိုင်ပြည်နယ်
အမ်း
မင်းတည်
၂၄
အရှင်နန္ဒိယ(ပင်းတယ)
ချင်းပြည်နယ်
မင်းတပ်
လှေ့ချမ်း
၂၅
အရှင်နိဝါတ
ချင်းပြည်နယ်
မတူပီ
ဇာကမ်း
၂၆
အရှင်နန္ဒောဘာသ
ချင်း
မင်းတပ်
အွယ်ရေး
၂၇
အရှင်ပညာသာရ
ချင်း
ပလက်ဝ
ဆက်လိုင်ဝ
၂၈
အရှင်ပညာဒီပ
ရခိုင်
ရသေ့တောင်
ဗောဓိကိုင်း
၂၉
အရှင်ပဏ္ဍိတ
ရခိုင်
မြေပုံ
ပဲကောက်ကျောက်တန်း
၃၀
အရှင်ပဏ္ဍိစ္စ(နွားထိုးကြီး)
ချင်း
မင်းတပ်
ဆာဒူး
၃၁
အရှင်ပဏ္ဍိစ္စ(ရမည်းသင်း)
စစ်ကိုင်း
လဟယ်
မွန်နောက်ပြောင်
၃၂
အရှင်ပညောဘာသ
ချင်း
ပလက်ဝ
ငမြင်းသောင်
၃၃
အရှင်ပုညာနန္ဒ
ချင်း
မင်းတပ်
ရောင်လောင်း
၃၄
အရှင်ဗုဒ္ဓသေဋ္ဌ
ရခိုင်
အမ်း
ခွဆုံ
၃၅
အရှင်မဏိသာရ
ချင်း
ပလက်ဝ
မောင်ရွာ
၃၆
အရှင်မနောဓမ္မ
ချင်း
ပလက်ဝ
အထက်ဗလိုင်
၃၇
အရှင်ဝိမလ
ချင်း
တွန်းဇံ
ဗဟို
၃၈
အရှင်သိရိန္ဓရ
စစ်ကိုင်း
လဟယ်
လောင်တန်း
၃၉
အရှင်သီရိန္ဒရ
ချင်း
မင်းတပ်
ကျော့တော်
၄၀
အရှင်သုဇာတ
ချင်း
မင်းတပ်
လွှာ
၄၁
အရှင်သေဋ္ဌိလ
ချင်း
ကန်ပက်လက်
မခုံတွီ
အထက်ပါ သံဃာတော်များသည် မိမိတို့တာဝန်ကျရာ ဌာနအသီးသီးသို့ ၁၃၇၄-ခု၊ နတ်တော်လပြည့်ကျော် ၆- (၃-၁-၂၀၁၃) ရက်အရောက် ကြွကြရမည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ကြောင်း အစီရင်ခံစာကို သက် ဆိုင်ရာ ဗဟိုခေါင်းဆောင်ဆရာတော်၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် သာသနာရေးမှူးတို့၏ ထောက်ခံချက်နှင့်အတူ ထေရ၀ါဒဗုဒ္ဓသာသနာပြုသြ၀ါဒါစရိယအဖွဲ့၊ ကမ္ဘာအေး၊ ရန်ကုန်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။
အထက်ပါ သံဃာတော်များသည် မိမိတို့တာဝန်ကျရာ ဌာနအသီးသီးသို့ ၁၃၇၄-ခု၊ နတ်တော်လပြည့်ကျော် ၆- (၃-၁-၂၀၁၃) ရက်အရောက် ကြွကြရမည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ကြောင်း အစီရင်ခံစာကို သက် ဆိုင်ရာ ဗဟိုခေါင်းဆောင်ဆရာတော်၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် သာသနာရေးမှူးတို့၏ ထောက်ခံချက်နှင့်အတူ ထေရ၀ါဒဗုဒ္ဓသာသနာပြုသြ၀ါဒါစရိယအဖွဲ့၊ ကမ္ဘာအေး၊ ရန်ကုန်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

၁၃၇၄တွင် သင်ကြားစီမံဆရာတော်များ၊ သင်တန်းသားများ၊ ပြင်ပပညာရှင်များမှာ ရန်ကုန်တွင် ၄၄၉-ပါး၊ မန္တလေးတွင် ၃၇၄-ပါး ရှိသည်။ အထက်ပါအရေအတွက်စာရင်းတို့သည် ၁၃၇၄-ခုနှစ်အထိသာဖြစ်ပါသည်။

ရးချင်လွန်းသဖြင့်သာ ရေးလိုက်ပါသည်။ အမှားပါလျှင် ပြန်လည်ပြင်ဆင် ထောက်ပြပေးပါ၊ မိမိရေးသားသူ ပြန်လည်ပြင်ဆင်ပါမည်။ Print Friendly and PDF
Twitter Bird Gadget